သုံးနိုင်ငံခေတ် (၅၉)
အခန်း(၅၉) "ရွှီချူ(Xu Chu) သည် မာချောင်း(Ma
Chao) နှင့်တိုက်ခြင်း။ ချောင်ချောင်း(Cao Cao) မှ ကုန်းချောစာတစ်စောင်ရေးခြင်း။
ရှေ့တစ်ခန်းတွင်
ဖော်ပြခဲ့သောတိုက်ပွဲသည် မနက်မိုးလင်းသည်အထိတိုင်အောင် ကြာမြင့်ခဲ့ပြီး နှစ်ဖွဲ့လုံးတပ်ပြန်ခေါက်သည်။
"မာချောင်း"(Ma Chao) သည် ဝေမြစ်ကမ်းနားတွင် စခန်းချကာ "ချောင်ချောင်း"(Cao
Cao) ၏တပ်ကိုမကြာခဏတိုက်လေသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) မှာ
တောင်ဘက်ကမ်းခြေနှင့်ဆက်သွယ်ရန် တံတားသုံးစင်းဆောက်စေသည်။ "ချောင်ရန်"(Cao
Ren) သည် စခန်းကို လှည်း၊ ယာဉ်တို့ကိုအသုံးချပြီး စည်းရိုးအဖြစ်ကာရန်ထားသည်။
"မာချောင်း"(Ma
Chao) သည် စခန်းကိုဖျက်စီးရန်အကြံရှိသဖြင့် တပ်သားတစ်ဦးဆီကိုမီးထွန်းထားသော ကောက်ရိုးတို့ကို
ဆောင်ယူစေသည်။ "ဟန်ဆွေ"(Han Sui) ၏တပ်က ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ပြီး
"မာချောင်း"(Ma Chao) ၏တပ်က ရန်သူ့စည်းရိုးကို မီးလိုက်ရှို့လေသည်။ မကြာမီမှာပင်
မီးအကြီးအကျယ်လောင်ကျွမ်းပြီး ခုခံသူတို့မှာ ခံတပ်ကိုစွန့်ကာ ထွက်ပြေးရသည်။ တံတားတို့ကိုလည်း
ဖျက်စီးခြင်းခံလိုက်ရ၏။ ရှီးလျန်စစ်တပ်အနိုင်ရကာ ဝေမြစ်ကမ်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
"ချောင်ချောင်း"(Cao
Cao) မှာ သူ၏စခန်းအကာအကွယ်မဲ့နေသဖြင့် စိုးရိမ်နေချေ၏။ ထိုအခါ "ရွှင်ယို"(Xun
You) မှ ရွှံ့တံတိုင်းကာရန်အကြံပေးသည်။ သို့နှင့် တံတိုင်းဆောက်ရန် စစ်သားသုံးထောင်ကို
အမိန့်ပေးလိုက်သည်။ သို့သော်လည်း တစ်ဖက်ရန်သူတို့က မကြာခဏလာကာ နှောင့်ယှက်သဖြင့် ဆောက်လုပ်မှုမှာ
နှေးကွေးနေချေ၏။ ထို့အပြင် မြေနေရာမှာ သဲမြေပြင်ဖြစ်နေသောကြောင့် ဆောက်ပြီးမကြာမီမှာပင်
ပြိုကျလေသည်။ "ချောင်ချောင်း"(Cao Cao) မှာ အကြံကုန်နေ၏။
ကျန်းအန်းနှစ်
တစ်ဆယ့်ခြောက်နှစ် (အေဒီ ၂၁၁) ကိုးလပိုင်း - အေးမြသောဆောင်းတွင်းသို့ချဉ်းကပ်လာခဲ့ပြီ။
ကောင်းကင်သည်လည်း တိမ်တို့ဖုံးနေပြီး တိမ်ကင်းစင်သည့်ရက် မရှိပေ။ "ချောင်ချောင်း"(Cao
Cao) သည် စိတ်ညစ်ညစ်ဖြင့် စခန်းထဲတွင် ထိုင်နေသောတစ်ရက်ဝယ် လူတစ်ဦးရောက်လာသည်။ ထိုလူတွင်
အကြံပြုချက်တစ်ခုရှိသည်ဆို၏။ ထိုသူ၏နာမည်မှာ "လိုကျီဘို"(Lou Zibo) ဖြစ်ပြီး
ကျင်းကျောက်ဇာတိဖြစ်သည်။ ထိုသူမှာ တောတောင်အတွင်းတွင်နေသော တာအိုရသေ့ဖြစ်ပြီး တာအိုနာမည်မှာ
'ဆီးသီးအိပ်မက်' ဟူ၏။ "ချောင်ချောင်း"(Cao Cao) ကလည်း ထိုသူ့ကိုဝမ်းသာအားရကြိုဆိုသည်။
"အို၊
ဝန်ကြီးချုပ်၊ အခုအချိန် မြစ်ကမ်းမှာ စခန်းဆောက်ဖို့သင့်တော်ပြီ။ ဘာလို့မဆောက်သေးတာလဲ?"
"မြေကြီးက
သဲတွေနဲ့မို့ဆောက်လို့မရဘူး။ ရသေ့ကြီးဆီမှာ အကြံရှိရင်ပြောပါလား"
"ဝန်ကြီးချုပ်က
စစ်ဗျူဟာမှာ တခြားလူတွေထက်သာလွန်ပါတယ်။ ပြီးတော့ အချိန်အခါနဲ့ဥတုရာသီတွေကိုလည်းနားလည်မှာပါ။
တိမ်တွေဖုံးနေတာတော်တော်ကြာပြီ၊ ဒါက မြောက်ဘက်လေနဲ့အင်မတန်အေးချမ်းမှုကိုဖော်ဆောင်နေတယ်။
လေစတိုက်တဲ့အချိန်မှာ စစ်တပ်ကိုမြေတူးဆွစေပြီး ရေနဲ့ပက်ဖြန်းပါ။ အရုဏ်တက်ချိန်မှာ တံတိုင်းပြီးစီးသွားပါလိမ့်မယ်"
"ချောင်ချောင်း"(Cao
Cao) က ၎င်းကိုလက်ခံပြီး ဧည့်သည်ဖြစ်သူကို ဆုပေးမည်ပြုသော်လည်း ထိုသူကမယူပေ။
ထိုညတွင်
လေအပြင်းအထန်တိုက်သည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့က မြေကြီးတို့ကိုသယ်ကာ
ရေတို့ဖြင့်လောင်းသည်။ ရေသယ်ရန် အခြားနည်းမရှိသဖြင့် အိတ်တို့ဖြင့်ဖြည့်ကာသယ်ရသည်။
မြေကြီးတို့မှာ ရေတို့ဖြင့်ခဲသွားပြီး အရုဏ်တက်ချိန်တွင် တံတိုင်းဆောက်လုပ်ပြီးစီးသွားသည်။
ထိုအကြောင်းကို
"မာချောင်း"(Ma Chao) ကြားလျှင် စိတ်မချမ်းမသာဖြစ်ကာ တစ်ဖက်ရန်သူသည် ကောင်းကင်၏အကူအညီကိုရလေသည်ဟု
တွေးလေသည်။
မကြာမီတွင်ပင်
"မာချောင်း"(Ma Chao) ကစစ်တပ်ကိုဦးဆောင်ကာ "ချောင်းချောင်း"(Cao
Cao) ကိုတိုက်သည်။ "ချောင်းချောင်း"(Cao Cao) သည်လည်း "ရွှီချူ"(Xu
Chu) နှင့်အတူရှေ့သို့ထွက်လာကာ
"ကျုပ်
ချောင်ချောင်း(Cao Cao) က ဒီမှာတစ်ယောက်တည်းပဲ၊ မာချောင်း(Ma Chao) ၊ မင်းထွက်လာပြီးယှဉ်ဝံ့လား"
ဟုပြောသည်။ ထိုအခါ "မာချောင်း"(Ma Chao) မှာ လှံကိုကိုင်ကာထွက်လာလေသည်။
"ချောင်ချောင်း"(Cao Cao) မှ
"ကျုပ်မှာ
ခံတပ်မရှိခင်တုန်းက ကျုပ်ကိုအထင်သေးတယ်မဟုတ်လား။ အခုတော့ ကောင်းကင်ကြီးကကျုပ်ကိုကူညီလို့
ခံတပ်ဆောက်နိုင်ခဲ့ပြီ။ မင်းလက်နက်ချဖို့အချိန်တန်ပြီ" ဟုပြောလေသည်။
"မာချောင်း"(Ma
Chao) မှာ ဒေါသထွက်ပြီး ရှေ့သို့ထွက်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao
Cao) နောက်တွင် ဓားကိုင်ထားသောလူတစ်ဦးက ဒေါသထွက်နေသောမျက်လုံးဖြင့်စိုက်ကြည့်နေသည်ကို
