Sengoku period

Sengoku period (戦国時代 Sengoku jidai) ဒါမှမဟုတ် “စစ်မီးစစ်လျှံ တောက်လောင် တဲ့ခေတ်”လို့ ခေါ်ကြတဲ့ ခေတ်ဟာကတော့ ဂျပန်သမိုင်းရဲ့ ထင်ရှားတဲ့ ခေတ် တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ 15 ရာစုလောက်ကနေ 17 ရာစုအစပိုင်းလောက် အထိ ကြာမြင့်ခဲ့ပါတယ်။ Sengoku ခေတ်ဟာ အဓိက daimyo သုံးယောက် ဖြစ်ခဲ့တဲ့ Oda Nobunaga၊ Toyotomi Hideyoshi နဲ့ Tokugawa Ieyasu တို့ရဲ့ ခေတ်လို့ ပြောရင်လဲ မမှားပါဘူး။ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Osaka တိုက်ပွဲ အပြီးမှာ Sengoku ခေတ်ကုန်ဆုံးခဲ့ပြီး Edo ခေတ်လို့ ခေါ်တဲ့ Tokugawa အစိုးရ လွှမ်းမိုးတဲ့ ခေတ် စတင်ခဲ့ပါတယ်။



ထင်ရှားသော တိုက်ပွဲများ

Battle of Okehazama(May-June 1560)
ဒီ တိုက်ပွဲကတော့  Imagawa Clan နဲ့ Oda Nobunaga တိုက်ခဲ့တာ ဖြစ်ပြီး Nobunaga ကို နာမည်ကြီးစေခဲ့တဲ့ တိုက်ပွဲတစ်ခု ဆိုရင်လဲ မမှားပါဘူး။ ဒီ တိုက်ပွဲမှာ Nobunaga ရဲ့ တပ်သားအင်အားဟာ 2500 သာရှိပြီး သူ့ထက် 10 ဆ လောက်များတဲ့ ခန့်မှန်းခြေ 20000-25000 ရှိတဲ့ Imagawa စစ်တပ် ကို နိုင်ခဲ့ပါတယ်။ Imagawa clan ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ Imagawa Yoshimoto သေဆုံးခဲ့ပြီး ကျန်တဲ့ စစ်သူကြီးတွေဟာ လက်နက်ချခဲ့ပါတယ်။

Battle of Anegawa(Aug 1570)
Battle of Anegawa ဟာ Nobunaga + Ieyasu တပ် ပေါင်းစုနဲ့ Azai-Asakura မဟာမိတ် နှစ်ဖွဲ့ တိုက်တဲ့ စစ်ပွဲဖြစ်ပါတယ်။ Nobunaga ဘက်က အနိုင်ရခဲ့ပါတယ်။ နောက်ပြီး ဒီ စစ်ပွဲဟာ Toyotomi Hideyoshi အတွက် ပထမဆုံး တပ်ကို ကွပ်ကဲပြီး တိုက်တဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

Siege of Odani(1573)
Anegawa စစ်ပွဲ အပြီး သုံးနှစ် အကြာ 1573 မှာ Nobunaga ဟာ Azai clan ရဲ့ ဗဟို ဖြစ်တဲ့ Odani Castle ကို ဝန်းရံခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ Azai clan ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Azai Nagamasa ဟာ ကိုယ့်ကိုကိုယ် သတ်သေ ခဲ့ပါတယ်။

Battle of Mikata ga Hara(Jan 1573)
Tokugawa Ieyasu နဲ့ အဲ့အချိန်အခါမှာ ဂျပန်ရဲ့ နာမည်ကြီး clan ဖြစ်တဲ့ Takeda clan (ခေါင်းဆောင် Takeda Shingen) တို့ တိုက်တဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ Takeda Shingen ရဲ့ စစ်နည်းဗျူဟာ စွမ်းရည်ကို ပြခဲ့တဲ့ စစ်ပွဲဖြစ်ပြီး Ieyasu ရဲ့ အဆိုးရွားဆုံးသော ရှုံးနိမ့်မှုတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

