Kaichou wa Maid-sama!


Kaichou wa Maid-sama!


Type : TV
Total Episode : 26
Art Type : Comedy, Romance, School, Shoujo
Duration : 24 min. per ep.
Rating: PG-13 - Teens 13 or older

ဇာတ်လမ်းအကျဉ်း

ကျောင်းသားကောင်စီရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်ရတာ မလွယ်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ကျောင်းဟာ ယောက်ျားလေးအထက်တန်းကျောင်းကနေ မိန်းကလေးတွေနဲ့ ယှဉ်တွဲပညာသင်ကြားရေးကို ကူးပြောင်းတဲ့အခါမှာပေါ့။ "နတ်ဆိုးဥက္ကဋ္ဌ" ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်ဖက်စွာပဲ ယောက်ျားလေးတွေအတွက်တော့ စည်းကမ်းနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ပုံစံနဲ့ အာယူဇာဝါ မီဆာကီဟာ သူမကျွမ်းကျင်ပိုင်နိုင်တဲ့ အာအီကီဒိုနည်းစနစ်ကိုအသုံးပြီး အကျင့်ပျက်လုယက်ဖျက်ဆီးတတ်တဲ့ ယောက်ျားလေးတွေကိုတရားစီရင်ပြီး ဆဲအိကာအထက်တန်းကျောင်းမှ မိန်းကလေးတွေကို မကြောက်မရွံ့ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။

အပြစ်ပြောစရာမရှိဘူးလို့ထင်ရတဲ့အာယူဇာဝါမှာ အကြွေးဆပ်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူမရဲ့မိသားစုကိုကူညီနိုင်အောင် အိမ်ဖော်ကဖေးမှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေရတဲ့ အရှက်ရဖွယ်လျှို့ဝှက်ချက်ရှိတယ်။ အဖွဲ့ဝင်ကျောင်းသားတွေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ပုံရိပ်ကို ထိန်းသိမ်းနိုင်ရန်အတွက် သူမရဲ့အလုပ်အကြောင်းကို ဖုံးကွယ်ထားနိုင်ခဲ့တယ်။ အူဆူအီ တာကူမီဆိုတဲ့ ကျောင်းမှာလူသိများတဲ့ကောင်လေးတစ်ယောက်ဟာ အိမ်ဖော်ကဖေးကို လမ်းလျှောက်ဝင်လာတဲ့နေ့မတိုင်ခင်အထိပေါ့။ သူဟာ ဒီလျှို့ဝှက်ချက်ကိုအသုံးချပြီးတော့ သူမရဲ့ဂုဏ်သိက္ခာကိုပဲ နင်းချေလေမလား ဒါမှမဟုတ် ကျောင်းသားကောင်စီရဲ့ဥက္ကဋ္ဌကို အကြပ်ကိုင်ပြီးတော့ သူမနဲ့နီးစပ်နိုင်ရန် အခွင့်ကောင်းတစ်ခုလိုပဲ အသုံးချလေမလားဆိုတာကတော့....

Reference: MAL


  Episode 1           Episode 
    Episode 3           Episode 4
    Episode 5           Episode 6
    Episode 7           Episode 8
                    Episode 9          Episode 10                    Episode11         Episode 12
     Episode 13          Episode 14
    Episode 15         Episode 16
    Episode 17         Episode 18
    Episode 19         Episode 20
    Episode 21         Episode 22
    Episode 23         Episode 24
    Episode 25         Episode 26

Go to translated songs & video page.

Comments

Unknown said…
Thank you ပါရှင့် link ွေမပျက်သေလို့
Unknown said…
Episode 21ကနေစပြီး ဘာလို့ subtitleမပါတော့တာလဲဟင်

Popular posts from this blog

Lookism