One Piece


One Piece ဟာ တခြား manga၊ anime တွေလို သရဲ ၊ တစ္ဆေ၊ ninja စတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုတွေကို နောက်ခံပြုထားတာ မဟုတ်ပဲ ၁၇ ရာစု ပင်လယ်ဓားပြတွေကို ကျောရိုးနောက်ခံ အနေနဲ့ ဇာတ်လမ်းတည်ဆောက် ထားတာဟာ ဒီ anime ရဲ့ တမူ ထူးခြားတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး One Piece လို long series ဟာ ဒီလိုမျိုး ဇာတ်အိမ်နဲ့မှသာ အရှည်ကြီး ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ One Piece ရဲ့ mangaka ဖြစ်တဲ့ Oda ရဲ့  ဖန်တီးနိုင်စွမ်း ကြောင့်လဲ ဖြစ်ပါတယ်။ အခုဆို One Piece က အပိုင်း 600 ကျော်နေပါပြီ။ ဒါပေမဲ့လဲ ဇာတ်လမ်း အရ တစ်ဝက်လောက်ပဲ ရှိသေးတယ်လို့ ဆိုလို့ ရပါတယ်။

ဇာတ်လမ်းရဲ့ အစမှာတော့ အလွန်ချမ်းသာကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ ပင်လယ်ဓားပြ ဘုရင် Gold D Roger ကို လူလယ်ခေါင်မှာ ကြိုးပေးတာကနေ စပြီး ပြထားခဲ့ပါတယ်။ Roger ဟာ သူ အသတ်သေခါနီးမှာ "အဲ့ အရာကို မင်းတို့ ရှာလို့တွေ့ရင် ယူနိုင်တယ်" ဆိုပြီး ပြောခဲ့ပါတယ်။ သူရဲ့ နောက်ဆုံး စကားကြောင့် လူတွေဟာ သူ့ရဲ့ ရတနာ ဖြစ်တဲ့ One Piece ကို ရှာကြရာကနေ ပင်လယ်ဓားပြခေတ်ကြီး စတင် ခဲ့ပါတော့တယ်။

ဒီ series ရဲ့  main protagonist ဖြစ်တဲ့ Luffy ဟာ ပင်လယ်ဓားပြ ဘုရင် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ရွာကနေ တစ်ယောက်ထဲ ပင်လယ်ကို ခရီး ထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လမ်းခရီးမှာ သူငယ်ချင်းတွေရ သူ့ crew တွေ ဖြစ်ပြီး "Strawhat pirates" ဆိုပြီး နာမည်ကြီး ပင်လယ်ဓားပြ အဖွဲ့ ဖြစ်လာခဲ့ပါတယ်။

Strawhat pirates တွေအကြောင်း ကို တစ်ဦးချင်း နည်းနည်းစီ ပြောပါမယ်။

1. Monkey D Luffy

Luffy ကတော့ ဒီ series ရဲ့ main character ဖြစ်ပြီး Strawhats Pirates ရဲ့ ခေါင်းဆောင်လဲ ဖြစ်ပါတယ်။ သူ့ အဖိုးကတော့ ရေတပ် လက်ထောက်ဗိုလ်ချုပ်ဖြစ်ပြီး သူ့ အဖေကတော့ အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေး ခေါင်းဆောင်ဖြစ်ပါတယ်။ Luffy ဟာ အစားကြီးပြီး Gomu Gomu no Mi ကို စားထားတဲ့ Devil Fruit user လဲ ဖြစ်ပါတယ်။
(အသေးစိတ် ဖတ်ချင်ရင်တော့ ဒီကိုသွားပါ။
Click Here
)


2. Rorona Zoro

သူကတော့ Strawhat Pirates ရဲ့ ဒုတိယမြောက် အဖွဲ့ဝင် ဖြစ်ပါတယ်။ သူဟာ အရင်က Pirate Hunter ဖြစ်ခဲ့ပြီး Luffy နဲ့ တွေ့ပြီးနောက်မှာတော့ Strawhat Pirates ရဲ့ အဖွဲ့ဝင် ဖြစ်လာပါတယ်။ အမြဲ လမ်းပျောက်တတ်တာဟာ သူ့ရဲ့  trait လို့ ဆိုရမယ် ထင်တယ်။ :P