Battle of Honnoji(Jun 21 1582)
Nobunaga ဟာ အရှေ့ဂျပန်ကို သိမ်းနိုင်ခဲ့ပြီး နောက်မှာ ကျန်ရှိတဲ့ Mori clan ကိုသိမ်းဖို့ Hideyoshi ကို စေလွှတ်ခဲ့ပါတယ်။ နောက်ပြီး Hideyoshi က စစ်ကူ တောင်းတဲ့ အတွက် စစ်ကူ အနေနဲ့ Nobunaga ရဲ့ အတော်ဆုံးနဲ့ အယုံကြည်ဆုံး စစ်သူကြီးတွေထဲက တစ်ဦးဖြစ်တဲ့ Akechi Mitsuhide ကို သွားခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ Mitsuhide ဟာ စစ်ကူမသွားပဲ ပြန်လှည့်လာပြီး Kyoto မှာ ရှိတဲ့ Nobunaga နားနေတဲ့ Honnoji ဘုရားကျောင်းကို ဝန်းရံပြီး ဘုရားကျောင်းကို မီးရှို့ပြီး Nobunaga ကို လုပ်ကြံခဲ့ပါတယ်။ ရလဒ်ကတော့ Nobunaga ဟာ သူ့ကိုယ်သူ သတ်သေခဲ့ပြီး သူ့သား အကြီး  Nobutada နဲ့ ကိုယ်ရံတော်ဖြစ်တဲ့ Mori Ranmaru အပြင် အခြားသော Nobunaga ရဲ့ လက်အောက်ခံတွေလဲ သေဆုံးခဲ့ပါတယ်။

Battle of Yamazaki(1582)
Nobunaga သေဆုံးသွားတဲ့ အချိန်မှာ Hideyoshi ဟာ Mori clan နဲ့ စစ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Mitsuhide ဟာ Nobunaga ကို သတ်ပြီး နောက်မှာတော့ Hideyoshi ကို ကြားညှပ်တိုက်ဖို့ Mori clan ကို စာပို့ခဲ့ပါတယ်။ ဒါပေမဲ့ စာပို့တဲ့ ဆက်သားကို ကြားမှာ Hideyoshi က ဖမ်းမိ သွားပြီး Nobunaga သေသွားပြီဆိုတာကို သိခဲ့ပါတယ်။ ဒါနဲ့ Mori clan နဲ့ စစ် ခဏ ရပ်နားဖို့ စာချုပ် ချုပ်ပြီး Yamazaki မှာ Misuhide ရဲ့တပ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး Mitsuhide ရှုံးသွားခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ Hideyoshi ရဲ့ ဂျပန်ကို သိမ်းဖို့ ပထမဆုံး ခြေလှမ်းလို့ ဆိုရင်လဲ မမှားပါဘူး။

Battle of Shizugatake(May 1583)
ဒီတိုက်ပွဲဟာ Hideyoshi နဲ့ Nobunaga ရဲ့ တတိယသားဖြစ်တဲ့ Nobutaka ကို ထောက်ခံတဲ့ Shibata Katsuie တို့ တိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ Katsuie ရှုံးနိမ့်သွားပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့ပါတယ်။

Siege of Odawara Castle(1590)
ဒီ တိုက်ပွဲဟာ Hideyoshi နဲ့ Hojo clan တို့ တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ Hideyoshi ဟာ Odawara Castle ကို ဝန်းရံပြီး သုံးလ အကြာမှာ Hojo clan အညံ့ခံခဲ့ပါတယ်။ ဒီ တိုက်ပွဲအပြီး တစ်နှစ်အကြာ 1591 Kunohe စစ်ပွဲ အပြီးမှာတော့ Hideyoshi ဟာ ဂျပန် တစ်နိုင်ငံလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