ဂရုပြုမိသည်။ "မာချောင်း"(Ma Chao) မှ ထိုသူမှာ "ရွှီချူ"(Xu
Chu) ဖြစ်လိမ့်မည်ဟုတွေးမိသည်။ ထို့နောက်
"ခင်ဗျားတပ်ထဲက
ကျားတပ်မှူးဆိုတာ ဘယ်မှာလဲ" ဟုမေးသည်။ "ရွှီချူ"(Xu Chu) မှဓားကိုမြှောက်ကာ
"ကျုပ်က
ချောင်ဇာတိက ရွှီချူ(Xu Chu) ပဲ" ဟုပြောသည်။ "ရွှီချူ"(Xu Chu) ၏မျက်လုံးမှာအရောင်လက်နေပြီး
ကြောက်မက်ဖွယ်ရာကောင်းနေသဖြင့် "မာချောင်း"(Ma Chao) မှာ ရှေ့မဆက်ရဲပဲ ပြန်လှည့်သွားသည်။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) သည်လည်း စခန်းသို့ပြန်သွားသည်။ တပ်စခန်းအတွင်းရှိလူအားလုံးတို့သည်
"ရွှီချူ"(Xu Chu) ၏သဏ္ဍာန်ကိုမြင်လျှင် ကြောက်ရွံ့မှုကိုခံစားရလေသည်။
"ချောင်ချောင်း"(Cao Cao) မှ
"ငါတို့မိတ်ဆွေကြီး
ရွှီချူ(Xu Chu) ကို ဟိုဘက်မှာ ကျားတပ်မှူးလို့ခေါ်ကြတယ်" ဟုပြောသည်။ ထိုအချိန်မှစကာ
တပ်သားတို့သည် "ရွှီချူ"(Xu Chu) ကိုထိုနာမည်သာခေါ်ကြသည်။
"ရွှီချူ"(Xu
Chu) မှ
"ကျွန်တော်
မနက်ဖြန်မှာ မာချောင်း(Ma Chao) ကိုဖမ်းပြမယ်" ဟုပြောသည်။
"မာချောင်း(Ma
Chao) က ရဲရင့်တယ်။ သတိထားပါ"
"ကျွန်တော်
သူနဲ့သူသေကိုယ်သေတိုက်မယ်လို့ သစ္စာဆိုပါတယ်"
ပြီးနောက်
"ရွှီချူ"(Xu Chu) က "မာချောင်း"(Ma Chao) ထံ စိန်ခေါ်စာပို့လိုက်သည်။
ထိုစာကိုရလျှင် "မာချောင်း"(Ma Chao) မှာဒေါသထွက်ပြီး
"ငါ့ကိုစော်ကားရလား"
ဟုဆိုသည်။ နောက်ရက်တွင် ထို 'ကျားတဏှာ' ကိုသတ်မည်ဟုသစ္စာစာရေးသည်။ နောက်ရက်တွင် နှစ်ဖွဲ့လုံးက
စစ်ဗျူဟာခင်းထားကြသည်။ "ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma
Dai) တို့က ဘယ်ညာတောင်ပံနှစ်ဖက်ကိုဦးဆောင်ပြီး "ဟန်ဆွေ"(Han Sui) က ဗဟိုတွင်နေသည်။
"မာချောင်း"(Ma Chao) သည် ရှေ့သို့ထွက်ပြီး
"'ကျားတဏှာ'
ဘယ်မှာလည်းဟေ့" ဟုအော်မေးသည်။
၎င်းကိုမြင်လျှင်
"ချောင်ချောင်း"(Cao Cao) မှ
"မာချောင်း(Ma
Chao) ရဲ့သတ္တိက လွီပု(Lu Bu) ထက်တော့မလျော့ဘူး" ဟုမှတ်ချက်ချသည်။
"ရွှီချူ"(Xu
Chu) သည်မြင်းစီးပြီးဓားကိုဝေ့ယမ်းကာထွက်လာသည်။ နှစ်ဦးနှစ်ဖက်အတန်ကြာတိုက်သော်လည်း
အနိုင်အရှုံးမပေါ်ပေ။ သို့သော် မြင်းတို့မှာပန်းနေသောကြောင့် နှစ်ဖက်လုံး မြင်းလဲပြီး
ပြန်တိုက်သည်။ "ရွှီချူ"(Xu Chu) မှရုတ်တရတ် နောက်သို့ပြန်လှည့်ပြီး ကိုယ်ချပ်အင်္ကျီကိုချွတ်လိုက်သောအခါ
သူ၏သန်မာသောကြွက်သားတို့ပေါ်လာသည်။ "ရွှီချူ"(Xu Chu) က အထက်ပိုင်းဗလာဖြင့်ပင်
စီးချင်းတိုက်လေသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးနောက်တွင် "ရွှီချူ"(Xu
Chu) က အားကုန်သုံးကာ "မာချောင်း"(Ma Chao) ကိုဓားဖြင့်ထိုးလိုက်သည်။
"မာချောင်း"(Ma Chao) ကရှောင်လိုက်ပြီး "ရွှီချူ"(Xu Chu)၏နှလုံးနေရာကိုချိန်ကာ
လှံဖြင့်ထိုးလိုက်သည်။ "ရွှီချူ"(Xu Chu) သည် ဓားကိုပစ်ချလိုက်ပြီး လှံကိုချိုင်းကြားတွင်ညှပ်လိုက်သည်။
သို့နှင့် လှံလုသည့်တိုက်ပွဲဖြစ်သွားသည်။ "မာချောင်း"(Ma Chao) မှာ လှံကိုပြန်ဆွဲသော်လည်း
"ရွှီချူ"(Xu Chu) ၏ခွန်အားကြောင့် လှံမှာ ထက်ပိုင်းကျိုးသွားသည်။ နှစ်ယောက်လုံး
လှံကျိုးတစ်ဖက်ဆီကိုင်ကာ ဆက်တိုက်ကြသည်။
ထိုအချိန်တွင်
"ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu) အတွက်စိုးရိမ်သဖြင့်
သူ၏စစ်သူကြီးနှစ်ဦးဖြစ်သော "ရှဟိုယွမ်"(Xiahou Yuan) နှင့် "ချောင်ဟုန်"(Cao
Hong) တို့ကို ရှေ့သို့တက်ကာ အကူအညီပေးရန် အမိန့်ပေးလိုက်သည်။ "မာချောင်း"(Ma
Chao) ဘက်မှာ "ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma Dai) တို့ကလည်း
သံချပ်ကာမြင်းတပ်ကြီးကိုရှေ့သို့ချီရန် အချက်ပေးလိုက်သည်။ "ချောင်ချောင်း"(Cao
Cao) ၏တပ်ဖွဲ့မှာ အလူးအလိမ့်ခံရပြီး "ရွှီချူ"(Xu Chu) မှာ လက်မောင်းတွင်
မြားဒဏ်ရာနှစ်ချက်ရသွားသည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao) ကတပ်ဆုတ်ရန်အမိန့်ပေးလိုက်သည်။
"မာချောင်း"(Ma Chao) သည်အနောက်ဘက်မှလိုက်တိုက်ရာ "ချောင်ချောင်း"(Cao
Cao) ၏တပ်သားထက်ဝက်ကျော်ခန့် သေဆုံးကုန်သည်။
"ချောင်ချောင်း"(Cao
Cao) သည် ဂိတ်တံခါးကိုပိတ်ကာ မည်သူ့ကိုမျှအပြင်ပေးမထွက်ချေ။ "မာချောင်း"(Ma
Chao) သည်လည်း ပြန်လှည့်သွားပြီး "ဟန်ဆွေ"(Han Sui) ကိုတွေ့လျှင်
"ကျွန်တော်
ကြမ်းကြုတ်တဲ့သူရဲကောင်းတွေအများကြီးမြင်ဖူးတယ်။ ဒါပေမယ့် ဘယ်သူမှ ရွှီချူ(Xu Chu) နဲ့မယှဉ်နိုင်ဘူး။
သူ့ကို ကျားတဏှာလို့နာမည်ပြောင်ပေးထားတယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao
Cao) သည် "မာချောင်း"(Ma Chao) ကိုတိုက်ရန်အတွက် တပ်ဖွဲ့နှစ်ဖွဲ့ကိုမြစ်တစ်ဖက်ကမ်းသို့ကူးစေကာ
တောင်ဘက်ကမ်းခြေတွင် နေရာချထားသည်။ တစ်ေ့သော် "မာချောင်း"(Ma Chao) သည် မြင်းသည်တော်အနည်းငယ်ဖြင့်ရောက်လာပြီး
