Magi ရှင်းတမ်း

Characters

Solomon


ဒီ anime မှာ Solomon ဆိုတဲ့ နာမည်ကို မကြာခဏ ပြောတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနာမည်ကတော့ အာရေဗျစ် ဘာသာစကားနဲ့ဆို "ငြိမ်းချမ်းမှု" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ King Solomon ဟာ သမိုင်းအရ အစ္စရေးနိုင်ငံ ဘုရင် ဖြစ်ခဲ့ပြီး ခရစ်ယာန်ကျမ်းစာ၊ အစ္စလမ်ကျမ်းစာ၊ ဟီဗရူးကျမ်းစာတွေမှာ အညွှန်းခံရတဲ့ ဘုရင်ပဲ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်တယ်လို့လဲ ဆိုကြပါတယ်။
Ref:

Aladdin


Aladdin ကတော့ ဒီ anime ရဲ့ အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ "တစ်ထောင့်တစ်ည ပုံပြင်"ထဲက ဇာတ်ကောင် ရဲ့ နာမည်ကို ယူထားတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ သူဟာ Magi တစ်ယောက်ဖြစ်ပြီး Solomon ရဲ့  ဉာဏ်ပညာကို ရထားတယ်လို့ ဆိုပါတယ်။
Ref:

Alibaba Saluja





Alibaba ဟာလဲ "တစ်ထောင့်တစ်ည ပုံပြင်" ကပဲ ဖြစ်ပြီး ဒီ anime မှာတော့ Aladdin နဲ့ သူငယ်ချင်း ဖြစ်ပါတယ်။
Ref:

Morgiana


Morgiana ဟာ "တစ်ထောင့်တစ်ည ပုံပြင်"  ထဲက Alibaba ကို ကယ်ခဲ့တဲ့ သူ့ရဲ့ အစေခံရဲ့ နာမည်လို့ ဆိုပါတယ်။ ဒီ anime မှာတော့ သူဟာ ငယ်ငယ်က ကျွန်အနေနဲ့ ရောင်းစားခံရပြီး Alibaba၊ Aladdin တို့နဲ့ တွေ့ပြီး နောက်မှာတော့ ကျွန်ဘဝက လွတ်ပြီး သူတို့တွေ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။

Ref:

Hakuryuu Ren


သူကတော့ Kou Empire ရဲ့  ၄ ယောက်မြောက် မင်းသားဖြစ်ပြီး Hakuryuu ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ "နဂါးဖြူ" ဖြစ်ပါတယ်။ တရုတ်လိုဆိုရင်တော့  Báilóng လို့ အသံထွက်မှာ ဖြစ်ပါတယ်။
Ref:

Sinbad


သူကတော့ "Sindria" ရဲ့ ဘုရင်ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်က "Sindh ရဲ့ သခင်" လို့ အဓိပ္ပာယ်ရပါတယ်။ "Sindh" ဆိုတာဟာ ဟိန္ဒူ စကားနဲ့ အိန္ဒု မြစ်(Indus River) ကို ခေါ်တာ ဖြစ်ပြီး "Sindria" ဆိုတဲ့ နာမည်က "Sindh" ကနေ ယူလိုက်ပုံပေါ်ပါတယ်။
Ref:

Kingdoms

Balbadd


Balbadd ဟာ Alibaba ရဲ့  တိုင်းပြည်ဖြစ်ပါတယ်။ ပင်လယ်နားမှာ တည်ရှိပြီး ကူးသန်းရောင်းဝယ်ရေး အတွက် အချက်အခြာကျတဲ့ နိုင်ငံလဲ ဖြစ်ပါတယ်။ Balbadd ဟာ Lebanon နိုင်ငံ Sidon မြို့ကို မှီငြိမ်းထားတာ ဖြစ်နိုင်ပါတယ်။
Ref:

