Kore wa Zombie Desu ka



ဒီ anime အမျိုးအစားကတော့ comedy, harem အမျိုးအစားဖြစ်ပါတယ်။
ဒီ anime ရဲ့ ဇာတ်လမ်းကတော့ တစ်ယောတ်တည်းနေတဲ့ အထက်တန်း ကျောင်းသား ဖြစ်တဲ့ Aikawa Ayumu ဟာ တစ်နေ့မှာ အသတ်ခံရပြီးတော့ မှော်ဆရာမ (Necromancer) တစ်ယောက်က သူ့ကို zombie အဖြစ် ပြောင်းလိုက်ရာကနေ စထားပါတယ်။ Aikawa ဟာ zombie ဖြစ်သွားပြီးနောက်မှာတော့ သူငယ်ချင်းတွေ တဖြည်းဖြည်း ရလာတာကို ပြထားပါတယ်။

plot ကို ပြောရရင်တော့ တချို့ဟာတွေက သိပ်ပြီး မရှင်းပြထားဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာ ပြောရရင် မကောင်ဆိုးဝါးတွေက လာတိုက်ခိုက်တာ ဘာလို့ တိုက်လဲဆိုတာကို Necromancer အစွမ်းရဲ့ ဆွဲဆောင်မှုကြောင့်လို့ပဲ ဆိုထားပြီး အသေးစိတ်ကျကျ မရှင်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ အဓိကဇာတ်လမ်းက protagonist ရဲ့ harem ကို ဦးတည်ပြီး ပြတာဖြစ်တဲ့ အတွက် ကြည့်တဲ့သူတွေကို ဇာတ်လမ်းထက် ဇာတ်ကောင်ဖက်ကိုပဲ အသားပေးပြီး ကြည့်စေချင်ပုံ ပေါ်ပါတယ်။

character တွေကတော့ တော်တော် unique ဖြစ်ပါတယ်။ မိန်းကလေးဇာတ်ကောင် design လှပြီး character တွေက loli ကနေ sexy character တွေ အထိ ပါပါတယ်။
နောက်ပြီး ဒီ anime မှာ အဓိက ဇာတ်ကောင်က သူ့အစွမ်းကို သုံးရင် cross-dresser ဖြစ်သွားပါတယ်။ (အဲ့လိုမျိုး ဒီ anime မှာပဲ ရှိတယ် ထင်တယ် :P)

ပြောရရင်တော့ ဒီ anime က တော်တော် ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ harem တို့ ecchi တို့ ကြိုက်တဲ့ လူတွေ အတွက် ကြည့်သင့်တဲ့ anime လဲ ဖြစ်ပါတယ်။

Comments

Unknown said…
how to download?

Popular posts from this blog

Lookism