လေကဲ့သို့ဟိုဟိုသည်သည်သွားနေသည်။ ထိုအခြင်းအရာကို အတန်ကြာငေးကြည့်ပြီးနောက် "ချောင်ချောင်း"(Cao
Cao) သည် ခမောက်ကိုချွတ်ကာ မြေကြီးပေါ်သို့ပစ်ချလိုက်ပြီး
"မာချောင်း(Ma
Chao) ကိုမသတ်နိုင်ရင် ကျုပ်ဘယ်မှာမြေချရမလည်းမသိနိုင်ဘူး" ဟုပြောသည်။ ၎င်းကိုကြားသောအခါ
"ရှဟိုယွမ်"(Xiahou Yuan) မှ
"အဲ့သူပုန်ကို
မနှိမ်နှင်းနိုင်ရင် ကျွန်တော်ဒီမှာသေပါစေ" ဟုပြောသည်။
ထို့နောက်
"ရှဟိုယွမ်"(Xiahou Yuan) သည် စစ်သည်အချို့ကိုဦးဆောင်ကာ ထွက်သွားသည်။
"ချောင်ချောင်း"(Cao Cao) မှတားသော်လည်းမရပေ၊ "ရှဟိုယွမ်"(Xiahou
Yuan) ဘေးဒုက္ခရောက်မည်စိုးသောကြောင့် "ချောင်ချောင်း"(Cao Cao) ကနောက်မှလိုက်လေသည်။
"မာချောင်း"(Ma Chao) သည် သူ၏တပ်ကိုတန်းစီထားစေပြီး ရန်သူထွက်လာသည်ကိုမြင်သည်နှင့်တိုက်လေသည်။
"ချောင်ချောင်း"(Cao Cao) ထွက်လာသည်ကို သတိပြုမိသောအခါ "မာချောင်း"(Ma
Chao) သည် "ရှဟိုယွမ်"(Xiahou Yuan) ကိုမတိုက်တော့ပဲ "ချောင်ချောင်း"(Cao
Cao) နောက်သို့လိုက်သည်။ "ချောင်ချောင်း"(Cao Cao) မှာ ကြောက်လန့်တကြားဖြင့်ထွက်ပြေးလေရာ
"ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့မှာရှုပ်ထွေးကုန်သည်။
သို့သော်
"ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့အချို့သည် ဝေမြစ်၏တောင်ဘက်တွင်နေရာချထားသည်ကိုသိသောအခါ
ရှေ့နောက်ကြားညှပ်တိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် "မာချောင်း"(Ma
Chao) မှာဆက်မလိုက်တော့ပေ။ "မာချောင်း"(Ma Chao) သည် စခန်းသို့ပြန်ပြီး
"ဟန်ဆွေ"(Han Sui) နှင့်တိုင်ပင်သည်။ "မာချောင်း"(Ma Chao) မှ
"ဘယ်လိုလုပ်မလဲ။
ချောင်ချောင်း(Cao Cao) ကမြစ်ကိုဖြတ်ပြီး တောင်ဘက်မှာတပ်တချို့ထားထားတယ်။ ကျုပ်တို့အနောက်ဘက်ကအတိုက်ခံရနိုင်တယ်"
ဟုပြောသည်။ တပ်မှူး "လီခန်"(Li Kan) မှ
"ဒါဆို
နယ်မြေတချို့စွန့်လွှတ်ပြီး ယာယီငြိမ်းချမ်းရေးယူပါ။ ပြီးတော့ ဆောင်းအကုန်ကိုစောင့်ပြီး
နွေဦးရောက်လာရင် အခွင့်အရေးရှိလာပါလိမ့်မယ်" ဟုပြောသည်။ "ဟန်ဆွေ"(Han
Sui) မှလည်း
"သူပြောတာဟုတ်တယ်။
ငါလည်း အဲ့လိုအကြံပေးချင်တယ်" ဟုပြောသည်။
သို့သော်လည်း
"မာချောင်း"(Ma Chao) မှာ ချက်ချင်းမဆုံးဖြတ်နိုင်ပေ။ အခြားသောသူတို့ကဝိုင်းတိုက်တွန်းသောကြောင့်
နောက်ဆုံးတွင်လက်ခံလိုက်သည်။ "ရန်ချို"(Yang Qiu) နှင့် "ဟိုရွှမ်"(Hou
Xuan) တို့ကို သံတမန်အနေဖြင့်လွှတ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းသည်။ "ချောင်ချောင်း"(Cao
Cao) မှ
"ခင်ဗျားတို့ပြန်နိုင်ပြီ။
နောက်မှအကြောင်းပြန်လိုက်ပါ့မယ်" ဟုပြောသည်။ ထိုသူတို့ပြန်သွားသောအခါ "ကျာရွှီ"(Jia
Xu) မှ
"ဝန်ကြီးချုပ်
ဘယ်လိုမြင်လဲ" ဟုမေးသည်။
"ခင်ဗျားအမြင်ကရော?"
"စစ်ပွဲမှာလှည့်စားမှုတွေခွင့်ပြုတယ်။
ဒီတော့လက်ခံချင်ယောင်ဆောင်လိုက်ပါ။ ပြီးရင် မာချောင်း(Ma Chao) နဲ့ ဟန်ဆွေ(Han
Sui) နှစ်ယောက်ကြားမှာ အချင်းချင်းသံသယဝင်အောင်လုပ်ရမယ်။ ပြီးရင်တော့ နှစ်ဖွဲ့လုံးကိုဖျက်စီးနိုင်ပြီ"
"ချောင်ချောင်း"(Cao
Cao) သည် လက်ခုတ်လက်ဝါးတီးကာ
"ဒါ
အကောင်းဆုံးဆုံးအကြံ၊ အသင့်တော်ဆုံးအကြံပဲ။ ခင်ဗျားနဲ့ကျုပ်နဲ့အကြံတူတယ်၊ ကျုပ်လည်းအဲ့လိုလုပ်မလားလို့တွေးနေတာ"
ဟုပြောသည်။
ထို့နောက်
အောက်ပါပြန်စာကို ပေးပို့လိုက်သည်။
'ကျုပ်ဘက်ကစစ်သားတွေ
တဖြည်းဖြည်းချင်း တပ်ပြန်ဆုတ်မယ်။ မြစ်ဝါမြစ်အနောက်ပိုင်းကနယ်တွေကို ခင်ဗျားတို့လက်ထဲပေးပါမယ်'
"ချောင်ချောင်း"(Cao
Cao) သည်တံတားဆောက်စေကာ အရှေ့ဘက်သို့တပ်ဆုတ်ရန်ပြင်သည်။ "ချောင်ချောင်း"(Cao
Cao) ၏ပြန်စာကိုရသောအခါ "မာချောင်း"(Ma Chao) မှ "ဟန်ဆွေ"(Han
Sui) အား
"ငြိမ်းချမ်းရေးကိုလက်ခံလိုက်ပေမယ့်လည်း
သူကကောက်ကျစ်စဉ်းလဲတဲ့အတွက် ကျွန်တော်တို့သတိထားရမယ်။ ဦးလေးနဲ့ကျွန်တော် နေ့တိုင်းတစ်ယောက်တစ်လှည့်စီတာဝန်ယူပြီး
ချောင်ချောင်း(Cao Cao) နဲ့ရွှီဟွမ်(Xu Huang) တို့လှုပ်ရှားမှုကိုစောင့်ကြည့်တာပေါ့။
ဒါဆို သူနောက်ကဓားနဲ့ထိုးမှာမပူရတော့ဘူး" ဟုပြောသည်။
"ဟန်ဆွေ"(Han
Sui) ကလက်ခံလိုက်ပြီး တစ်ယောက်တစ်လှည့်စီ ကင်းစောင့်ကြသည်။
ထိုအကြောင်းကိုကြားလျှင်
"ချောင်ချောင်း"(Cao Cao) သည် "ကျာရွှီ"(Jia Xu) ဘက်သို့လှည့်ကာ
"အကြံအောင်မြင်တော့မယ်"
ဟုပြောသည်။ ထို့နောက်
"နောက်ရက်
ဘယ်သူစောင့်တဲ့အလှည့်လဲ" ဟုမေးရာ
"ဟန်ဆွေ(Han
Sui) ဟုပြန်ဖြေသည်။
နောက်ရက်တွင်
"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့နှင့်အတူ တစ်ဖက်စခန်းသို့သွားသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ
"မင်းတို့စစ်သားတွေထဲမှာ
ချောင်ချောင်း(Cao Cao) ကိုမြင်ချင်တဲ့လူရှိလား? ကျုပ်ကဒီမှာပျင်းနေလို့။ ကျုပ်မှာမျက်လုံးလေးလုံး၊
