Qin's Moon

သင်ဟာ anime genre တွေထဲမှာ Historical genre ကို ကြိုက်တဲ့ သူ တစ်ယောက်လား? ဒါမှမဟုတ် သင်ဟာ (Wuxia series) တရုတ်သိုင်းကားတွေကို စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တဲ့ လူလား?
အဲ့လိုဆိုရင်တော့ Qin's Moon ဟာ သင် ကြည့်သင့်တဲ့ တရုတ် 3 D animation ဖြစ်ပါတယ်။

Qin's Moon ဟာ ထိုင်ဝမ် စာရေးဆရာ တစ်ယောက်ရေးခဲ့တဲ့ ဝတ္ထုကို အခြေခံထားတာ ဖြစ်ပြီး တရုတ်ပြည်ရဲ့ ပထမဆုံးသော Wuxia 3D animation ဖြစ်ပါတယ်။ 2007 ခုနှစ်မှာ စတင် ထုတ်လွှင့်ခဲ့ပြီး ဇာတ်လမ်းရဲ့ တရုတ်နာမည်ကတော့ 秦时明月; (pinyin: qín shí míng yuè) ဖြစ်ပြီး "Qin ခေတ်၏ တောက်ပသော လဝန်း" လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ သူရဲကောင်း ဖြစ်ချင်တဲ့ Tian Ming ဆိုတဲ့ ကောင်လေးဖြစ်ပြီး သူ့အကြောင်းကို သိုင်းအကြောင်းတွေ ၊ ဒဏ္ဍာရီ ပုံပြင်တွေ ၊ သမိုင်းရာဇဝင်တွေနဲ့ ရောယှက်ပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

နောက်ပြီး ဒီဇာတ်လမ်းမှာ အဲ့ Qin ခေတ်မှာ ထင်ရှားခဲ့တဲ့ လူတွေ (ဥပမာ - Qin Shi Huang ၊ Jing Ke ၊ Zhang Liang ) အပြင် အဲ့ခေတ်မှာ ရှိခဲ့တဲ့ အတွေးအခေါ်ပညာရပ်ကျောင်းတွေ၊ ဝါဒတွေ (Mohism မော့ဝါဒ၊ Confucianism ကွန်ဖြူးရှပ်ဝါဒ၊ Taoism တာအိုဝါဒ) စတာတွေ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဆင်ထားတာ တွေ့နိုင်မှာပါ။

character တွေကလဲ unique ဖြစ်ပြီး ဇာတ်လမ်းမှာ သမိုင်း အကြောင်းတွေအပြင် အချစ်တွေ ၊ ဟာသ တွေ၊  အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာတွေ ပါဝင်ပြီး တစ်ပိုင်းပြီး တစ်ပိုင်း ကြည့်ချင်အောင် စွဲဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် animation ကလဲ season တစ်ခုထက် တစ်ခု သိသိသာသာ ပိုကောင်းလာတာကို တွေ့ရမှာ ဖြစ်တယ်။

ခုလောလောဆယ်ထိတော့ season 4 ခုထွက်ထားပြီး စုစုပေါင်း 99 ပိုင်း ရှိပါတယ်။ season 5 ထပ်ထွက်လိမ့်အုံးမယ်လို့ မျှော်လင့်ရပါတယ်။ ကြည့်ချင်သူများကတော့ အောက်ပါ Youtube link မှာ ကြည့်နိုင်ပါတယ်။ (Torrent link လဲ ရှိသလိုပါပဲ)

https://www.youtube.com/playlist?list=PLtkG4Wr2YVzdgKxi8KoNuxtj05_Vr5n4k

Comments

Popular posts from this blog

Lookism