Magi

Episodes - Season 1 - 25 episodes, Season 2 - 25 episodes

ဒီ anime ရဲ့ manga ကို Shinobu Ohtaka က ရေးတာဖြစ်ပါတယ်။ အာရေဗျီရ တစ်ထောင့်တစ်ည ပုံပြင်(Arabian Nights) ထဲက ဇာတ်ကောင်တွေကို အခြေခံပြီး ဇာတ်အိမ် ဖွဲ့ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ genre ကတော့ adventure, comedy, shounen genre ဖြစ်ပါတယ်။

ဒီမှာ Rukh ဆိုတာ soul (ဝိညာဉ် လို့သုံးမယ် ထင်တယ်) ဖြစ်ပါတယ်။ "Magi" ကတော့ Rukh တွေရဲ့ အကူအညီနဲ့ အစွမ်းထက်ပြီး magi ရဲ့ တာဝန်ဟာ ဘုရင် ရွေးချယ်ရမယ့် တာဝန်လို့ ဆိုပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Aladdin ဟာ magi ဖြစ်ပြီး နောက်ပိုင်းမှာတော့ Alibaba၊ Morgiana တို့နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး စွန့်စားခန်းခရီးအတူတူ ထွက်ခဲ့ပါတယ်။
Season 2 မှာတော့ တစ်ယောက် တစ်နေရာဆီသွား၊ ပညာတွေရှာပြီး တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Animation ကလဲ တော်တော်ကောင်းပြီး အဆောက်အအုံ ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေကို အဲ့ခေတ်အဲ့အခါနဲ့ လိုက်လျောညီအောင် ဆွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ sound effect တွေဘာတွေလဲ တော်တော် ကောင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။

Character တွေကလဲ တော်တော် unique ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာပြောရရင် Aladdin ဟာ ရိုးသားဖြူစင်ပေမဲ့ မိန်းကလေးတို့၊ oppai တို့ ကြိုက်တဲ့ ကလေး character အနေနဲ့ ထည့်ထားတာဟာ ရယ်ရပြီး ecchi ပရိတ်သတ်တွေ အကြိုက်လို့ ဆိုနိုင်ပါတယ်။
LOL!!

အချုပ်အနေနဲ့ ပြောရရရင်တော့ ဒီ anime ဟာ အရှေ့အလယ်ပိုင်း ပုံစံ theme နဲ့ ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပြီး ကြည့်သင့်တဲ့ anime ဖြစ်တယ်လို့ ထင်ပါတယ်။

Comments

Popular posts from this blog

Lookism