Four Emperors (Yonko)


Yonko ဒါမှမဟုတ် ဘုရင်လေးပါး (လို့ ပြောရမလား မသိ) - သူတို့ကတော့ One Piece ထဲမှာ လောကကြီးကို ခြယ်လှယ်နေတဲ့ အဖွဲ့ကြီး သုံးဖွဲ့ (Marine၊ Yonko၊ Shichibukai) ထဲက တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ New World (Shinsekai ) ကို လွှမ်းမိုးထားကြပြီး သူတို့ ပိုင်ဆိုင်ရာ နယ်မြေတွေမှာတော့ ဘုရင်တစ်ပါးတစ်ဖွယ် နေကြတယ်လို့ ဆိုပါတယ်။ Marineford Arc မတိုင်ခင်တုန်းက Yonko တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

1. Shirohige ( White Beard )
2. Shanks
3. Charlotte Linlin
4. Kaido

Marineford Arc အပြီးမှာတော့ White Beard ဟာ သေသွားခဲ့ပြီး နှစ်နှစ် အကြာမှာ Marshall D. Teach ဟာ အရင် White Beard ရဲ့ နယ်မြေတွေကို ပြန်သိမ်းခဲ့ပြီး Yonko ဆိုတဲ့ ရာထူးကို ဆက်ခံခဲ့ပါတယ်။

5. Marshall D. Teach

1. Whitebeard

Whitebeard ကတော့ ပင်လယ်ဓားပြဘုရင် ဖြစ်တဲ့ Gold D Roger ရဲ့ ပြိုင်ဘက်ဖြစ်ပြီး Gold D Roger သေပြီးနောက်ပိုင်းမှာတော့ Whitebeard ကို လောကမှာ အစွမ်းအထက်ဆုံးဆိုပြီး လူတွေက သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Whitebeard ရဲ့ အရှိန်အဝါကြီးလာတော့ Marine က ရှိသမျှ အင်အားတွေနဲ့ Whitebeard ကို ရင်ဆိုင်ဖို့ လုပ်ရာကနေ Battle of Marineford ဖြစ်ခဲ့ပါတယ်။ အဲ့စစ်ပွဲနောက်မှာတော့ Whitebeard သေဆုံးသွားခဲ့ပြီး Marine ရဲ့  ခေါင်းဆောင်ဖြစ်တဲ့ Sengoku ရော Vice-admiral ဖြစ်တဲ့ Garp ရော ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။ (Fleet Admiral ရာထူးကို ဆက်ခံဖို့ Aokiji နဲ့ Sakazuki တို့ ပြိုင်ခဲ့ကြပြီး Aokiji ရှုံးသွားတော့ သူလဲ ရာထူးက အနားယူလိုက်ပါတယ်။)

(Whitebeard အကြောင်း ရေးထားတာကတော့ ဒီမှာ ဖတ်နိုင်ပါတယ်။
Read More
)
2. Shanks


သူကတော့ Red-haired Pirates တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး Gold D Roger ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။ Luffy ငယ်ငယ်တုန်းက တွေ့ခဲ့ပြီး Luffy ကို ဦးထုပ်ပေးခဲ့တဲ့ လူလဲ ဖြစ်ပါတယ်။ Luffy ဟာ ပင်လယ်ဓားပြ ဖြစ်သွားချင်တာဟာ  သူ့ကြောင့်လဲ ပါတယ်လို့ ဆိုလို့ရပါတယ်။ Battle of Marineford မှာ ရောက်လာပြီး စစ်ပွဲကို အပြီးသတ်ပေးခဲ့ပါတယ်။

3. Charlotte Linlin (Big Mom)

သူကတော့ Yonko တွေထဲမှာ တစ်ဦးတည်းသော အမျိုးသမီး Yonko ပဲ ဖြစ်ပါတယ်။ သူကတော့ သိပ်မပါသေးပေမဲ့ Teach ကို တားဆီးနိုင်တဲ့ လူတွေထဲက တစ်ယောက်လို့ ဆိုပါတယ်။ Luffy ကတော့ New World မရောက်ခင်ကထဲက Big Mom ကို စိမ်ခေါ်ခဲ့ပါတယ်။ :P

4. Kaido

သူကတော့ အခုထိ anime ထဲမှာ မပါသေးပါဘူး။ Trafalga Law ရဲ့ အဆို အရတော့ Kaido ဟာ လောကမှာ အစွမ်းအထက်ဆုံး သတ္တဝါလို့ ဆိုပါတယ်။ Whitebeard ကို စိမ်ခေါ်ရဲတဲ့ လူအနည်းစုထဲက တစ်ဦးလို့လဲ ပြောကြပါတယ်။

5.  Marshall D. Teach (Blackbeard)

 Teach ကတော့ အရင်က Whitebeard Pirates ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ White Beard ကို သစ္စာဖောက်ပြီး Marine နဲ့ ပူးပေါင်းပြီးတော့ Shichibukai ရာထူးကို ယူခဲ့ပါတယ်။ နောက်တော့ နှုတ်ထွက်လိုက်ပြီး လက်ရှိမှာတော့ Yonko တစ်ယောက် အနေနဲ့ အသိအမှတ် အပြုခံထားရပါတယ်။

Comments

Popular posts from this blog

Lookism