Spoiler Alert - One Piece

ဒီဟာကတော့ One Piece ရဲ့ ဇာတ်လမ်းကို forum တစ်ခုမှာ ခန့်မှန်းထားတာပါ။ ဖတ်မိတာတော့ ကြာပါပြီ။ တချို့သူတွေလဲ ဖတ်ပြီးလောက်ရောပေါ့။ ဒါပေမဲ့လဲ spoil ချင် .... အဲ့လေ..... ပြောချင်တော့ အဲ့ဒါကိုပဲ ဘာသာပြန် လိုက်ပါတယ်။

The Void Century အကျဉ်း


One Piece မှာ Void Century ဆိုတဲ့ ခေတ်ကြီးတစ်ခု ရှိခဲ့တယ်ဆိုပြီး ပြောကြတာ သိကြမှာပါ။ ဒါပေမဲ့ Pirate King ဖြစ်တဲ့ Roger ရဲ့  pirate တွေက လွဲပြီး အဲ့ခေတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
ဒါပေမဲ့ ရှေးဟောင်း သုတေသန ပညာရှင် Prof. Clover ကတော့ အဲ့ခေတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ အနည်းအကျဉ်းကို လေ့လာမိခဲ့ပါတယ်။ (Enies Lobby Arc - Episodes 264 to 290, 293 to 302, 304 to 312) သူ သိခဲ့သလောက်ကတော့ အဲ့ခေတ်ကြီးမှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ " ရှေးဟောင်းတိုင်းပြည်" ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ တိုင်းပြည်ရဲ့ ဩဇာကြီးမားမှုကို ကြောက်တဲ့ တိုင်းပြည်တွေဟာ ပေါင်းပြီး အဲ့နိုင်ငံကို ဝင်တိုက် အောင်မြင်ခဲ့ပြီး အဲ့  " ရှေးဟောင်းတိုင်းပြည်" ဆိုတာကို သမိုင်းကနေ အစအန ဖျောက်ခဲ့ပါတယ်။

ထင်မြင်ချက်


Pirate King Gol. D Roger ပြောခဲ့တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့
"လောကမှာ ရပ်တန့်လို့ မရတဲ့ အရာ သုံးခုကတော့
၁။ အိပ်မက်
၂။ အချိန်ရေစီးကြောင်း နဲ့
၃။ လက်ဆင့်ကမ်း ဆန္ဒတို့ပဲ ဖြစ်ပါတယ်။
လူတွေဟာ လွတ်လပ်မှုအစစ်အမှန်ဆိုတဲ့ အရာကို ရှာဖွေဖို့ ကြိုးစားနေသရွေ့ ဒီသုံးမျိုးဟာလဲ တည်ရှိနေမှာပါ။ "

အစမှာတော့ အဲ့စာသားက အဓိပ္ပာယ်သိပ်မရှိသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ One Piece ရဲ့ ဇာတ်လမ်းတွေဟာ အဲ့သုံးခုကို အခြေခံထားပြီး အဲ့ဒါနဲ့ မကင်းတာ တွေ့ရမှာပါ။ အဲ့ဒါကိုတော့ အောက်က ဥပမာ သုံးခုကို ကြည့်ပါ။

၁။ Hiluluk's Sakura - ဆရာဝန် ဖြစ်တဲ့ Hiluluk ဟာ မဖြစ်နိုင်တဲ့ အိပ်မက် ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဘယ်ရောဂါမဆို ကုသနိုင်မဲ့ ဆေးကို ဖော်စပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ နှစ်ပေါင်း ၃၀ ကျော် ရှာဖွေစမ်းသပ် ပေမဲ့လဲ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Sakura ပန်းတွေ ပွင့်ပေမဲ့လဲ အဲ့ဒါဟာ ရောဂါဘယမျိုးစုံ ကုနိုင်တဲ့ ဆေးမဟုတ်ခဲ့ပါဘူး။ အဲ့ဒါကြောင့် သူ့တပည့်ဖြစ်တဲ့ Chopper ဟာ သူ့ဆရာရဲ့ ဆန္ဒ တစ်နည်းအား ဖြစ် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လက်ဆင့်ကမ်းခဲ့ပါတယ်။ (Drum Island Arc - Episodes 78 to 91) (ဒီ ဥပမာမှာ အိပ်မက်နဲ့ လက်ဆင့်ကမ်း  ဆန္ဒ ဆိုတဲ့ အရာ နှစ်မျိုးကို တွေ့ရမှာပါ။)


၂။ Golden Bell of Shandorian - အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Calgara  နဲ့ Norland ဟာ Jaya ရဲ့  ကမ်းခြေကနေ ကွဲကွာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရင်းနှီးမှုဟာ ဒီမှာပဲ မပြီးဆုံးသွားခဲ့ပါဘူး။ သူတို့ နှစ်ယောက်ဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်တွေ့မယ်လို့ ကတိ ပြုထားခဲ့ပါတယ်။ အဲ့ဒါကြောင့် Calgara ဟာ သူ့သူငယ်ချင်းလာရင် လမ်းမပျောက်လေအောင် ရွှေခေါင်းလောင်းကို အမြဲထိုးပါတယ်။ ဒါပေမဲ့လဲ ကြမ္မာဖန်လေတော့ Jaya ကျွန်းကြီးဟာ မိုးပေါ်ရောက်သွားခဲ့ပါတယ်။ Calgara ဟာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီး Norland ဟာလဲ သူ့မွေးရပ်မြေမှာ အသတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ ပြန်မတွေ့ခဲ့ပါဘူး။ (Jaya Arc - Episodes 144 to152) (ဒီမှာတော့ အချိန်ရေစီးကြောင်းဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။)

၃။  All Blue - Zeff ဟာ All Blue ဆိုတာကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ သူဟာ Grand Line မှာ တစ်နှစ်ကြာအောင် ရှာပေမဲ့လဲ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ All Blue ဆိုတာ တစ်နေရာရာမှာ ရှိမယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ အိပ်မက် အမွေကို သူ့ မွေးစားသား Sanji က လက်ခံခဲ့ပြီးတော့ အဲ့ဒါဟာ Sanji ရဲ့  အိပ်မက်ပဲ ဖြစ်ပါတယ်။ (Baratie Arc - Episodes 18 to 30)

ဒါကတော့ ဥပမာ သုံးခုပါပဲ။ အခြားအခြားသော ဥပမာတွေ အများကြီး ရှိပါသေးတယ်။

ဒီဥပမာတွေ ကြည့်ပြီးတော့ Roger ရဲ့ ဘဝကကော အဲ့ သုံးခုကို မှီထားသလားလို့ စဉ်းစားမိပါတယ်။ အဲ့ဒါကတော့ Manga Chapter 576 မှာ အဖြေပေါ်လာပါတယ်။

Roger ၏ အိပ်မက် - Roger ဟာ သူ့အိပ်မက်ကို နှစ်ပေါင်းများစွာကနေ လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဲ့ အိပ်မက်ကို အကောင်အထည်မဖော်နိုင်တဲ့ အတွက်ကြောင့် သူ့အစား တစ်ယောက်ယောက်ကို အကောင်အထည်ဖော်ဖို့ စောင့်ခဲ့ပါတယ်။ နောက်ပြီး အဲ့ အိပ်မက်ဟာ One Piece ဆိုတဲ့ ရတနာနဲ့လဲ တစ်နည်းတစ်ဖုံ ဆက်စပ်နေပုံ ရပါတယ်။

(ဒီကနေ စပြီးနောက် ရေးမဲ့ဟာတွေက အကုန်လုံး ထင်မြင်ချက်၊ ကောက်ချက်ချချက်တွေသာ ဖြစ်ပါတယ်။)

