Posts

Showing posts from April, 2020

သုံးနိုင်ငံခေတ်(၁၀၈)

Image
အခန်း(၁၀၈)  နှင်းများကြားဝယ် "တင်းဖုန်း"(Ding Feng) အနိုင်ရခဲ့ခြင်း။ စားသောက်ပွဲတွင် "စွန်းကျွင်း"(Sun Jun) သည် လျှို့ဝှက်အကြံကိုအကောင်အထည်ဖော်ခြင်း။ "ကျန်းဝေ"(Jiang Wei) သည် ပြန်ဆုတ်ခွာသည့်အခါ လမ်းပိတ်ထားသည့် "စီးမာရှီ"(Sima Shi) နှင့်ကြုံခဲ့ရသည်ကို ပြောခဲ့ပြီးဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ "ကျန်းဝေ"(Jiang Wei) က ယုံကျိုးကိုတိုက်သည့်အချိန်တွင် "ကောဟွိုင်"(Guo Huai) မှ ခြေလျင်စစ်သားကို မြို့အောသို့စေလွှတ်ခဲ့သည်။ ထိုအခါ ဝေဧကရာဇ်မှ "စီးမာယီ"(Sima Yi) ကိုခေါ်ပြီး အကြံဉာဏ်တောင်းခဲ့လေသည်။ ဝန်ကြီးချုပ်၏သားကို တပ်သားငါးသောင်းနှင့် ယုံကျိုးသို့စစ်ကူသွားစေရန် ဆုံးဖြတ်ခဲ့သည်။ "စီးမာရှီ"(Sima Shi) သည် ရှူတပ်များစစ်ရှုံးသွားသည်ကိုသိသောအခါ ရန်သူတို့သည် အင်အားနည်းနေသည်ဟု ကောက်ချချလိုက်သည်။ ထို့ကြောင့် လမ်းတွင်တွေ့ကာ တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်၏။ သို့သော် ရန်ဖင်ခံတပ်အနီးတွင် "ကျူးကဲလျန့်"(Zhuge Liang) ပုံကြမ်းဆွဲထားခဲ့သည့်ဒူးလေးလက်နက်များမှာ စီရီလျက်ရှိနေသည်။ ထိုလက်နက်အများအပြားတို့သည် "ကျူးကဲလျန့်&qu

သုံးနိုင်ငံခေတ်(၁၀၇)

Image
အခန်း(၁၀၇) ဝေဧကရာဇ်မှ "စီးမာယီ"(Sima Yi) ကို အာဏာလွှဲအပ်ခဲ့ခြင်း။ "ကျန်းဝေ"(Jiang Wei) သည် နွားခေါင်းတောင်တွင် စစ်ရှုံးသွားခဲ့ခြင်း။ "ချောင်ရွှမ်"(Cao Shuang) နှင့်အပေါင်းအပါတို့သည် ဝေဧကရာဇ်နှင့်အတူ အုတ်ဂူသို့ထွက်သွားကြပြီးနောက် အမဲလိုက်ရန်သွားခဲ့သောကြောင့် ရန်သူတို့တစ်စုလုံးထွက်သွားသဖြင့် "စီးမာယီ"(Sima Yi) မှာ ဝမ်းမြောက်နေခဲ့သည်။ သူတို့ထွက်သွားသည်နှင့် "စီးမာယီ"(Sima Yi) သည် ပလ္လင်စောင့်ရာထူးကို အသုံးချကာ အတွင်းဝန် "ကောင်းရို"(Gao Rou) ကို ပြည်နယ်တပ်ထိန်းချုပ်ခွင့်ပေးအပ်ခဲ့ပြီး "ချောင်ရွှမ်"(Cao Shaung) ၏စခန်းကို ဝင်စီးစေသည်။ ထို့အပြင် နန်းတွင်းကြီးကြပ်ရေးအရာရှိ "ဝမ်ကွမ်း"(Wang Guan) ကိုလည်း ထိုနည်းလည်းကောင်းပင် "ချောင်ရှီး"(Cao Xi) ၏စခန်းကိုသိမ်းရန် အမိန့်ပေးခဲ့သည်။ ထိုသို့ပြင်ဆင်ပြီးနောက် "စီးမာယီ"(Sima Yi) နှင့်အပေါင်းအပါတို့သည် ဧကရာဇ်မယ်တော်၏နန်းတော်အတွင်းသို့သွားကာ "ချောင်ရွှမ်(Cao Shaung) ဟာ အရင်ဧကရာဇ်ထားခဲ့တဲ့ယုံကြည်မှုကိုချိုးဖောက်ပြီး အစိုးရကိုပျက်စီးအောင်လုပ်ခဲ့တယ်

Otome Game no Hametsu Flag shika Nai Akuyaku Reijou ni Tensei shiteshimatta.../ Hamefura/ Bakarina

Image
Charisma က max ဖြစ်နေပြီး intelligence က သုညနီးပါးရှိနေသော Harem Queen Bakarina! Episode 01 Episode 02 Episode 03 Episode 04 Episode 05 https://www.mediafire.com/file/r7gkxlyjm9govzs/%5BLazyPlus%5D_Hamefura_Episode_06_%5B1080p%5D.mp4/file Episode 06 Episode 07 Episode 08 Episode 09 Episode 10 Episode 11 version 2 Episode 12 https://www.mediafire.com/file/7pccehwmdk67s79/%5BLazyPlus%5D_Hamefura_Episode_05_%5B1080p%5D.mp4/file https://www.mediafire.com/file/7pccehwmdk67s79/%5BLazyPlus%5D_Hamefura_Episode_05_%5B1080p%5D.mp4/file

သုံးနိုင်ငံခေတ်(၁၀၆)

Image
အခန်း(၁၀၆) "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် စစ်ရှုံးပြီးနောက် ရှန်းဖင်တွင်သေဆုံးခဲ့ခြင်း။ "စီးမာယီ"(Sima Yi) သည် နေမကောင်းဟုဟန်ပြကာ "ချောင်ရွှမ်"(Cao Shuang) ကိုလှည့်စားခဲ့ခြင်း။ "ကုန်းစွန်းယွမ်"(Gongsun Yuan) သည် လျောင်တုန်းရှိ စစ်ရေးကျွမ်းသော "ကုန်းစွန်းတု"(Gongsun Du) ၏မြေးဖြစ်ပြီး "ကုန်းစွန်းခန်း"(Gongsun Kang) ၏သားဖြစ်သည်။ ကျန်းအန်းနှစ်တစ်ဆယ့်နှစ်နှစ် - "ချောင်ချောင်း"(Cao Cao) က အရှေ့ဘက်သို့ပြေးသွားသော "ယွမ်ရှန်"(Yuan Shang) နောက်ကိုလိုက်နေသည့်အချိန် "ကုန်းစွန်းခန်း"(Gongsun Kang) က "ယွမ်ရှန်"(Yuan Shang) ကိုဖမ်းကာ ခေါင်းဖြတ်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံဆက်သခဲ့သည်။ ထိုလုပ်ဆောင်မှုကြောင့် "ကုန်းစွန်းခန်း"(Gongsun Kang) သည် ရှန်းဖင်သခင်ဖြစ်လာသည်။ "ကုန်းစွန်းခန်း"(Gongsun Kang) သေဆုံးသည့်အချိန်ဝယ် သူ့သားနှစ်ဦးဖြစ်သော "ကုန်းစွန်းဟွမ်"(Gongsun Huang) နှင့် "ကုန်းစွန်းယွမ်"(Gongsun Yuan) တို့မှာ အရွယ်မရောက်သေးသောကြော