Popular posts from this blog
Lookism
Park Hyung suk (Daniel) ဟာ အင်မတန်ဝပြီးရုပ်ရည်မလှပတဲ့အပြင် အရပ်ပုသူလည်းဖြစ်တယ်။ သူဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရပြီး ကျောင်းသားလူမိုက်တွေရဲ့ ခိုင်းဖော်ခိုင်းဖက်လည်း ဖြစ်ပါတယ်။ တစ်လောကလုံးမှာ သူနိုင်တဲ့လူဆိုလို့ သူ့အမေတစ်ယောက်တည်းပဲရှိပြီး သူ့ကိုဂရုအစိုက်ဆုံးလူကလည်း သူ့အမေပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့အမေ ကျောင်းလာတဲ့အချိန်မှာ သူ့သားဖြစ်သူအနိုင်ကျင့်ခံနေရတာတွေ့ပြီးနောက် သူ့သားကိုကျောင်းပြောင်းစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ တခြားမြို့က ကျောင်းတစ်ကျောင်းကိုပြောင်းခဲ့ပါတယ်။ သူပထမဆုံး ကျောင်းတက်ရမယ့်နေ့မှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ခန္ဓာကိုယ်က အင်မတန်ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ကလည်းချောမောတဲ့ ခန္ဓာဖြစ်နေပါတယ်။ သူ့ရဲ့မူလခန္ဓာကတော့ ဘေးမှာ အိပ်နေပါသတဲ့။ နောက်ပိုင်းမှာတော့ သူ့ခန္ဓာကိုယ်တစ်ခုက နိုးထနေတဲ့အချိန်၊ ကျန်ခန္ဓာက အိပ်နေပြီး ကျန်တစ်ခုကအိပ်နေရင် နောက်ခန္ဓာက ထနေတယ်ဆိုတာ သဘောပေါက်သွားပါတယ်။ အဲ့ဒါနဲ့ သူက သူ့ရဲ့ခန္ဓာကိုယ်အသစ်ကို အသုံးချဖို့ဆုံးဖြတ်လိုက်ပြီး အဲ့ခန္ဓာကိုယ် အသစ်နဲ့ ကျောင်းအသစ်ကိုသွားခဲ့ပါတော့တယ်။ သူမထင်မှတ်ခဲ့တာကတော့ သူ့ရဲ့အဲ့လိုဆုံးဖြတ်ချက်တစ်ခု...
1 Litre of Tears MM Sub
ဒီဇာတ်ကားလေးကို တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းဟာ အပြင်လောကမှာ တကယ်ရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Aya ဆိုတဲ့ မိန်းကလေးဟာ အသက် ၁၅ နှစ်အရွယ်မှာ ကုလို့မရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ခဲ့ပြီး သူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လည်းဆိုတာ ရိုက်ပြထားတာဖြစ်ပါတယ်။ အင်မတန်နာမည်ကြီးတဲ့ဇာတ်ကားဖြစ်ပြီး ဂျပန်မှာတင် အခွေပေါင်း ၁.၁ မီလျံရောင်းရခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အပိုင်းကတော့ ၁၁ ပိုင်းရှိပါတယ်.... Ep1 (370MB) Ep2 (282MB) Ep3 (254MB) Ep4 (303MB) Ep5 (258MB) Ep6 (298MB) Ep7 (246MB) Ep8 (256MB) Ep9 (252MB) Ep10 (233MB) Ep11 (277 MB)

Comments