Invasion of Korea(Imjin War) (1592-1598)
Hideyoshi ဟာ ဂျပန်ကို သိမ်းပြီး နောက်မှာတော့ တရုတ် ကို သိမ်းမယ် ဆိုပြီး ကိုရီးယားကို သံတမန် စေလွှတ်ပြီး လမ်းဖွင့်ခိုင်းပါတယ်။ ကိုရီးယားက လက်မခံပဲ ညင်းခဲ့တဲ့ အတွက် ကိုရီးယား-ဂျပန် စစ်ပွဲ စတင်ခဲ့ပါတော့တယ်။ ဒီစစ်ပွဲတွေမှာ အစပိုင်းမှာ ဂျပန်တွေ အသာစီးရခဲ့ပေမဲ့ နောက်ပိုင်း တရုတ် စစ်ကူတွေရောက်လာတာရယ်၊ နောက်ပြီး Yi-Sun-Shin ခေါင်းဆောင်တဲ့ ရေတပ်ရဲ့ အောင်မြင်မှုတွေရယ်ကြောင့် ဂျပန်တွေ ရှုံးခဲ့ပါတယ်။ ဒီစစ်ပွဲကြောင့် Hideyoshi ရဲ့အာဏာတွေ ယုတ်လျော့သွားတဲ့ အပြင် ရှုံးနိမ့်မှုတွေကြောင့် သူ့ရဲ့လက်အောက်ခံတွေဟာ Hideyoshi အပေါ် မကျေနပ်မှုတွေ များလာခဲ့ပါတယ်။ Hideyoshi သေပြီးနောက်မှာတော့ ဂျပန်တပ်တွေ ပြန်ဆုတ်ခွာခဲ့ပြီး ကိုရီးယားနဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Battle of Sekigahara(Oct 21 1600)
Toyotomi Hideyoshi သေပြီး နောက်မှာ Hideyoshi ရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ Ishida Mitsunari(အနောက်ပိုင်းတပ်) နဲ့ Tokugawa Ieyasu(အရှေ့ ပိုင်းတပ်) တို့ စစ်တိုက်ခဲ့ကြပါတယ်။ အင်အားအရ ကြည့်ရင်တော့ အနောက်ပိုင်းတပ်ဟာ အသာစီးရခဲ့ပါတယ်။ ဒါပေမဲ့ အဲ့တိုက်ပွဲမှာ အနောက်ပိုင်းတပ်စစ်သူကြီးဖြစ်တဲ့  Shimazu Yoshihiro ဟာ ဝင်မတိုက်ခဲ့ပါဘူး။ ဒါ့အပြင် Ieyasu ရဲ့ စည်းရုံးမှုကြောင့် အနောက်ပိုင်းတပ်က အချို့ daimyo တွေဖြစ်တဲ့ Wakisaka Yasuharu၊ Ogawa Suketada၊ Akaza Naoyasu နဲ့ Kutsuki Mototsuna တို့ဟာ Ieyasu ဘက်ကို ပါသွားခဲ့တာတွေကြောင့် စစ်ပွဲကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီစစ်ပွဲ အပြီးမှာတော့ Ieyasu ရဲ့ ဩဇာ ဟာ ဂျပန် တစ်နိုင်ငံလုံးကို လွှမ်းမိုးခဲ့ပါတယ်။

Siege of Osaka Castle(1614-1615)
ဒီတိုက်ပွဲကတော့ Ieyasu "shogun" ဖြစ်ပြီး  11 နှစ် အကြာမှာ တိုက်ခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ Ieyasu နဲ့ Hideyori(Ieyasu ရဲ့ သား) တို့ တိုက်ခဲ့ကြတဲ့ တိုက်ပွဲဖြစ်ပြီး Ieyasu နိုင်ခဲ့ပါတယ်။ Hideyori သေဆုံးခဲ့ပြီး Toyotomi clan ဟာလဲ နိဂုံး ချုပ်ခဲ့ပါတယ်။