ပါးစပ်နှစ်ဖက်မရှိပေမယ့် ဗဟုသုတတော့ရှိပါတယ်" ဟုအော်ပြောသည်။ တပ်သားတို့သည်လည်း
"ဟန်ဆွေ"(Han Sui) ထံသွားပြီး
"ဝန်ကြီးချုပ်ကလာပြီး
စကားစမြည်ပြောဖို့ခေါ်နေပါတယ်" ဟုသတင်းပေးပို့သည်။
"ဟန်ဆွေ"(Han
Sui) ထွက်ကြည့်သောအခါ "ချောင်ချောင်း"(Cao Cao) တွင် သံချပ်ကာမဝတ်ထားသည်ကိုမြင်သဖြင့်
သူလည်း သံချပ်ကာကိုချွတ်ကာ ရိုးရိုးသာမန်အင်္ကျီဖြင့်ပင် ထွက်ပြီး "ချောင်ချောင်း"(Cao
Cao) နှင့်တွေ့သည်။ နှစ်ဦးလုံးမြင်းကိုယ်စီ စီးထားပြီး မြင်းပေါ်မှပင် စကားပြောကြသည်။
"ချောင်ချောင်း"(Cao
Cao) မှ
"ခင်ဗျားအဖေနဲ့ကျုပ်နဲ့က
တချိန်တည်း အမိန့်တော်ရခဲ့တာ၊ သူ့ကိုကျုပ်ဦးလေးလိုပဲဆက်ဆံခဲ့တယ်။ ဒါ့အပြင် ခင်ဗျားရောကျုပ်ပါ
တချိန်တည်းမှာပဲ နန်းတွင်းထဲမှာ အမှုထမ်းခဲ့တယ်လေ။ မတွေ့တာကြာပေါ့။ စစ်သူကြီးအခု အသက်ဘယ်လောက်ရှိပြီလဲ"
ဟုပြောသည်။
"အသက်လေးဆယ်ရှိပြီ"
"ဟိုးအရင်
မြို့တော်မှာရှိတဲ့အချိန်တုန်းက ကျုပ်တို့တွေအသက်လတ်ပိုင်းမှာဘာဖြစ်လာမယ်ဆိုတာ မတွေးခဲ့ကြဘူး။
အကယ်၍သာတိုင်းပြည်ကြီးကို ပြန်တည်ငြိမ်အောင်လုပ်နိုင်ရင် ဒါက ဝမ်းသာစရာကိစ္စပဲ"
ထို့နောက်
ထိုသူနှစ်ဦးတို့သည် တိုင်းရေးပြည်ရေးအကြောင်းမပြောတော့ပဲ ဟိုဟိုသည်သည်ပြောကာ အချိန်နှစ်နာရီခန့်ကုန်ဆုံးသွားသည်။
ထိုအကြောင်းကို
"မာချောင်း"(Ma Chao) သိသောအခါ လာမေးလေသည်။
"ချောင်ချောင်း(Cao
Cao) လာပြီး ဘာဆွေးနွေးသွားတာလဲ"
"ဟိုးအရင်
မြို့တော်မှာရှိတုန်းက အကြောင်းတွေပြောသွားတာပါ"
"စစ်တပ်ရေးရာတွေမပြောဘူးလား"
"မပြောဘူး။
အဲ့အကြောင်းတွေကို ငါတစ်ယောက်တည်းလည်း မပြောနိုင်ဘူး"
"မာချောင်း"(Ma
Chao) က မည်သို့မျှမပြောပဲပြန်ထွက်သွားသည်။ စိတ်ထဲတွင်မူ သံသယရှိနေသည်။
"ချောင်ချောင်း"(Cao
Cao) သည် စခန်းမှပြန်ရောက်လာသောအခါ "ကျာရွှီ"(Jia Xu) အား
"ကျုပ်ဒီနေ့
ဘာလို့စကားသွားပြောလည်းသိလား" ဟုမေးသည်။
"ဒါက
အကြံကောင်းပါပဲ၊ ဒါပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးပျက်အောင်လုပ်ဖို့ ဒီလောက်နဲ့မလုံလောက်သေးဘူး။
ကျွန်တော်တို့ နောက်ထပ်နည်းနည်းလုပ်လိုက်ရင် သူတို့ရန်ဖြစ်ပြီး အချင်းချင်းသတ်လိမ့်မယ်"
"ခင်ဗျားအကြံကဘာလဲ"
"မာချောင်း(Ma
Chao) က လက်ရုံးရည်ရှိပေမယ့် နှလုံးရည်မရှိဘူး။ ဝန်ကြီးချုပ်က ဟန်ဆွေ(Han Sui) ဆီကိုစာတစ်စောင်ရေးပြီး
စာထဲမှာ ကျရောက်လာမယ့်ဘေးအန္တရာယ်ရေးပါ။ ပြီးရင် တစ်ဝက်တစ်ပျက်နဲ့ပြောင်းလိုက်ပြီး တခြားအကြောင်းတွေထည့်ပါ။
ဟန်ဆွေ(Han Sui) ဆီစာပို့တဲ့အကြောင်း မာချောင်း(Ma Chao) သိပါစေ။ မာချောင်း(Ma
Chao) က အဲ့စာကိုဖတ်ပြီးရင် စာကို ဟန်ဆွေ(Han Sui) ပြင်ထားတယ်လို့သံသယရှိပြီး ဟိုရက်က
ဝန်ကြီးချုပ်နဲ့ဟန်ဆွေ(Han Sui) စကားပြောတဲ့ကိစ္စကိုပါ သင်္ကာမကင်းဖြစ်သွားမယ်။ နောက်ပြီး
ကျွန်တော်တို့က ဟန်ဆွေ(Han Sui) လက်အောက်ငယ်သားတချို့ကိုလာဘ်ထိုးပြီး ပြဿနာကိုပိုကြီးအောင်လုပ်မယ်။
အဲ့လိုဆို မာချောင်း(Ma Chao) ကိုရှင်းလို့ရပြီ"
"ဒီအကြံကောင်းတယ်"
ထို့နောက်
"ကျာရွှီ"(Jia Xu) ပြောသည့်အတိုင်း "ချောင်ချောင်း"(Cao Cao) က
စာတစ်စောင်ရေးကာ စာကိုသေချာပိတ်ပြီးနောက် "ဟန်ဆွေ"(Han Sui) ထံပို့လိုက်သည်။
ထိုစာလက်ခံရသည့်အကြောင်း "မာချောင်း"(Ma Chao) ကြားလျှင် သံသယပိုဝင်သွားပြီး
"ဟန်ဆွေ"(Han Sui) ထံလာကာ အကျိုးအကြောင်းမေးသည်။ "ဟန်ဆွေ"(Han
Sui) ကလည်း စာကိုပြလိုက်သည်။ "မာချောင်း"(Ma Chao) သည် စာကိုဖတ်ပြီးနောက်
"စာမှာ
ဘာလို့ပြောင်းထားတာတွေရှိနေတာလဲ?" ဟုမေးသည်။
"ငါမသိဘူး။
နဂိုတည်းက ဒီလိုပဲ"
"ဘယ်သူက
ဒီလိုစာမျိုးကိုပို့မှာလဲ? ကျွန်တော်ကြည့်ရတာကတော့ ဦးလေးက ကျွန်တော်တစ်ခုခုသိမှာစိုးလို့
စာကိုပြောင်းလိုက်တယ်လို့မြင်တယ်"
"ချောင်ချောင်း(Cao
Cao) က မတော်တဆ စာကိုပိတ်လိုက်တာဖြစ်နိုင်တာပဲ"
"မဖြစ်နိုင်ဘူး၊
သူက စေ့စပ်သေချာတဲ့လူ၊ အမှားမလုပ်နိုင်ဘူး။ ကျွန်တော်နဲ့ဦးလေးက သူပုန်ကိုသတ်ဖို့လုပ်နေတာ။
ဦးလေးက ကျွန်တော်နဲ့ရန်သူလုပ်တော့မလို့လား"
"မင်း
ငါ့ကိုမယုံရင် မနက်ဖြန်မှာ ငါ ချောင်ချောင်း(Cao Cao) နဲ့စကားပြောမယ်။ မင်းက တနေရာမှာပုန်းနေပြီး
နားထောင်နေပါ။ ငါအမှားလုပ်ရင် ငါ့ကိုသတ်လိုက်"
"အဲ့လိုဆိုရင်တော့
ဦးလေးဘက်က မှန်ကန်တယ်လို့ယုံပါတယ်"
နောက်ရက်တွင်
"ဟန်ဆွေ"(Han Sui) သည် စစ်သူကြီးငါးဦးဖြစ်သည့် "လီခန်"(Li
Kan) ၊ "မာဝမ်"(Ma Wan) ၊ "ရန်ချို"(Yang Qiu) ၊ "ဟိုရွှမ်"(Hou
Xuan) နှင့် "လျန်ရှင်း"(Liang Xing) တို့နှင့်အတူအပြင်သို့ထွက်ပြီး
"ချောင်ချောင်း"(Cao Cao) နှင့်စကားပြောလိုကြောင်းသွားပြောသည်။ "မာချောင်း"(Ma
Chao) က တစ်နေရာတွင် ပုန်းနေသည်။
"ချောင်ဟုန်"(Cao
Hong) သည် မြင်းသည်တော်ဆယ်ဦးနှင့်အတူထွက်လာပြီး "ဟန်ဆွေ"(Han Sui) နားသို့လာကာ
