Lookism


Park Hyung suk (Daniel) ဟာ အင်မတန်ဝပြီးရုပ်ရည်မလှပတဲ့အပြင် အရပ်ပုသူလည်းဖြစ်တယ်။ သူဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရပြီး ကျောင်းသားလူမိုက်တွေရဲ့ ခိုင်းဖော်ခိုင်းဖက်လည်း ဖြစ်ပါတယ်။ တစ်လောကလုံးမှာ သူနိုင်တဲ့လူဆိုလို့ သူ့အမေတစ်ယောက်တည်းပဲရှိပြီး သူ့ကိုဂရုအစိုက်ဆုံးလူကလည်း သူ့အမေပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့အမေ ကျောင်းလာတဲ့အချိန်မှာ သူ့သားဖြစ်သူအနိုင်ကျင့်ခံနေရတာတွေ့ပြီးနောက် သူ့သားကိုကျောင်းပြောင်းစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုနဲ့ သူဟာ တခြားမြို့က ကျောင်းတစ်ကျောင်းကိုပြောင်းခဲ့ပါတယ်။ သူပထမဆုံး ကျောင်းတက်ရမယ့်နေ့မှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ခန္ဓာကိုယ်က အင်မတန်ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ကလည်းချောမောတဲ့ ခန္ဓာဖြစ်နေပါတယ်။ သူ့ရဲ့မူလခန္ဓာကတော့ ဘေးမှာ အိပ်နေပါသတဲ့။ နောက်ပိုင်းမှာတော့ သူ့ခန္ဓာကိုယ်တစ်ခုက နိုးထနေတဲ့အချိန်၊ ကျန်ခန္ဓာက အိပ်နေပြီး ကျန်တစ်ခုကအိပ်နေရင် နောက်ခန္ဓာက ထနေတယ်ဆိုတာ သဘောပေါက်သွားပါတယ်။ အဲ့ဒါနဲ့ သူက သူ့ရဲ့ခန္ဓာကိုယ်အသစ်ကို အသုံးချဖို့ဆုံးဖြတ်လိုက်ပြီး အဲ့ခန္ဓာကိုယ် အသစ်နဲ့ ကျောင်းအသစ်ကိုသွားခဲ့ပါတော့တယ်။ သူမထင်မှတ်ခဲ့တာကတော့ သူ့ရဲ့အဲ့လိုဆုံးဖြတ်ချက်တစ်ခုကြောင့် သူ့ဘဝမှာ ကြီးမားတဲ့ကွာခြားချက်ကြီးတစ်ရပ်ဖြစ်သွားလိမ့်မယ် ဆိုတာပါပဲ။

ဒီ manhwa ထဲမှာ ဇာတ်လိုက်အပေါ် တခြားလူတွေရဲ့ဆက်ဆံမှုဟာ အစွန်းနှစ်ဖက်လုံးရောက်နေတာကိုပြထားပါတယ်။ သူ့ရဲ့မူလရုပ်ရည်နဲ့ဆိုရင်တော့ လူတွေက ဆိုးဆိုးရွားရွားဆက်ဆံကြပြီး ချောမောတဲ့ရုပ်ရည်ရှိတဲ့ခန္ဓာကိုယ်ကိုတော့ ကောင်းမွန်စွာ ဆက်ဆံတာကို ပြထားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ဖော်ပြထားတဲ့ခွဲခြားဆက်ဆံမှုတွေကို လက်တွေ့လောကအနေနဲ့ကြည့်ရင်တော့ တချို့နေရာလေးတွေမှာ over ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီ manhwa ထဲက ဇာတ်ကောင်တွေရဲ့ ရုပ်ရည်၊ ဂုဏ်ပကာသနနဲ့ငွေကြေးတို့အပေါ် တပ်မက်မှုဟာ လက်တွေ့လောကကြီးကို ထင်ဟပ်အောင် ပုံဖော်ထားနိုင်တယ်လို့ဆိုနိုင်ပါတယ်။

Character တွေအနေနဲ့ကလည်း သူ့ဟာနဲ့သူစိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ရုပ်ဆိုးတဲ့ character တွေအကြောင်းဖော်ပြတဲ့အချိန်တွေမှာဆိုရင် သူတို့ရဲ့အားနည်းချက်ကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဒါ့အပြင် ဇာတ်ရံတွေကလည်း သူ့ဟာနဲ့သူ စိတ်ဝင်စားစရာ အတိတ်နောက်ကြောင်းတွေရှိပါတယ်။
Art အနေနဲ့လည်း တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသိသာဆုံးကတော့ manhwa ဆွဲသူဟာ ရုပ်ဆိုးတဲ့လူကို ဆိုးသထက်ဆိုးအောင် ဆွဲထားပြီး လှတဲ့လူကိုတော့ လှသထက်လှအောင် ဆွဲပြီးတော့ ကွာခြားမှုကို ရှင်းရှင်းလင်းလင်းပြထားပါတယ်။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒါက အင်မတန်ကောင်းတဲ့ webtoon တစ်ခုဖြစ်ပြီး ဖတ်သင့်တယ်လို့ဆိုချင်ပါတယ်။

*S~L*

Comments

Popular posts from this blog