3 Major Daimyo
Nobunaga ဟာ Owari ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ နောက်ပြီး ဂျပန်ကို ပြန်လည် တစ်စုတစ်စည်းထဲဖြစ်အောင် လုပ်ဆောင်ခဲ့သူလဲ ဖြစ်ပါတယ်။ Nobunaga ဟာ လက်အောက်ငယ်သားတွေကို ကောင်းကောင်းမဆက်ဆံဘူးလို့ ဆိုပါတယ်။ နောက်ပြီး ရန်သူတွေ အပေါ်မှာ ဘယ်သူဖြစ်ဖြစ် မငဲ့ညာပဲ ရက်စက်ပါတယ်။ ဒါကြောင့်လဲ Mitsuhide က လုပ်ကြံတာလို့ ဆိုပါတယ်။

Toyotomi Hideyoshi

Nobunaga နောက် ဆက်ခံတဲ့ လူပဲ ဖြစ်ပါတယ်။ သူဟာ Nobunagaတို့၊ Ieyasu တို့လို Samurai မိသားစုကနေ ဆင်းသက်လာတာ မဟုတ်ပါဘူး။ အောက်ခြေကနေတက်လာပြီး Daimyo ဖြစ်လာခဲ့သူလဲ ဖြစ်ပါတယ်။ သူ့ကို Nobunaga က လူကောင် သေးသေးပိန်ပိန်ဖြစ်လို့ "Little Monkey" လို့ ခေါ်တယ်လို့ဆိုပါတယ်။

Tokugawa Ieyasu

သူဟာ အခွင့်ကောင်းအခါကောင်းကို စောင့်နေပြီး Hideyoshi သေတဲ့ အချိန်မှပဲ အာဏာကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ 1600 ခုနှစ် Sekigahara စစ်ပွဲမှာ အနိုင်ရခဲ့ပြီး 1603 မှာ Shogun ဆိုတဲ့ ရာထူးကို ရခဲ့ပါတယ်။ သူ စတင်ခဲ့တဲ့ Tokugawa အစိုးရဟာ နှစ်ပေါင်း 200 ကျော်အောင် တည်တံ့ခဲ့ပါတယ်။

Sengoku မှ ထင်ရှားသော သူများ

Akechi Mitsuhide

သူဟာ Nobunaga ရဲ့ စစ်သူကြီးဖြစ်ပြီး Nobunaga ကို လုပ်ကြံခဲ့သူလဲ ဖြစ်ပါတယ်။ Battle of Yamazaki မှာ သေဆုံးသွားခဲ့ပါတယ်။ အချို့ ရာဇဝင် အဆို အရတော့ မသေပဲလွတ်မြောက်သွားပြီး ဘုန်းကြီး ဝတ်သွားတယ်လို့ ဆိုပါတယ်။

Azai Nagamasa

Nobunaga ရဲ့ ယောက်ဖ ဖြစ်ပြီး Anegawa စစ်ပွဲမှာ Nobunaga နဲ့ တိုက်ခိုက်ခဲ့ပြီး Odni Castle ကို ဝန်းရံတဲ့ တိုက်ပွဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ မသေခင်မှာ သူ့မိန်းမကို Nobunaga ဆီ ပြန်လွှတ်ခဲ့တဲ့လို့ ဆိုပါတယ်။

Chosokabe Motochika
Nobunaga ရဲ့ လက်အောက်ခံ ဖြစ်ပြီး ဂျပန်-ကိုရီးယား စစ်ပွဲမှာ ပါဝင်ခဲ့သူလဲ ဖြစ်ပါတယ်။


Date Masamune

သူဟာ Siege of Odawara Castle မတိုင်ခင်မှာ Hideyoshi လက်အောက်ကို ဝင်ခဲ့ပြီး Hideyoshi သေပြီး နောက်ပိုင်းမှာတော့ Ieyasu ကို ထောက်ခံခဲ့ပါတယ်။

