Uchiha Itachi


Itachi ဟာ Konoha ရဲ့ Clan ကြီး တစ်ခုဖြစ်ခဲ့တဲ့ Uchiha Clan က ဖြစ်ပြီး သူဟာ သူ့ရဲ့ clan ထဲမှာ ninja skills တွေမှာ ပါရမီပါသူ ဆိုပြီး  အသိအမှတ် အပြု ခံထားရသူ ဖြစ်ပါတယ်။ သူ အသက် 4 နှစ်သာ ရှိသေးတဲ့ အချိန်မှာ 3rd Shinobi War ကို ကြုံခဲ့ရပြီး စစ်ပွဲမှာ လူတွေ သေကျေ ကြတာ တွေ့ကြုံပြီးနောက်မှာတော့ သူဟာ ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်လာခဲ့ပါတယ်။ Itachi ဟာ သူ့ရဲ့ ငယ်စဉ်ကာလ အချိန် တော်တော်များများကို Konoha ရွာရဲ့ သမိုင်းကို လေ့လာရင်းနဲ့ ကုန်ဆုံးခဲ့တယ်။ Itachi ဟာ Academy မှာ အသက် 7 နှစ်မှာ စတက်ခဲ့ပြီး တစ်နှစ်အတွင်းမှာပဲ Academy က အောင်ခဲ့ပါတယ်။ သူဟာ အသက် 8 နှစ်မှာ Sharingan ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီး အသက် 10 နှစ် မှာ Chunin Exam ကို  အောင်ခဲ့ပါတယ်။ Chunin Exam အောင်ပြီး နှစ်ဝက်လောက် အကြာမှာပဲ ANBU အဖွဲ့ကို ဝင်ခဲ့ပြီး 13 နှစ်မှာ ANBU Captain ဖြစ်ခဲ့ပါတယ်။

သူဟာ ANBU အဖွဲ့မှာ ရှိနေစဉ် အတွင်းမှာ Uchiha Clan ဟာ Konoha မှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို အာဏာလုမှုတွေ အကြားမှာ စစ်ပွဲတွေဖြစ်မှာ မလိုလားတဲ့ အတွက် Itachi ဟာ Uchiha Clan အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြောင်းကို Konoha ရဲ့ Elder တွေကို တင်ပြခဲ့ပါတယ်။

အဲ့ဒီမှာ ပျော့ပျောင်းတဲ့ 3rd Hokage က နှစ်ဦးနှစ်ဖက် ညှိနိုင်းဖို့ အကြံပေးပြီး အဲ့ အကြံကိုတော့ Elder တွေထဲက တစ်ယောက် ဖြစ်တဲ့ Danzo က လက်မခံခဲ့ပါဘူး။ အဲ့နောက်မှာတော့ Danzo က Itachi နဲ့ တိတ်တဆိတ် တွေ့ပြီး "သူ့ Uchiha Clan ဘက်ကို ပါမလား" ဒါမှမဟုတ် "သူ့ညီ Sasuke ကို ရွေးမလား" ဆိုပြီး ရွေးခိုင်းခဲ့ပါတယ်။ အဲ့ဒါပြီးတော့ သိပ်မကြာခင်မှာပဲ Itachi က (Madara အသွင် ရုပ်ဖျက်ထားတဲ့) Tobi ဟာ Konoha မှာနောက်တစ်ကြိမ် စစ်ပွဲဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာသိပြီး သူဟာ Tobi နဲ့ အပေးအယူ တစ်ခု လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Itachi ဟာ ကူညီပြီးတော့ Uchiha Clan ကို ရှင်းပေးမယ်၊ နောက်ပြီး Sasuke ကို မသတ်ပဲ ချန်ထားဖို့နဲ့ Konoha ကို ဘာမှ မလုပ်ဖို့ Tobi ဆီကနေ ကတိတောင်းခဲ့ပါတယ်။ နောက်တော့ Itachi ဟာ Tobi ရဲ့ အကူအညီနဲ့ Uchiha Clan တစ်ခုလုံးကို သတ်ခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ သူဟာ Akatsuki ကို ဝင်ခဲ့ပြီး သူနဲ့ ပထမဆုံးတွဲပြီး အလုပ်လုပ်တဲ့ Akatsuki အဖွဲ့ဝင်ကတော့ Orochimaru ဖြစ်ပါတယ်။ နောက်ပိုင်း Orochimaru က Akatsuki က ထွက်ပြီးနောက်မှာတော့ Kisame နဲ့ တွဲပြီး mission တွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Itachi ဟာ Sasuke နဲ့ ချပြီး သေဆုံးခဲ့ပါတယ်။ 4th Shinobi War မှာတော့ Kabuto ဟာ Itachi ကို Reanimation Jutsu သုံးပြီး ထိမ်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Kabuto ရဲ့ ထိမ်းချုပ်မှု အောက်က လွတ်ပြီး Sasuke နဲ့ အတူ Kabuto ကို တိုက်ပြီး Izanami ကိုသုံးပြီး Kabuto ကို အနိုင်ယူခဲ့ပြီး Kabuto ရဲ့ Reanimation Jutsu ကို ဖျက်ခဲ့ပါတယ်။


Skills

Itachi ဟာ Genjutsu ကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့ shinobi တစ်ယောက်လဲ ဖြစ်ပါတယ်။ Itachi ဟာ Kakashi, Asuma နဲ့ Kurenai တို့ သုံးယောက်ကို ရင်ဆိုင်တာတောင် သူ့ရဲ့ အစွမ်း တစ်ဝက်လောက်တောင် မသုံးပဲ ရန်သူကို ဖိအားပေးနိုင်စွမ်းရှိတယ်လို့ Kakashi က ဆိုပါတယ်။ နောက်ပြီး Legendary Senin 3 ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Orochimaru ဟာ Itachi က သူ့ထက် အစွမ်းထက်တယ် ဆိုတာ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို စွမ်းရည်တွေ ရှိနေပေမဲ့လဲ Itachi ဟာ သူ့ပြိုင်ဘက်တွေကို ဘယ်တော့မှ အထင် မသေးခဲ့ပါဘူး။

Summary

အကျဉ်းချုပ်အနေနဲ့ ပြောရရင်တော့ Itachi ဟာ စစချင်းမှာ vallain character အနေနဲ့ ပေါ်လာတာဖြစ်ပြီး နောက်ပိုင်းမှာတော့ hero ဖြစ်သွားတဲ့ character - ဥပမာ Bleach ထဲက Ichimaru Gin လိုမျိုး ဖြစ်ပါတယ်။ ကျနော့ အနေနဲ့ ပြောရရင် Bleach မှာ Gin ကို တော်တော် ကြိုက်သလို Naruto မှာလဲ Itachi ကို တော်တော်ကြီးကို ကြိုက်ပါတယ်။ (သူ စပေါ်တဲ့ Episode ကထဲကပေါ့ :D)

Comments

Popular posts from this blog

Lookism