Parthevia Empire


Parthevia Empire ဟာ Sinbad ကြီးပြင်းခဲ့တဲ့ နိုင်ငံလို့လဲ ဆိုပါတယ်။ ဒီ anime မှာတော့ Parthevia Empire ဟာ Reim Empire နဲ့ စစ်ဖြစ်ခဲ့ပြီး တချို့နယ်မြေတွေကို လက်လွတ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒီ Empire ကတော့ ပါရှန်အင်ပါယာ(Persian Empire) ကို မှီငြိမ်းထားတာ ဖြစ်နိုင်ပြီး Parthevia-Reim နဲ့ ဖြစ်တဲ့ ပြဿနာတွေဟာ သမိုင်းမှာ ဖြစ်ခဲ့တဲ့ ပါရှန်-ရောမ ပြဿနာတွေ  (Persia-Rome conflicts) နဲ့ ဆင်တယ်လို့ ဆိုပါတယ်။
Ref:

Magnostadt


Magnostadt ကတော့ ဒီ anime မှာ မှော်ဆရာတွေရဲ့ တိုင်းပြည်လို့ ဆိုပါတယ်။ Magnostadt ဟာ လက်တင်(Latin) ဘာသာစကား ဖြစ်တဲ့ "ကြီးမြတ်မှု" လို့ အဓိပ္ပာယ်ရတဲ့ "Magnus" နဲ့ "မြို့" လို့ အဓိပ္ပာယ်ရတဲ့ ဂျာမန်စကား "Stadt" တို့ကို ပေါင်းထားတယ်လို့ ဆိုပါတယ်။ ယခင်က Parthevia Empire ရဲ့  ကျူးကျော်မှုကို ခံရပြီး magician တွေကြောင့် Magnostadt  အောင်ပွဲရခဲ့တယ်လို့ ဆိုပါတယ်။
Ref:

Reim Empire


Reim Empire ကတော့ magi ဖြစ်တဲ့  Scheherazade စောင့်ရှောက်တဲ့ ကြီးမားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ Reim က ဝတ်စားဆင်ယင်ပုံ၊ ယဉ်ကျေးမှု စတာတွေဟာ သမိုင်းက ရောမအင်ပါယာ(Roman Empire) နဲ့ ဆင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Ref:

Kou Empire


Kou Empire ဟာ တရုတ်နိုင်ငံကို မှီငြိမ်းထားတာ ဖြစ်ပါတယ်။ ရောမအင်ပါယာ(Roman Empire) နဲ့ ခေတ်ပြိုင်လောက် ကျတာကတော့ ဟန်မင်းဆက်(Han Dynasty) ဖြစ်ပြီး Han Dynasty ရဲ့ ပုံစံတွေကို ယူထားပုံပေါ်ပါတယ်။ Anime ထဲမှာလဲ အရှေ့ဘက်မှာ Kou နဲ့ အနောက်ဘက်မှာ Reim ဆိုပြီး အင်အားကြီးနိုင်ငံ နှစ်ခုဆိုပြီး ဆိုထားတာ တွေ့ရမှာဖြစ်ပါတယ်။
Ref:


Sindria Kingdom


Sindria ရဲ့ ပုံစံ ကြည့်လိုက်ရင် အိန္ဒိယ ပုံစံ ဖြစ်နေတာ တွေ့ပါလိမ့်မယ်။ အပေါ်မှာ ပြောထားတဲ့ အတိုင်း Sindria ဟာ အိန္ဒု မြစ်(Indus River) ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ Sindh ဆိုတဲ့ စာလုံး ကနေဆင်းသက်လာပုံရပါတယ်။ Sindria ကတော့ Han Dynasty နဲ့ ခေတ်ပြိုင်လောက် ဖြစ်တဲ့ Mauryan Dynasty ရဲ့ ပုံစံကို မှီငြိမ်းထားတာ ဖြစ်နိုင်ပါတယ်။

အောက်က ပုံကတော့ Mauryan Dynasty ရဲ့  ပထမဆုံးဘုရင်ဖြစ်တဲ့ Chandragupta Maurya ရဲ့ ပုံဖြစ်ပြီး ဝတ်ထားတာဟာ Sinbad ရဲ့ ဝတ်စားပုံနဲ့ ဆင်နေတာ တွေ့ရပါမယ်။

Ref:


Maps


အောက်က မြေပုံနှစ်ခုကတော့ fan တစ်ယောက်က Magi ထဲက တိုင်းပြည်တွေကို မှန်းပြီး ဆွဲထားတယ်လို့ ဆိုပါတယ်။




ဒီပုံကတော့ Magi Season 2 မှာ ပါတဲ့ မြေပုံပါ။

Ref:


Comments

Popular posts from this blog

Lookism