"မနေ့ညက
ကိစ္စကို ဝန်ကြီးချုပ်နားလည်တယ်။ အမှားမရှိစေနဲ့" ဟု ကျယ်လောင်စွာပြောသည်။ ပြီးနောက်
ဘာမျှမပြောတော့ပဲ ပြန်လှည့်သွားသည်။
၎င်းကို
"မာချောင်း"(Ma Chao) ကြားလျှင် လှံကိုကျစ်ကျစ်ကိုင်ကာ မြင်းကိုကဆုန်စိုင်းစီးပြီး
"ဟန်ဆွေ"(Han Sui) ကိုသတ်မည်ပြုသည်။ သို့သော် "ဟန်ဆွေ"(Han
Sui) ၏စစ်သူကြီး ငါးဦးတို့က ဟန့်လိုက်သည်။ "ဟန်ဆွေ"(Han Sui) မှ
"ငါ့တူ၊
ငါ့ကိုယုံပါ။ ငါ့မှာ ဘာမကောင်းတဲ့အကြံမှမရှိဘူး" ဟုပြောသည်။
သို့သော်
"မာချောင်း"(Ma Chao) မှာ ဒေါသတကြီးဖြင့်ထွက်သွားသည်။
"ဟန်ဆွေ"(Han
Sui) သည် ထိုအရာနှင့်ပတ်သတ်ပြီး သူ၏စစ်သူကြီးတို့နှင့်တိုင်ပင်သည်။
"ဒီကိစ္စကိုဘယ်လိုရှင်းရမလဲ"
"ရန်ချို"(Yang
Qiu) မှ
"မာချောင်း(Ma
Chao) က သူ့ခွန်အားကိုပဲအားကိုးပြီး နယ်စားကိုမယုံဘူး။ ကျွန်တော်တို့ ချောင်ချောင်း(Cao
Cao) ကိုတိုက်နိုင်ရင်တောင် သူက ခွင့်လွှတ်မယ်ထင်လား? ဒီတော့ ကိုယ့်အကျိုးအတွက်ပဲကိုယ်လုပ်ပြီး
ဝန်ကြီးချုပ်ဘက်ကိုသွားရင် ရာထူးကြီးကြီးတွေရမှာပါ" ဟုပြောသည်။
"ဒါပေမယ့်
ငါနဲ့သူ့အဖေနဲ့က သွေးသောက်ညီအစ်ကိုတွေလေ။ သူ့ကိုမစွန့်လွှတ်ရက်ဘူး"
"ဒီအခြေအနေဖြစ်လာမှတော့
လုပ်ရမှာပဲ"
"ဒါဆို
ချောင်ချောင်း(Cao Cao) ဆီကိုဘယ်သူသွားပြောမလဲ"
"ကျွန်တော်ပဲသွားပါ့မယ်"
ထို့နောက်
"ဟန်ဆွေ"(Han Sui) က စာတစ်စောင်ရေးပြီး "ရန်ချို"(Yang Qiu) မှတဆင့်
"ချောင်ချောင်း"(Cao Cao) ကိုပေးစေသည်။ "ချောင်ချောင်း"(Cao
Cao) သည်ဝမ်းသာစွာဖြင့် "ဟန်ဆွေ"(Han Sui) ကို ရှီးလျန်နယ်စား၊ "ရန်ချို"(Yang
Qiu) ကိုမူ မြို့စားအဖြစ်ခန့်အပ်မည်ဟု ကတိပေးလိုက်သည်။ ထို့နောက် "မာချောင်း"(Ma
Chao) ကိုစားသောက်ပွဲသို့ဖိတ်ကာ လုပ်ကြံရန်စီစဉ်ကြသည်။ "မာချောင်း"(Ma
Chao) ရောက်လာပါက တိုက်ရန်အတွက် စစ်သူကြီးငါးဦးတို့က အဆင်သင့်စောင့်နေသည်။
ထိုအကြောင်းမှာ
"မာချောင်း"(Ma Chao) ထံပေါက်ကြားသွားပြီး "မာချောင်း"(Ma
Chao) ကလက်ဦးမှုရယူပြီး အရင်တိုက်ရန်ကြံသည်။ "မာတိုက်"(Ma Dai) နှင့်
"ဖန်တဲ"(Pang De) ကိုစခန်းတွင်ထားခဲ့ကာ ယုံကြည်ရသောခေါင်းဆောင်တချို့နှင့်အတူ
"ဟန်ဆွေ"(Han Sui) ၏စခန်းသို့တိတ်တဆိတ်သွားသည်။
"ဟန်ဆွေ"(Han
Sui) ၏ရွက်ဖျင်တဲနားရောက်သော် "ရန်ချို"(Yang Qiu) ၏စကားသံတစွန်းတစကြားသည်။
"နောက်ကျလို့မဖြစ်ဘူး။
ဒီအချိန်မှာလှုပ်ရှားရမယ်"
ထိုအခါ
"မာချောင်း"(Ma Chao) မှ
"သူပုန်တွေ
ကျုပ်ကိုလုပ်ကြံဖို့ကြိုးစားရဲတယ်" ဟုအော်ပြောသည်။ ထို့နောက် "မာချောင်း"(Ma
Chao) မှ "ဟန်ဆွေ"(Han Sui) ကိုဓားနှင့်ခုတ်ရာ "ဟန်ဆွေ"(Han
Sui) ကလက်ဖြင့်ကာလိုက်ရာ "ဟန်ဆွေ"(Han Sui) လက်ပြတ်သွားသည်။ စစ်သူကြီးငါးဦးတို့သည်လည်း
ရွက်ဖျင်တဲအပြင်သို့ထွက်သွားသော "မာချောင်း"(Ma Chao) ၏လူတို့နှင့်တိုက်လေသည်။
မကြာမီတွင်ပင် "မာချောင်း"(Ma Chao) ကို လူငါးဦးတို့က ဝိုင်းထားလိုက်သည်။
သို့သော်လည်း "မာချောင်း"(Ma Chao) ၏ဓားရေးကျွမ်းကျင်မှုကြောင့် ထိုသူငါးဦးက
"မာချောင်း"(Ma Chao) ကိုအနိုင်မတိုက်နိုင်ပေ။ မကြာမီမှာပင် ဓားရိပ်နှင့်အတူ
သွေးချင်းနီကုန်သည်။ "မာဝမ်"(Ma Wan) မှာလဲကျသွားပြီး "လျန်ရှင်း"(Liang
Xing) မှာမလှုပ်နိုင်တော့ပေ။ ကျန်သုံးယောက်တို့သည်လည်း ထွက်ပြေးသွားကြသည်။
"မာချောင်း"(Ma
Chao) သည် ရွက်ဖျင်တဲအတွင်းသို့ပြန်ဝင်သွားပြီး "ဟန်ဆွေ"(Han Sui) ကိုသတ်မည်ပြုသည်။
သို့သော်လည်း အစေခံတို့က "ဟန်ဆွေ"(Han Sui) ကိုဘေးကင်းရာသို့ခေါ်သွားပြီဖြစ်သည်။
မီးတုတ်တို့ကိုထွန်းညှိလိုက်ပြီးနောက် စခန်းတစ်ခုလုံးဆူညံပွက်လောရိုက်ကုန်သည်။
"ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma Dai) တို့လည်း ရောက်လာရာ
"မာချောင်း"(Ma Chao) သည် မြင်းပေါ်ပြန်တက်လိုက်သည်။ ထိုအချိန်တွင် တိုက်ပွဲအစစ်အမှန်စတင်ပြီဖြစ်သည်။
"ချောင်ချောင်း"(Cao
Cao) ၏စစ်တပ်တို့က ဒီရေကဲ့သို့လှိမ့်ဝင်လာသည်။ "ရွှီချူ"(Xu Chu) နှင့်
"ရွှီဟွမ်"(Xu Huang) တို့က အရှေ့နှင့်အနောက်၊ "ရှဟိုယွမ်"(Xiahou
Yuan) နှင့် "ချောင်ဟုန်"(Cao Hong) တို့က ဘယ်ညာမှ ချီတက်လာကြသည်။ ထိုအခိုက်တွင်
ရှီးလျန်စစ်တပ်တို့မှာ အချင်းချင်းတိုက်နေသည်။
သူ၏စစ်သူကြီးတို့နှင့်ကွဲသွားသော
"မာချောင်း"(Ma Chao) မှာ မြင်းသည်တော်တစ်ရာနှင့်အတူ ခရီးဆက်ပြီး မိုးသောက်ယံအချိန်တွင်
ဝေမြစ်ကမ်းနားသို့ရောက်သည်။ ထိုနားရှိတံတားအနီးတွင် "လီခန်"(Li Kan) ၏စစ်တပ်ကိုတွေ့လေသည်။
"မာချောင်း"(Ma Chao) သည် လှံကိုအဆင်သင့်ပြင်ကာ "လီခန်"(Li
Kan) ကိုတိုက်လေသည်။ "လီခန်"(Li Kan) မှာသူ၏လှံကိုချပြီးထွက်ပြေးလေ၏။ ထိုအချိန်တွင်
"ယွီကျင့်"(Yu Jin) ရောက်လာသည်၊ "မာချောင်း"(Ma Chao) နောက်ကိုလိုက်သော်လည်း
မမှီသဖြင့် မြားနှင့်ပစ်လိုက်သည်။ "မာချောင်း"(Ma Chao) မှာ မြားထွက်သည့်အသံကိုကြားသည်နှင့်
မြားကိုရှောင်လိုက်နိုင်သည်။ ထို့နောက် "မာချောင်း"(Ma Chao) က "လီခန်"(Li
Kan) ကိုသတ်လိုက်သည်။ ထို့နောက် "ယွီကျင့်"(Yu Jin) ကိုတိုက်မည်ပြုရာ
"ယွီကျင့်"(Yu Jin) မှာအဝေးသို့ မြင်းစီးကာထွက်သွားသည်။ "မာချောင်း"(Ma
Chao) သည် တံတားနေရာကို သိမ်းထားလိုက်သည်။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) ၏တပ်တို့က "မာချောင်း"(Ma Chao) ကိုဝန်းရံထားလိုက်ပြီး
ကျားကိုယ်ရံတော်က မြားဖြင့်ပစ်လေသည်။ "မာချောင်း"(Ma Chao) က ကျလာသောမြားတို့ကိုလှံဖြင့်ဝှေ့ရမ်းကာ
ကာလိုက်သည်။ "မာချောင်း"(Ma Chao) နှင့်တပ်ဖွဲ့တို့သည် ရန်သူ့ကိုထိုးဖောက်ကာ
ထွက်ရန်ပြုသော်လည်း ရန်သူတို့မှာ များပြားလွန်းသဖြင့် မဖောက်ထွက်နိုင်ပေ။ နောက်ဆုံးတွင်
မြောက်ဘက်တွင်ရှိသော လမ်းကျဉ်းလေးမှဖောက်ထွက်သွားနိုင်သည်။ သို့သော်လည်း အခြားသောတပ်သားတို့မှာ
သေဆုံးသွားပြီး "မာချောင်း"(Ma Chao) တစ်ယောက်သာကျန်ရစ်သည်။
"မာချောင်း"(Ma
Chao) သည် ဆက်ပြေးသော်လည်း ရန်သူတို့ပစ်သောဒူးလေးမြားထိပြီး လဲကျသွားလေသည်။ ရန်သူတို့သည်လည်း
တဖြည်းဖြည်းနီးကပ်လာသည်။ ထိုအချိန်တွင် အနောက်မြောက်ဘက်မှ တပ်ဖွဲ့ကြီးရောက်လာပြီး
"မာချောင်း"(Ma Chao) ကိုကယ်လိုက်သည်။ ထိုတပ်ဖွဲ့မှာ "ဖန်တဲ"(Pang
De) နှင့် "မာတိုက်"(Ma Dai) တို့တပ်ဖွဲ့ဖြစ်ပြီး အချိန်မှီရုံလေးရောက်လာခြင်းပင်ဖြစ်သည်။
"မာချောင်း"(Ma Chao) သည် ကျောပြင်မှသွေးတို့ကျနေသော်လည်း စစ်သားတစ်ဦး၏မြင်းကိုစီးကာ
အနောက်မြောက်ဘက်သို့ထွက်သွားလေသည်။
ရန်သူလွှတ်သွားသည်ကိုသိသောအခါ
"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့အား
"နေ့ရောညကော
သူ့နောက်ကိုလိုက်ပါ။ သူ့ကိုသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဖမ်းမိအောင်လုပ်။ သူ့ခေါင်းကိုယူလာနိုင်ရင်
ရွှေအောင်စတစ်ထောင်နဲ့မိသားစုတစ်သောင်းကို ထိန်းချုပ်နိုင်တဲ့အာဏာပေးမယ်။ သူ့ကိုဖမ်းနိုင်မယ်ဆိုရင်
စစ်သူကြီးရာထူးပေးမယ်" ဟုပြောသည်။
ထို့ကြောင့်
စစ်တပ်တို့သည် "မာချောင်း"(Ma Chao) နောက်သို့သည်းကြီးမည်းကြီးလိုက်ကြသည်။
"မာချောင်း"(Ma Chao) ၏နောက်လိုက်နောက်ပါတို့သည် ဆက်မသွားနိုင်ပဲ ကျန်ရစ်ခဲ့သည်။
ခြေလျင်တပ်သားပေါင်းများစွာကျန်ရစ်ခဲ့ပြီး စစ်သုံ့ပန်းဖြစ်ကုန်သည်။ "မာချောင်း"(Ma
Chao) နောက်တွင် မြင်းသည်တော်အနည်းငယ်သာကျန်ပြီး သူတို့သည် အနောက်ဘက်ရှိ လင်ထောင်ဟူသောမြို့သို့ချီတက်ကြသည်။
"ချောင်ချောင်း"(Cao
Cao) ကိုယ်တိုင်နောက်မှလိုက်ပြီး အန်းတင်အထိရောက်သောအခါဝယ် "မာချောင်း"(Ma
Chao) မှာ အဝေးသို့ရောက်သွားပြီဖြစ်သောကြောင့် ဆက်မလိုက်တော့ပဲ လက်လျှော့လိုက်သည်။
အခြားသောသူတို့လည်း ဆက်မလိုက်တော့ပဲ ချန်အန်းသို့ပြန်လေသည်။ သနားစရာကောင်းသော
"ဟန်ဆွေ"(Han Sui) မှာ ဘယ်လက်ပြတ်ပြီး ဒုက္ခိတဖြစ်သွားသည်။ သို့သော်လည်း သူ့အား
ရှီးလျန်နယ်စားအဖြစ် ချီးမြှင့်ခြင်းခံရသည်။ "ရန်ချို"(Yang Qiu) နှင့်
"ဟိုရွှမ်"(Hou Xuan) တို့ကို ဝေခိုတွင် ရာထူးတစ်ခုချီးမြှင့်ခြင်းခံရသည်။
စစ်တပ်တို့ကိုလည်း မြို့တော်သို့ပြန်ဆုတ်စေသည်။
လျန်ကျိုးမှ
စစ်တပ်အကြံပေးဖြစ်သော "ရန်ဖူ"(Yang Fu) သည် ချန်အန်းသို့ရောက်လာပြီး
"မာချောင်း(Ma
Chao) က လွီပု(Lu Bu) လိုရဲရင့်ပြီး လူရိုင်းလိုကြမ်းကြုတ်တယ်။ သူ့ကိုအမြစ်ပြတ်မချေမှုန်းနိုင်ရင်
သူကရဲသည်ထက်ရဲလာပြီး အနောက်ဘက်ကိုသိမ်းသွားလိမ့်မယ်။ ဒါကြောင့် စစ်တပ်ကိုမဆုတ်သင့်ဘူး"
ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ငါလည်း
အမြစ်ပြတ်ရှင်းဖို့ဆန္ဒရှိတယ်။ ဒါပေမယ့် မြို့တော်မှာလုပ်စရာတွေရှိသေးတယ်။ တောင်ပိုင်းကိုလည်း
သိမ်းဖို့လိုတယ်။ ဒါကြောင့် ကျုပ်အကြာကြီးရှိနေလို့မဖြစ်ဘူး။ ခင်ဗျားက အဲ့မှာနေပြီးသိမ်းပေးနိုင်မလား"
ဟုမေးသည်။
"ရန်ဖူ"(Yang
Fu) ကလက်ခံလိုက်ပြီး လျန်ကျိုးနယ်စား "ဝေခန်"(Wei Kang) နှင့်ပူးပေါင်းလေသည်။
"ရန်ဖူ"(Yang Fu) မှ "ချောင်ချောင်း"(Cao Cao) အား
"ချန်အန်းမှာ
လိုအပ်ရင်အသုံးပြုဖို့ အကူတပ်တစ်တပ်ထားသင့်တယ်" ဟုပြောသည်။
"အဲ့ဒါ
ပြင်ဆင်ပြီးသွားပြီ"
ထို့နောက်
"ရန်ဖူ"(Yang Fu) လည်းထွက်သွားသည်။
"ချောင်ချောင်း"(Cao
Cao) ၏မူဝါဒနှင့်ပတ်သတ်ပြီး သူ၏စစ်သူကြီးတို့က ဝိုင်းဝန်းမေးမြန်းကြသည်။
"ထုံမန်ခံတပ်ပုန်ကန်မှုကတည်းက
ဝန်ကြီးချုပ်က ဝေမြစ်မြောက်ပိုင်းကို မကွာကွယ်ပဲထားထားတယ်။ ဘာလို့ မြောက်ဘက်ကမ်းကိုသွားတာ
မြစ်ဝါမြစ်ရဲ့အရှေ့ဘက်ကမသွားတာလဲ? အဲ့အစား မြောက်ဘက်ကမ်းကိုမကူးခင်မှာ ခံတပ်ကိုပဲတိုက်တယ်၊
အဲဒါဘာကြောင့်များလဲ?"
"သူပုန်တွေက
ခံတပ်ကိုသိမ်းထားတာ။ ငါမြစ်ဝါမြစ်အရှေ့ဘက်ကသွားရင် သူပုန်တွေက စခန်းတွေကိုလုံခြုံအောင်လုပ်ထားမှာပေါ့။
ငါက အနောက်ဘက်(ဝေမြစ်မြောက်ဘက်) က မသွားသင့်ဘူး။ ဒီတော့ ငါက ထုံမန်ခံတပ်ကိုတိုက်စေပြီး
သူပုန်တွေကို ဝေမြစ်တောင်ဘက်ကိုကာကွယ်ထားစေတာ။ အဲ့လိုဆို မြောက်ဘက်က အစောင့်အကြပ်နည်းနေလိမ့်မယ်။
ဒီလိုသာဆို ရွှီဟွမ်(Xu Huang) နဲ့ ကျူလင်(Zhu Ling) တို့က အဲ့ကိုတိုက်နိုင်ပြီး ငါလည်း
စစ်ကူပေးနိုင်မယ်။ လမ်းတွေ၊ ရွှံ့ခံတပ်တွေလုပ်တာရဲ့ရည်ရွယ်ချက်က ရန်သူ့ဘက်က ငါ့ကိုအင်အားနည်းတယ်ထင်အောင်လို့။
ဒီလိုသာဆို သူတို့က သေသေချာချာပြင်ဆင်မှုမလုပ်ပဲလာတိုက်မှာ။ ငါ ရန်သူတွေကို အချင်းချင်းမကျေမလည်ဖြစ်အောင်လုပ်ပေးလိုက်ရင်
သူတို့အားလုံးကိုရှင်းနိုင်မယ်။ ဒါက နားမအုပ်နိုင်လိုက်ခင်ကြားရတဲ့မိုးခြိမ်းသံလိုပဲ။
စစ်ဗျူဟာရဲ့ပြောင်းလဲမှုတွေက မရေမတွက်နိုင်အောင်များပြားတယ်"
"ဒါပေမယ့်
ကျွန်တော်တို့နားမလည်တာတစ်ခုရှိတယ်။ ရန်သူတွေက စစ်ကူတွေရှိတယ်လို့ကြားတဲ့အချိန်မှာ
ဝန်ကြီးချုပ်ကဘာလို့ပျော်သွားရတာလဲ"
"ဘာလို့လည်းဆိုတော့
ထုံမန်ခံတပ်က ရွှီချန်နဲ့ဝေးတယ်။ သူပုန်တွေက ခံတပ်ကိုသိမ်းထားနိုင်လည်း ကောင်းကောင်းထိန်းချုပ်ဖို့အတွက်နှစ်နှစ်လောက်အချိန်ယူရမှာ။
သူတို့တွေက အတူတူလာပေမယ့် ရည်ရွယ်ချက်မတူဘူး။ ဒီတော့ သူတို့အချင်းချင်းခိုက်ရန်ဖြစ်လိမ့်မယ်။
အဲ့ဒါကြောင့် ရန်သူတွေမှာစစ်ကူရှိတယ်ဆိုတော့ ငါဝမ်းသာတာ"
"နည်းဗျူဟာမှာ
ဝန်ကြီးချုပ်ကိုဘယ်သူမှမယှဉ်နိုင်ပါဘူး"
"ဒါပေမယ့်လည်း
မင်းတို့အပေါ်အားကိုးခဲ့ရတယ်"
ထို့နောက်
"ချောင်ချောင်း"(Cao Cao) သည် စစ်တပ်ကိုဆုချပြီး "ရှဟိုယွမ်"(Xiahou
Yuan) ကို ချန်းအန်းမြို့ကိုစောင့်ကြပ်စေသည်။ "ရှဟိုယွမ်"(Xiahou Yuan) က
အကူအနေဖြင့် "ကျန်းကျား"(Zhang Jia) ကိုထောက်ခံပေးခဲ့သည်။ လက်နက်ချသောစစ်သည်တို့ကို
တပ်အသီးသီးတွင် ပြန်လည်နေရာချပေးလေသည်။
ထို့နောက်
စစ်တပ်ကြီးသည် မြို့တော် ရွှီချန်သို့ပြန်လေ၏။ ဘုရင်မင်းမြတ်ကိုယ်တိုင်က လှည်းယာဉ်ဖြင့်ထွက်ကြိုရလေသည်။
"ချောင်ချောင်း"(Cao Cao) ကို ညီလာခံတွင် ဂုဏ်သိန်နာမည်ထည့်သွင်းပြောရန်မလို၊
နန်းတော်သို့ဝင်လျှင် အလောတကြီးလုပ်ရန်မလို အစရှိသည့်အထူးအခွင့်အရေးများပေးအပ်ခြင်းခံရသည်။
ထို့အပြင် ဟန်တိုင်းပြည်၏ပထမဆုံးဝန်ကြီးတစ်ဦးဖြစ်ခဲ့သော "ရှောင်ဟဲ"(Xiao
He) ကဲ့သို့ပင် "ချောင်ချောင်း"(Cao Cao) သည်လည်း နန်းတွင်းသို့ဝင်လျှင်
လက်နက်ကိုင်ဆောင်ခွင့်၊ ဖိနပ်စီးခွင့်ရှိလေသည်။
"ချောင်ချောင်း"(Cao
Cao) ၏ဂုဏ်သတင်းသည် အနောက်ဘက်ဟန်ကျုံးသို့တိုင်အောင်ပြန့်လေသည်။ ဟန်နင်မြို့စား
"ကျန်းလု"(Zhang Lu) မှ ဖေပြည်နယ်ဇာတိဖြစ်ပြီး ဟွမ်ကျုံးပြည်နယ် ဟွမ်မင်တောင်တွင်ရှိသော
"ကျန်းလင်"(Zhang Ling) ၏မြေးဖြစ်သည်။ "ကျန်းလင်"(Zhang Ling)
သည် တာအိုဝါဒကိုလေ့လာသူဖြစ်သည်။ သူ့ကိုလူအများက လေးစားကြလေ၏။ ထိုသူသေဆုံးသွားသော် သားဖြစ်သည့်
"ကျန်းဟန်"(Zhang Heng) ကအဖေလုပ်ကိုင်ခဲ့သည့်တာအိုဝါဒကိုပင် ဆက်လက်ပို့ချသည်။
သူ့ထံတွင် တပည့်ခံလိုပါက ဆန်ကိုလှည်းငါးစီးစာပေးရသည်ဟူ၏။ သူ့ကိုလူအများတို့က ဆန်သူခိုးဟုခေါ်ကြသည်။
"ကျန်းဟန်"(Zhang
Heng) သေဆုံးသွားသောအခါ သားဖြစ်သူ "ကျန်းလု"(Zhang Lu) ကအဖေ့ခြေရာနင်းကာ
သူ့ကိုယ်သူ ဆရာသခင်ဟုခေါ်ပြီး သူ့တပည့်တို့ကို နတ်ဆိုးစစ်သည်ဟု အမည်ပေးထားသည်။ ထိုအထဲမှ
ခေါင်းဆောင်ဖြစ်သူက ယဇ်ဆရာဟုခေါ်ပြီး ထိုထက်အဆင့်ပိုမြင့်သူကို ယဇ်ဆရာချုပ်ဟုခေါ်သည်။
ဂိုဏ်းအတွင်းတွင် ရိုးသားမှုကိုအားပေးပြီး လိမ်ညာလှည့်ဖြားခြင်းကိုခွင့်မပြုပေ။ နေမကောင်းသည့်လူရှိပါက
ထိုလူအတွက် နတ်ကွန်းဆောက်ကာ ထိုသူကို ဆိတ်ငြိမ်ခန်းအတွင်းခေါ်သွားပြီး သူ၏အပြစ်တို့ကိုဝန်ခံစေသည်။
ထို့နောက်ထိုသူအတွက် ဆုတောင်းပေးသည်။ ထိုသို့ဆုတောင်းပေးသူကို နတ်ဆိုးစစ်သည်ခေါင်းဆောင်ဟုနာမည်ပေးထားသည်။
လူတစ်ဦးအတွက်ဆုတောင်းပေးပါက
ထိုသူ၏နာမည်ကို နေရာသုံးနေရာတွင်ရေးသည်။ ၎င်းကို "နတ်ဘုရားသုံးပါး၏စာ" ဟုခေါ်သည်။
တစ်ခုကို တောင်ထိပ်တွင်မီးရှို့ကာ ကောင်းကင်သို့ဆုတောင်းပြီး ကျန်တစ်ခုကိုမူ မီးရှို့ပြီး
မြေကြီးသို့တိုင်တည်သည်ဟုဆို၏။ နောက်ဆုံးတစ်ခုကိုမူ ရေထဲသို့မျောစေပြီး ရေကိုအုပ်ချုပ်သောနတ်တို့ကိုတိုင်တည်သည်
ဆို၏။ အကယ်၍ လူနာပြန်ကောင်းလာပါက ဆန်ကိုလှည်းငါးစီးတိုက်ပေးရမည်ဖြစ်သည်။
ထိုဂိုဏ်းသည်
ဆင်းရဲသားတို့ကို ထမင်း၊ ဟင်းများကျွေးမွေးခြင်းတို့လည်းပြုလုပ်သည်။ လူတိုင်းက ကိုယ်စားသလောက်သာယူရမည်ဖြစ်ပြီး
ပိုယူပါကဒဏ်ခတ်ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သောဂိုဏ်းသည် ဟန်ကျုံးတွင်ရှိနေသည်မှာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီ။
အစိုးရ၏အာဏာစက်နှင့်အလှမ်းကွာသောဒေသဖြစ်သောကြောင့် ထိုဂိုဏ်း၏အာဏာကကြီးလာခဲ့သည်။ နောက်ပိုင်းတွင်
အစိုးရမှ "ကျန်းလု"(Zhang Lu) ကို 'တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီး' ဟူသည့်ဘွဲ့ပေးကာ
ဟန်နင်မြို့စားအဖြစ်ခန့်အပ်ပြီး နန်းတော်သို့အခွန်ပဏ္ဏာပေးစေသည်။
"ချောင်ချောင်း"(Cao
Cao) ၏အောင်မြင်မှုသတင်းကို "ကျန်းလု"(Zhang Lu) ကြားသောအခါ သူ၏နောက်လိုက်တို့ဖြင့်တိုင်ပင်သည်။
"မာထန်(Ma
Teng) သေသွားပြီး မာချောင်း(Ma Chao) ကစစ်ရှုံးသွားပြီ။ ချောင်ချောင်း(Cao Cao) ရဲ့နောက်ပစ်မှတ်ကအနောက်တောင်ဘက်ပဲ။
ဒီလိုဆို ဟန်ကျုံးက သူ့ရဲ့ပထမဆုံးကျူးကျော်မယ့်ဒေသဖြစ်လာမယ်။ ဟန်ကျုံးနယ်ကိုအုပ်ချုပ်သူအနေနဲ့
ခုခံမှုအတွက်ပြင်ဆင်ထားရမယ်"
"ရန်ဖူ"(Yan
Pu) မှ
"ဒီနယ်မြေမှာ
စစ်တပ်အင်အားတစ်သိန်းရှိပြီး လုံလောက်တဲ့ရိက္ခာရှိတယ်။ အခု မာချောင်း(Ma Chao) စစ်ရှုံးသွားတော့
ကျီဝူချိုင့်ဝှမ်းကရောက်လာတဲ့ ဒုက္ခသည်တွေမနည်းဘူး၊ သူတို့ကိုပါ စစ်တပ်ထဲထည့်မယ်ဆိုရင်း
နောက်ထပ်သောင်းဂဏန်းလောက်ရှိမယ်။ ကျွန်တော့်အကြံကတော့ ယီကျိုးက လျူကျန်း(Liu
Zhang) ဟာ အင်အားနည်းတဲ့အတွက် သူ့ကိုတိုက်ပြီး အနောက်ဘက်မြစ်ပြည်နယ်ရဲ့ မြို့နယ်လေးဆယ့်တစ်ခုကိုသိမ်းသင့်တယ်။
ပြီးရင်တော့ နိုင်ငံအတွင်းမှာ အင်အားကြီး ခေါင်းဆောင်ဖြစ်လာပြီပဲ" ဟုပြောသည်။
၎င်းအကြံကို
"ကျန်းလု"(Zhang Lu) သဘောကျကာ ညီဖြစ်သူ "ကျန်းဝေ"(Zhang Wei) နှင့်အတူ
စစ်သားများစုဆောင်းသည်။
ထို စစ်တိုက်ရန်ပြင်နေသောသတင်းသည်
ယီကျိုးပြည်နယ်သို့ရောက်သွားလေသည်။ ယီကျိုးနယ်စားမှာ "လျူကျန်း"(Liu
Zhang) ဖြစ်ပြီး သူသည် "လျူရန်"(Liu Yan) ၏သားဖြစ်သည်။ "လျူရန်"(Liu
Yan) သည် နန်းတွင်းမိသားစုဖြစ်သည့် ကုန်း(Gong) မင်းသားအဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။
ထိုမင်းသားသည် သူ၏မိသားစုနှင့်အတူ ကျင်းလင်တွင် အခြေချခဲ့သည်။ နောက်ပိုင်းတွင်
"လျူရန်"(Liu Yan) သည် ယီကျိုးနယ်စားဖြစ်လာပြီး ရှင်းဖင်နှစ်ပထမနှစ် (အေဒီ
၁၉၄) သူသေဆုံးသွားခဲ့သည်။ ထိုအခါ သားဖြစ်သူ "လျူကျန်း"(Liu Zhang) က အဖရာထူးကိုဆက်ခံသည်။
"ကျန်းလု"(Zhang
Lu) ၏မိခင်နှင့်ညီတို့ကို "လျူကျန်း"(Liu Zhang) က သေဒဏ်ပေးခဲ့ဖူးသဖြင့်
ထိုသူနှစ်ဦးကြားတွင် ရန်ငြိုးရန်စရှိလေသည်။ "လျူကျန်း"(Liu Zhang) သည်
"ကျန်းလု"(Zhang Lu) ရန်မှကာကွယ်ရန် "ဖန်ရှီ"(Pang Xi) ကို ပါးရှီးမြို့တော်ဝန်အဖြစ်ခန့်အပ်ထားခဲ့သည်။
သို့သော်
"လျူကျန်း"(Liu Zhang) မှာ ပျော့ညံ့သူဖြစ်ပြီး "ကျန်းလု"(Zhang
Lu) ၏ပြင်ဆင်မှုသတင်းကိုကြားသည်နှင့်ကြောက်လန့်ကာ အကြံပေးတို့နှင့်တိုင်ပင်သည်။ အမှုထမ်းတစ်ဦးမှ
"သခင်ကြီး
ဘာမှစိုးရိမ်စရာမလိုဘူး။ ကျွန်တော်က ဉာဏ်ကြီးရှင်မဟုတ်ပေမယ့် ကောင်းမွန်တဲ့လျာကိုအသုံးချပြီး
ကျန်းလု(Zhang Lu) ကိုဒီဘက်ပိုင်းကို စေ့စေ့မကြည့်ရဲအောင်လုပ်နိုင်တယ်" ဟုပြောသည်။
Comments