၁။ အိပ်မက်

White Beard ပြောခဲ့တဲ့ Roger ရဲ့ ဆန္ဒဆိုတာ သူ့ ဆန္ဒမဖြစ်နိုင်ပါဘူး။ တစ်စုံတစ်ယောက် ဆီကနေလက်ဆင့်ကမ်းရခဲ့ပုံပေါ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ အဲ့ဆန္ဒဟာ လွန်ခဲ့ တဲ့ နှစ် ၈၀၀ လောက်က ဆန္ဒ၊ တစ်နည်းအားဖြင့် " ရှေးဟောင်းတိုင်းပြည်" ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ " ရှေးဟောင်းတိုင်းပြည်" ဟာ အခုလက်ရှိ World Government လိုပဲ တစ်လောကလုံးနီးပါးကို ဩဇာလွှမ်းမိုးခဲ့ပုံရပါတယ်။ နောက်ပြီး တော်တော် အဆင့်အတန်းမြင့်တဲ့ ယဉ်ကျေးမှု ထွန်းကားခဲ့ပုံရပါတယ်။ ဒါပေမဲ့ အဲ့မှာ ပြဿနာ  တစ်ခုရှိခဲ့ပါတယ်။ သိကြတဲ့ အတိုင်း One Piece မှာ ရှေ့၊ နောက်၊ တောင်၊ မြောက်ဆိုပြီး ပင်လယ်ကြီးလေးခုရှိပြီး အဲ့ပင်လယ်လေးခုကို Red Line နဲ့ Grand Line တို့က ခြားထားပါတယ်။ အဲ့ပင်လယ်ကြီးလေးခု ဟာ ဆက်စပ်ပြီး သွားနိုင်ဖို့ရာမှာ Red Line နဲ့ Grand Line ဟာ အတားအဆီးသဖွယ် ဖြစ်နေပါတယ်။ အဲ့တော့ " ရှေးဟောင်းတိုင်းပြည်" ဟာ Red Line နဲ့ Grand Line ကို ဖျက်ဖို့ အတွက် Ancient Weapon တွေ တည်ဆောက်ပြီး project တစ်ခု လုပ်ခဲ့ပါတယ်။ အဲ့ project ကြီးကို One Piece project ဆိုပြီး ခေါ်တယ် လို့ ကောက်ချက်ချပါစို့။ ဒါပေမဲ့လဲ အချို့ တိုင်းပြည်တွေဟာ အဲ့ project နဲ့ ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ ဆန့်ကျင်ကြတဲ့ တိုင်းပြည် ၂၀ဟာ  " ရှေးဟောင်းတိုင်းပြည်" ကို စစ်ကြေညာခဲ့ပြီး စစ်ကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးရဲ့ အဆုံးသတ်ဟာ နှစ်ဆယ် ပြည်ထောင်ရဲ့ အောင်မြင်မှုဖြစ်ပြီး အဲ့ နှစ်ဆယ် ပြည်ထောင်မင်းတွေဟာ သူတို့ကိုယ် သူတို့ World Government လို့ ကြေငြာခဲ့ပါတယ်။

၂။ အချိန်ရေစီးကြောင်း

ဖြစ်နိုင်ခြေရှိတာကတော့ စစ်ရှုံးမှာကို ကြိုတင် ရိပ်မိတဲ့  " ရှေးဟောင်းတိုင်းပြည်" ဟာ မာကြောတဲ့ သတ္တု တွေမှာ စာတွေကို နောင်လာနောက်သားတွေ အတွက် ကျောက်ထက်အက္ခရာတင်ခဲ့ပြီး အဲ့ဒါတွေကို သူတို့ရဲ့ လက်နက်တွေနဲ့ အတူ ကမ္ဘာတစ်ဝှမ်းမှာ မြှုပ်နှံခဲ့ပါတယ်။ အဲ့စာတွေကိုတော့ နောင်မှာ " poneglyphs" ဆိုပြီး ခေါ်ကြပုံရပါတယ်။ အဲ့ဒါကို သိသွားတဲ့ World Government ဟာ "poneglyphs" တွေကို ဖတ်ဖို့ ကြိုးစားတဲ့သူတွေကို တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အဲ့ဒါက နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ ဆန္ဒ ကို နှစ်ပေါင်းများစွာလက်ဆင့်ကမ်းခဲ့ပြီး အကောင်အထည်ဖော်မဲ့ သူကို စောင့်နေပါတယ်။

၃။ လက်ဆင့်ကမ်း ဆန္ဒ

နှစ် ၈၀၀ ကြာပြီးနောက် Roger ဆိုတဲ့ ပင်လယ် ဓားပြဟာ Raftel ကို ရောက်ခဲ့ပြီး သမိုင်းကြောင်းအစစ်အမှန်ကို သိခဲ့ပါတယ်။ သူဟာ ဘာလုပ်ရမလဲဆိုတာ သိခဲ့ပေမဲ့လဲ သူ့မှာ ကုသမရတဲ့ ရောဂါ ရှိခဲ့တဲ့ အတွက်ကြောင့် အဲ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အတွက် အိပ်မက်ကို လက်ဆင့်ကမ်းဖို့ ကြိုးစားခဲ့ပါတယ်။ သူသေခါနီးမှာ ပြောခဲ့တဲ့ နောက်ဆုံးစကားတွေဟာ ပင်လယ်ဓားပြခေတ်ကို ဖန်တီးခဲ့ပြီး နောက်တက် ပင်လယ်ဓားပြတွေထဲက သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်မဲ့ လူ ထွက်ပေါ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။ (အဲ့ အကောင်အထည်ဖော်မဲ့ လူက ဘယ်သူလဲဆိုတာ ခုဆို သိကြလောက်ရောပေါ့) xD

