Bakuman



ဒီ anime ရဲ့ manga ကို ရေးတဲ့ သူဟာ Death Note ကို ရေးခဲ့တဲ့ Tsugumi Ohba နဲ့ Takeshi Obata တို့ပဲ ဖြစ်ပါတယ်။ Death Note manga ရဲ့ အောင်မြင်မှု ရပြီး နောက်ပိုင်းမှာ fan တွေဟာ ဒီ mangaka နှစ်ယောက် ပေါင်းပြီး manga တစ်ခု လုပ်ကြအုံးမယ်လို့ မျှော်လင့်ထားပေမဲ့လဲ ဒီ manga ဟာ Death Note ဇာတ်လမ်းပုံစံ Thriller type ကို သွေဖယ်ပြီး ဒီလို ပုံစံ manga(Shounen, romance genre) မျိုး ရေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။

ဇာတ်လမ်းကို ပြောရင်တော့ Mashiro Moritaka ဟာ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါခဲ့ပါတယ်။ သူ့ ဦးလေးဟာ mangaka တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ဦးလေးကို ငယ်ငယ်တည်းက အားကျခဲ့သူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဦးလေးဟာ manga ကို တအားဆွဲပြီး သေဆုံးခဲ့ပြီး နောက်မှာတော့ Mashiro ဟာ ရည်မှန်းချက်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ သူနဲ့ အတန်းတူ ဖြစ်တဲ့ Takagi Akito ဟာ သူ ပုံဆွဲတာကို တွေ့ပြီး သူနဲ့ အတူ Mashiro ကို manga ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ နှစ်ယောက်ဟာ manga လောက ထဲကို ဝင်ရောက်လာပါတယ်။

နောက်ပြီး ဒါက romance genre လဲ ဖြစ်တဲ့ အတွက် တစ်ဖက်မှာတော့ Mashiro ကြိုက်နေတာကတော့ Azuki Miho ဖြစ်ပါတယ်။ Miho ရဲ့ ရည်မှန်းချက်ကတော့ Seiryu (အသံသရုပ်ဆောင်) ဖြစ်ပါတယ်။ Mashiro က Miho ကို ချစ်ရေးဆိုခဲ့ပြီး Miho က လက်ခံခဲ့ပြီးတော့ Mashiro ရဲ့ manga ဟာ anime အဖြစ် လွှင့်တဲ့ အချိန်ကြရင် အဲ့ anime ရဲ့ heroine ရဲ့ အသံသရုပ်ဆောင်အနေနဲ့ Miho က သရုပ်ဆောင်ပြီး နောက်မှာတော့ သူတို့ လက်ထပ်မယ်လို့ ကတိကဝတ် ထားခဲ့ကြပါတယ်။ (Ideal Dream လို့ ပြောရမလား မသိ)
:P

ဒီ anime မှာ manga ရေးရတာ ခက်ခဲတာတွေ၊ manga က serialization ဖြစ်ဖို့ မလွယ်တာ ၊ ပြိုင်ဘက် များတာ စတာတွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ anime ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး အခန်းတွေကို ပြောပါဆိုရင် mangaka တွေ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ကြတဲ့ အခန်းတွေပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ ဒီ anime က တခြား shounen anime တွေလို ဓားကိုင်ပြီး မပြိုင်ပဲ ပုံဆွဲခဲတံ ကိုင်ပြီး ပြိုင်တဲ့ mainstream မဟုတ်တဲ့ shounen genre လို့ ဆိုရမှာပါ။

Cultural References

နောက်ပြီး ဒီထဲက character တွေဟာ Death Note ထဲက character တွေနဲ့ နည်းနည်း ဆင်တယ်လို့ ဆိုနိုင်ပါတယ်။
Takagi က Light နဲ့ ဆင်ပြီး Shun Shiratori က Near နဲ့ ဆင်တယ်လို့ ဆိုပါတယ်။
Hattori Akira ကတော့  Death Note က  Ryuk နဲ့ ဆင်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒီ Bakuman က character တွေက အပြင်လောက က လူတွေကို မှီငြိမ်းပြီး ယူထားတယ်လို့ ဆိုပါတယ်။

Mashiro နဲ့ Takagi ဟာ manga နှစ်ယောက် ဖြစ်တဲ့ Tsugumi Ohba နဲ့Takeshi Obata ကို သူတို့ကိုယ် သူတို့ မှီငြိမ်းထားတာ ဖြစ်နိုင်ပါတယ်။



Niizuma Eiji ဟာ One Piece ရဲ့ mangaka ဖြစ်တဲ့ Oda Eiichiro က ယူထားတာ ဖြစ်နိုင်ပါတယ်။ ဒီထဲက character ဖြစ်တဲ့ Niizuma ရော အပြင်လောက က Oda ပါ mainstream battle manga ရေးရာမှာ တော်တဲ့ သူတွေ ဖြစ်ပါတယ်။



နောက်ပြီး Hiramaru ရဲ့ တိရိစ္ဆာန်ပုံတွေ ဆွဲတာ တော်တာ၊ gag manga မှာ ပါရမီပါတာ၊ အယ်ဒီတာကို မကြာခဏ ဒေါသဖြစ်အောင် လုပ်တာ ၊ အပျင်းကြီးတာ စတဲ့ စရိုက်တွေက Gintama ရဲ့ mangaka ဖြစ်တဲ့ Sorachi Hideaki နဲ့ ဆင်တယ်လို့ ဆိုပါတယ်။


Mashiro ရဲ့ ဦးလေး character ဖြစ်တဲ့ Nobuhiro ကတော့ gag manga နဲ့ နာမည်ကြီးတဲ့ Hiroshi Gamo နဲ့ နှိုင်းယှဉ်လို့ ရပါတယ်။



Aoki ရဲ့ romance manga တွေမှာ တော်တာကျတော့ Ichigo 100 % ၊ Hatsukoi Limited နဲ့ Ane Doki စတဲ့ manga တွေ ရေးခဲ့တဲ့ Kawashita Mizuki နဲ့ ဆင်တယ်လို့ ဆိုရပါမယ်။

Comments

Popular posts from this blog

Lookism