သုံးနိုင်ငံခေတ်(၁၆)
အခန်း (၁၆) မြို့တံခါးတွင် “လွီပု”(Lu Bu) မြားစွမ်းပြခြင်း ၊ ယွီ မြစ်တွင် “ချောင်ချောင်း”(Cao Cao) အရှုံးနှင့်ရင်ဆိုင်ရခြင်း။ အကြံပေး “ရန်တကျန်း”(Yang Dajiang) တွင် “လျူဘေ့”(Liu Bei) ကို ဖယ်ရှားရန် နည်းလမ်းရှိလေသည်။ “ယွမ်စု”(Yuan Shu) က မေးသော် “ရှောင်ဖေ မှာ တပ်စွဲနေတဲ့ “လျူဘေ့”(Liu Bei) ကို အသာလေးဖမ်းနိုင်ပါတယ်။ ဒါပေမဲ့ အနီးအနားမှာ “လွီပု”(Lu Bu) က အခိုင်အမာတပ်စွဲနေတယ်။ အရှင်က သူ့ကို ကတိပျက်ထားတာကို သူက မကျေနပ်ရင် “လျူဘေ့”(Liu Bei) ကို ကူညီလိမ့်မယ် လို့ ငါထင်တယ်။ ဒီတော့ “လျူဘေ့”(Liu Bei) ကို တိုက်နေတုန်း သူဝင်မပါအောင် လက်ဆောင်တွေ ပေးလိုက်ပါ။ နောက်မှ သူနဲ့ စာရင်းရှင်းမယ်။ ဒါဆို ရွှီကျိုး ကို အရှင်ပိုင်ပါပြီ။” ဟု “ရန်တကျန်း”(Yang Dajiang) က ပြောသည်။ သို့နှင့် ပြောင်းဆန် လှည်း ၂ သိန်းနှင့် စာကို “ဟန်ရင်”(Han Yin) ကြီးကြပ်၍ ပို့စေသည်။ “လွီပု”(Lu Bu) လည်း များစွာကျေနပ်အားရကာ ဆက်သားကို ကောင်းမွန်စွာ ဧည့်ခံလေသည်။ “လွီပု”(Lu Bu) ၏ အနှောင့်အယှက် ကင်းပြီဟုယူဆကာ ရှောင်ဖေ သို့ စစ်သည် ၁ သိန်းစေလွှတ်သည်။ စစ်သူကြီး “ကျီလင်”(Ji Ling) ဦးဆောင်လျက် “လေပို”(Lei Bo) နှင့် “ချန်လန်”(Chen Lan) တို့ စစ...