Gintama



Gintama က Samurai, Comedy, Parody genre အမျိုးအစားထဲမှာ ပါပါတယ်။ Samurai anime ဆိုပြီး ပုံမှန် Samurai anime တွေလို  ဂျပန် အလယ်ခေတ် သမိုင်းကြောင်းကိုပြ၊ အချင်းချင်းတိုက်တာ ခိုက်တာတွေကို စိတ်ဝင်စားအောင် ပြထားတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီ anime မှာ ဂျပန်နိုင်ငံရဲ့ Edo ခေတ်နဲ့ ကမ္ဘာကြီးကို ဂြိုဟ်သားတွေ ကျူးကျော်လာတာကို ရောသမ မွှေပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဒီ anime ရဲ့ အဓိက ဇာတ်ကောင်ကတော့ အရင် Samurai ဖြစ်ခဲ့တဲ့ သစ်သားဓားကိုသာ အမြဲကိုင်ထားတဲ့ Sakata Gintoki ပဲ ဖြစ်ပါတယ်။

Amento လို့ ခေါ်တဲ့ ဂြိုဟ်သားတွေ ကျူးကျော်လာပြီးနောက် လက်နက်အင်အား မမျှတာကြောင့် Bakufu (Shogun) အစိုးရက လက်နက်ချခဲ့ပြီး ဂျပန်မှာ Amento တွေ လွှမ်းမိုးနေတဲ့ အချိန်ဆိုလဲ မမှားပါဘူး။ အဲ့ အချိန်မှာ Sakata Gintoki ဟာ Yorozuya လို့ခေါ်တဲ့ အခကြေးငွေယူပြီး အလုပ်လုပ်ပေးတဲ့ အဖွဲ့လေးကို ဖွဲ့ထားပါတယ်။ အဲ့ အဖွဲ့မှာပါတာကတော့ Gintoki ရယ်၊ လူ အစား မျက်မှန်ကိုသာ ပို ဦးစားပေး ခံရတဲ့ Shinpachi ရယ်၊ တရုတ် မိန်းကလေး ပုံစံနဲ့ Kagura ရယ်တို့ အပြင် ခွေးလေး ဖြစ်တဲ့ Sadaharu တို့ပဲ ဖြစ်ပါတယ်။

နောက်ပြီး ဒီ anime က parody လဲ ဖြစ်တဲ့ အတွက် တခြား နာမည်ကြီး anime တွေဖြစ်တဲ့ Dragonball, Naruto, Bleach စတဲ့ anime တွေထဲကဟာတွေကို သရော်ထားတာတွေ ဘာတွေ ပါ ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ နာမည်ကြီး anime တွေ ကြည့်ဖူးပြီးမှသာ Gintama ကို ကြည့်ပါလို့ ပြောချင်ပါတယ်။ Gintama မှာ battle arc တွေလဲ ကြိုကြား ကြိုကြား ရှိပါတယ်။ ပေါရင် ဘယ် anime မှ လိုက်မမှီအောင် ပေါပေမဲ့ Battle Arc တွေမှာလဲ ပက်ပက်စက်စက် ကြမ်းပြီး ဇာတ်ရှိန်က မလျော့သွားပါဘူး။ နောက်ပြီး ပြောတဲ့ စကားတွေက Naruto ရဲ့ Talkie no jutsu ထက် ကောင်းပါတယ်။ (ဟီး) :P

ဒါပေမဲ့ ဒီ anime ကို ကြည့်ရင် စစချင်းမှာတော့ ပေါတောတောနဲ့ တအားပျင်းဖို့ ကောင်းတယ်လို့ ခံစားရပါလိမ့်မယ်။ ဆက်ကြည့်ပြီး နောက်ပိုင်းမှာတော့ ကြိုက်သွားပြီး Gintama မှ Gintama ဖြစ်သွားပါလိမ့်မယ်။ ကျနော်လဲ အစက နည်းနည်း ကြည့်ပြီး ပျင်းလို့ ရပ်ထားတာ။ နောက်မှ ပြန်ကြည့်ပြီး တော်တော်ကြီးကို ကြိုက်သွားပါတယ်။ ကျနော့ရဲ့ အကြိုက်ဆုံး anime တွေထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။

ဒါကြောင့် ဒီ anime က ကြည့်သင့်တဲ့ anime တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး Gintama ရဲ့  movie တွေ ဖြစ်တဲ့ Benizkura Arc နဲ့  Yorozuya yo Eien Nare (Be Forever Yorozuya) ကလဲ ကြည့်လို့ကောင်းပါတယ်။

Comments

Popular posts from this blog

Lookism