The Project of One Piece

Project of One Piece က ဘယ်လိုများလဲ? ပင်လယ်ကြီးလေးခုက ပေါင်းဆုံသွားရင် Luffy ရဲ့ ခရီးဟာ ပြီးဆုံးသွားမှာလား?

One Piece Project ရဲ့ ရည်ရွယ်ချက်ကတော့ အတားအဆီး၊ အကွယ်အကာ မရှိတဲ့ သမုဒ္ဒရာကြီးကို ဖန်တီးဖို့ပါ။ ပင်လယ်ကြီးလေးခုကို တစုတစည်းထဲ ဖြစ်စေပြီး GrandLine ရဲ့ မူမမှန်တဲ့ အခြေအနေတွေကို ပျောက်အောင်လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? " ရှေးဟောင်းတိုင်းပြည်" ရဲ့ သိပ္ပံပညာရှင်တွေအတွက်တော့ အဲ့ဒါက ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ ပင်လယ်ကြီးတွေ ပေါင်းဆုံတဲ့ နေရာကို ဖျက်စီးဖို့ပါပဲ။ ပင်လယ်တွေ ပေါင်းဆုံတဲ့ နေရာဟာ နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ Reverse Mountain ဖြစ်ပြီး နောက်တစ်ခုကတော့ Mariejoa/ Fishman island ဖြစ်ပါတယ်။ One Piece project ရဲ့ ရည်ရွယ်ချက်က အဲ့ နေရာ နှစ်ခုကို ဖျက်စီးဖို့ ဖြစ်ပါတယ်။






အပေါ် ပုံပါအတိုင်း ဖျက်စီးလိုက်မယ်ဆိုရင် ဖြစ်နိုင်တာကတော့ ဖျက်ပြီးပြီးချင်းမှာတော့ ပင်လယ်ဟာ မငြိမ်မသက်ဖြစ်တာတို့၊ ရေဝဲကြီး ပေါ်လာတာတို့တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေ ငြိမ်သွားပြီးနောက်မှာတော့
၁။ GrandLine နဲ့ New World မှာ မျိုးစုံပြောင်းနေတတ်တဲ့ ရာသီဥတုဟာ ငြိမ်သက်သွားမယ်
၂။ သံလိုက်အိမ်မြှောင်ကို သုံးလို့ ရလာနိုင်မယ်
၃။ Calm Belt မှာလဲ လေတွေ တိုက်နိုင်မယ်
စတာ တွေ ဖြစ်သွားနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပင်လယ်ကြီးလေးခုကို ကာရန်ထားတဲ့ အတားအဆီးတွေ မရှိတော့ တဲ့ အတွက် တစ်ခြား ပင်လယ်က ငါးတွေဟာ ဖျက်စီးလိုက်တဲ့ နေရာမှာ လာပေါင်းဆုံ နိုင်တယ်။ ပြောရရင်တော့ ဒါဟာ All Blue ပါပဲ။