3. Nami

သူကတော့ Strawhat Pirates အဖွဲ့ထဲကို တတိယမြောက် ဝင်လာတဲ့ သူဖြစ်ပြီး ရေကြောင်းလမ်းပြတဲ့ နေရာမှာ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်ပါတယ်။ ငွေလဲ အရမ်း မက်တဲ့ သူဖြစ်ပါတယ်။



4. Usopp

သူကတော့ လိမ်တတ်လွန်းလို့ လူလိမ်ဆိုပြီး နာမည်ကြီးတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ကတော့ Sniper ဖြစ်ပါတယ်။







5. Sanji

သူကတော့ မိန်းမမြင်ရင် ငမ်းငမ်းတက်တဲ့ Strawhat Pirates ရဲ့ စာဖိုမှူး ဖြစ်လာတဲ့ လူပဲ ဖြစ်ပါတယ်။







6. Tony Tony Chopper

သူကတော့ ဒရယ် ဖြစ်ပြီး Devil Fruit ကို စားထားတဲ့ အတွက် လူစကားပြောနိုင်ပါတယ်။ Strawhat Pirates ရဲ့ ဆရာဝန် ဖြစ်ပါတယ်။








7. Nico Robin

သူကတော့ သမိုင်း သုတေသန ပညာရှင် ဖြစ်ပါပြီး အသက်ငယ်ငယ် ထဲက ဖမ်းဝရမ်း အထုတ်ခံခဲ့ ရတဲ့ သူ ဖြစ်ပါတယ်။





8. Franky

သူကတော့ သင်္ဘောတည်ဆောက်တဲ့လူ ဖြစ်ပြီး Strawhat Pirates ရဲ့ သင်္ဘောထိန်းသိမ်းရေး တာဝန်ကို ယူထားပါတယ်။






9. Brook

Brook ကတော့ Strawhat Pirates တွေထဲမှာ အသက် အကြီးဆုံး ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ကတော့ ဂီတဆရာပါ။











One Piece မှာတော့ character တွေဟာ unique ဖြစ်ပါတယ်။ Character တိုင်းဟာ သူ့ထူးခြားချက် ကိုယ်စီရှိပါတယ်။ (သိချင်ရင် ကြည့်ပေါ့နော် :p)

နောက်ပြီး One Piece မှာ အချို့သော အရာတွေကို သေချာ ရှင်းပြထားတာ မရှိသေးပါဘူး။ ဥပမာ ပြောရရင် Devil Fruit ကို စားထားတဲ့လူက ရေကူးနိုင်တဲ့ အစွမ်း မရှိတော့ဘူးလို့ ဆိုတယ်။ ဘာကြောင့်လဲ ဆိုတာ မပြောထားပါဘူး။ နောက် ဥပမာကတော့ ကျွန်းတွေဟာ တစ်ခုနဲ့ တစ်ခု ရာသီဥတု မတူတာတို့ စတာတွေကို ထူးခြားချက်လို့သာ ပြောထားပြီး သိပ်မရှင်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ဇာတ်လမ်း အနေနဲ့ ပြောရင်တော့ တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းက စွဲဆောင်မှု ကောင်းလွန်းလို့ Episode တစ်ခုပြီး တစ်ခု မနားပဲ ကြည့်ချင်မိလိမ့်မယ်လို့ အာမခံပါတယ်။ အစပိုင်းမှာတော့ animation ညံ့ပေမဲ့ နောက်ပိုင်းမှာ ကောင်းလာတာ တွေ့ရပါမယ်။

One Piece ကို မကြည့်ဖူးသေးသောသူများ အပိုင်းတွေ များလွန်းလို့ မကြည့်တော့ဘူးလို့တော့ မလုပ်လိုက်ပါနဲ့။ နည်းနည်းပဲ ဖြစ်ဖြစ် စမ်းကြည့် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ shounen ၊ mainstream battle type တွေ ကြိုက်တဲ့ လူတွေ အတွက် ကြည့်သင့်တဲ့ anime ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism