Sword Art Online
Sword Art Online Genre: Sci-fi fantasy adventure / romance Length: Television series, 25 episodes, 24 minutes each Sword Art Online ဟာ Light Novel အနေနဲ့ စခဲ့ပြီး နောက်ပိုင်းမှာ anime အနေနဲ့ ထွက်လာခဲ့တဲ့ anime ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Online Game တစ်ခုထဲမှာ လူတွေပိတ်မိနေရာကနေ စထားပါတယ်။ အဲ့ Game မှာ သေရင် အပြင်မှာပါ သေဆုံးမှာ ဖြစ်ပြီး အဲ့ game က ထွက်နိုင်ဖို့ အတွက် နောက်ဆုံး level အထိ ရောက်ပြီး နိုင်သွားမှပဲ အပြင်လောက ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီ anime မှာ အကောင်းဆုံးကို ပြောပါ ဆိုရင် animation ဖြစ်ပါတယ်။ animation ကတော့ ပြောစရာ မလိုအောင် ရှယ်ကောင်းပါတယ်။ Effect တို့ Sound တို့ စတာတွေလဲ တော်တော်ကောင်းပါတယ်။ ဇာတ်လမ်း အနေနဲ့ ပြောရမယ်ဆိုရင်တော့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။ ဒီမှာ ခြုံကြည့်လိုက်မယ် ဆိုရင် အပိုင်းကြီး နှစ်ပိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ ပထမပိုင်း ဖြစ်တဲ့ SAO Arc နဲ့ ဒုတိယပိုင်းဖြစ်တဲ့ ALO Arc ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစကနေပြီး SAO Arc တစ်လျှောက် တော်တော်ကြီးကောင်းပါတယ်။ စွဲဆောင်မှုလဲ ရှိပါတယ်။ နောက်ပြီး level အဆင့်ဆင့် တက်တာတို့၊ boss တွေ ဘာတွေခ...