Fuma  Kotaro
Hojo clan ရဲ့ ninja ဖြစ်ပြီး နာမည်ကြီး ninja တစ်ယောက်ဖြစ်ပါတယ်။ အချို့ ကောလဟာလ အဆိုအရတော့ နာမည်ကြီး ninja ဖြစ်တဲ့ Hanzo သေဆုံးသွားတာ သူ့ကြောင့်လို့ ဆိုကြပါတယ်။ သူ့ကို  Tokugawa အဖွဲ့တွေ ဖမ်းမိပြီး အသတ်ခံခဲ့ ရပါတယ်။


Hattori Hanzo
သူဟာ Ieyasu လက်အောက် က နာမည်ကြီး ninja တစ်ယောက် ဖြစ်ပါတယ်။

Honda Tadakatsu

သူဟာ Tokugawa Ieyasu ရဲ့ အကောင်းဆုံးသော စစ်သူကြီးလို့ ပြောရင် မှားမယ် မထင်ပါဘူး။ နောက်လိုက်တွေကို ချီးကျူးခဲတယ်လို့ ဆိုတဲ့ Nobunaga တောင် သူ့ကို "samurai တွေ ထဲက samrai"("samurai among samurai") လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

Ishida Mitsunari

သူဟာ Hideyoshi ရဲ့ လက်အောက်ခံဖြစ်ပြီး Sekigahara စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဖမ်းခံရပြီး အသတ်ခံခဲ့ရပါတယ်။

Kato Kiyomasa

Hideyoshi ရဲ့ စစ်သူကြီး တစ်ယောက်ဖြစ်ပြီး Ishida Mitsunari နဲ့ ပြိုင်ဘက်တွေဖြစ်ပါတယ်။ နောက်ပြီး သူဟာ Christian ဘာသာကို မုန်းသီးတယ် ဆိုပြီး နာမည်ကြီးတဲ့လူလဲ ဖြစ်ပါတယ်။ ကိုရီးယားကို ကျူးကျော်ချိန်မှာ သူနဲ့ Konishi Yukinaga တို့ဟာ အဓိက စစ်သူကြီးတွေ အဖြစ်ပါဝင်ခဲ့ပါတယ်။ Sekigahara စစ်ပွဲမှာ Ishida ကို မုန်းတဲ့ အတွက် Ieyasu နဲ့ ပူးပေါင်းခဲ့ပါတယ်။

Sanada Yukimura

Takeda clan ရဲ့ အမှူထမ်းဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Toyotomi Hideyoshi ရဲ့ လက်အောက်ခံ ဖြစ်လာပါတယ်။ Hideyori လက်အောက်မှာပါ ဆက်လက် အမှုထမ်းခဲ့ပါတယ်။ "အနှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ သူရဲကောင်း" လို့ ခေါ်ကြတယ်လို့လဲ ဆိုပါတယ်။

Shibata Katsuie
Nobunaga ရဲ့ daimyo တွေထဲက တစ်ဦးဖြစ်ပြီး  Shizugatake တိုက်ပွဲမှာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့ပါတယ်။

Takeda Shingen

သူဟာ နည်းဗျူဟာ ကျွမ်းကျင်တဲ့ နာမည်ကြီး Daimyo တစ်ယောက်ဖြစ်ပါတယ်။ Oda Nobunaga ရဲ့ ဩဇာ လွှမ်းမိုးမှုကို ရပ်နိုင်မဲ့ တစ်ဦးတည်းသော လူလို့လဲ ဆိုကြပါတယ်။ Mikata ga Hara စစ်ပွဲမှာ အနိုင်ရပြီး နောက်ပိုင်းမှာ Nobunaga နဲ့ Ieyasu ကို တိုက်ခိုက်ဖို့ ပြင်ဆင်တုန်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဘာကြောင့်သေလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ အချို့အဆိုအရတော့ ဒဏ်ရာဟောင်းကြောင့်လို့ ဆိုပြီး အချို့ကတော့ အဆုတ်ရောဂါ( Pneumonia) ကြောင့်လို့ ဆိုပါတယ်။

Comments

Popular posts from this blog

Lookism