နောက်ပြီး အဲ့လိုဖြစ်သွားရင် Strawhat pirates တွေထဲက အနည်းဆုံး ခြောက်ယောက်ရဲ့ အိပ်မက်တွေဟာ အကောင်အထည်ပေါ်သွားပါပြီ။
၁။ Luffy -> သိတဲ့ အတိုင်း Luffy ဟာ Pirate King ဖြစ်ချင်တာပါ။ သူ့ရဲ့ ခံယူချက်ကတော့ "ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားနိုင်တဲ့လူ" ဟာ Pirate King ဖြစ်ပါတယ်။ အဲ့တော့ ပင်လယ်တွေရဲ့ အတားအဆီးကို ဖြိုဖျက်ပြီးပြီ ဖြစ်တဲ့ အတွက် သူ့ရဲ့ အိပ်မက် အကောင်အထည်ပေါ်သွားပြီလို့ ဆိုနိုင်ပါတယ်။
၂။ Sanji -> သူကတော့ သူ့ အိပ်မက် All Blue ကို တွေ့ သွားမှာပါ
၃။ Nami -> အခုဆို သမုဒ္ဒရာ တစ်ခုလုံးက သွားလာရ လွယ်ကူသွားတဲ့ အတွက် သမုဒ္ဒရာ ရေလမ်းကြောင်း မြေပုံဆွဲဖို့ဆိုတာ ခက်ခဲတာ မဟုတ်တော့ပါဘူး
၎။ Franky -> သူဟာလဲ Nami လိုပဲ သူဆောက်ထားတဲ့ Sunny နဲ့ သမုဒ္ဒရာ အနှံ့သွားချင်တာ ဖြစ်တဲ့ အတွက် သူ့ အိပ်မက်လဲ ပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်
၅။ Robin -> Robin ရဲ့ သမိုင်း အစစ်အမှန်ကို သိချင်တဲ့ အိပ်မက်ကလဲ ပြည့်စုံသွားပါတယ်
၆။ Brook ->  Reverse Mountain မရှိတော့တဲ့ အတွက်ကြောင့် Brooke ဟာ Twin Cape ကို သွားပြီး Laboon နဲ့ တွေ့နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ Mariejoa/ Fishman island ရဲ့ နေရာ ကျတော့ကော?

The Promised Day 



အထက်ပါ ပုံ နှစ်ပုံက အနာဂတ်ကို ကြိုတင် မြင်တာကတော့ ဒီ One Piece Project အကြောင်းကို မြင်တာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာ တစ်ခုကတော့ Joy Boy ဟာ  " ရှေးဟောင်းတိုင်းပြည်" ရဲ့ ဘုရင် ဖြစ်နိုင်ပါတယ်။ One Piece project အတွက် Fisherman Island ကို ဖျက်စီးမယ်ဆိုတဲ့ Joy Boy ရဲ့ အကြံကို Mermaid မင်းသမီး Poseidon က သဘောတူခဲ့ပြီး Fishman island မှာနေတဲ့ လူတွေ အတွက် ကုန်းပေါ်မှာ နေရာတစ်ခုပေးဖို့ Joy Boy ကို တောင်းဆိုခဲ့ပါတယ်။ Joy Boy ကလဲ လက်ခံခဲ့ပြီး အဲ့လူတွေအတွက် Noah Arc ကို တည်ဆောက်ပြီး Fisherman island ကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့လဲ နောက်ပိုင်းမှာ " ရှေးဟောင်းတိုင်းပြည်" စစ်ရှုံးသွားတဲ့ အတွက် One Piece project ဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။ အဲ့ဒါကြောင့် Joy Boy ဟာ Poseidon ကို တောင်းပန်ခဲ့ပြီး နောင်တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ အဲ့ တစ်နေ့နေ့တစ်ချိန်ချိန်ဟာ Shirley ရဲ့  အနာဂတ်ကို မြင်တဲ့ Fishman island ကို ဖျက်စီးခံရတဲ့ နေ့ပဲ ဖြစ်ပါတယ်။
(One Piece Theory ကြီး ဤတွင် ပြီးပါပြီ....... Forum ထဲမှာတော့ Joy Boy ဟာ " ရှေးဟောင်းတိုင်းပြည်" ရဲ့ ဘုရင် ဖြစ်တယ်ဆိုတာကို Indonesian History နဲ့ နှိုင်းထားတာ တွေ့ပါလိမ့်မယ်... အဲ့ဒါကို ထည့်ပြီး မရေးတော့ပါဘူး.......သိချင်လျှင် Forum ထဲသို့ ဝင် ကြည့်ကြပါကုန်)
ဒီကောက်ချက်ချတာဟာ ချို့ယွင်းချက်တွေ အများကြီး ရှိနေပေမဲ့လဲ တော်တော်လဲ နီးစပ်နိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် One Piece ဟာ ခုမှ တစ်ဝက်သာသာ သာ ရှိသေးတဲ့ အတွက် ဒီ pace အတိုင်း ဆက်သွားရင်တောင် Episodes ထောင်ချီပြီး နောက် ဆယ်နှစ်လောက် ကြာပါအုံးမယ်။ အဲ့ဒီတော့ စောင့်မျှော်ကြပါကုန်.............

Reference : http://apforums.net/showthread.php?t=38205http://edas88.hubpages.com/hub/when-will-one-piece-end

Comments

Popular posts from this blog

Lookism