Yokai ပုံပြင်များ (၁)

Yokai နိဒါန်း


Yokai (妖怪) ဆိုတာသရဲ ၊ တစ္ဆေ ၊ မကောင်းဆိုးဝါးတွေစတဲ့ အရာတွေကို ခေါ်ပြီး အတိအကျ ဘာသာပြန်ရမယ်ဆိုရင်တော့ "ထူးခြားတဲ့ ဘေးအန္တရာယ်" သို့ "ထူးခြားတဲ့ အရာ" လို့ ပြန်ရမယ် ထင်ပါတယ်။ Yokai တွေကို အမျိုးအစားအနေနဲ့ လေးမျိုးခွဲထားတယ်ဆိုပါတယ်။ အဲ့ဒါတွေကတော့

၁။"True" Yokai - ဒီထဲမှာတော့ အများအားဖြင့် တိရစ္ဆာန် Yokai တွေဖြစ်ပြီး အနောက်ပိုင်း ဒဏ္ဍာရီထဲက သတ္တဝါတစ်ချို့ကိုလဲ ထည့်ထားတယ်လို့ ဆိုပါတယ်။ ဥပမာ ဆိုရရင်တော့ မြေခွေး yokai (Kitsune) တို့၊ Tanuki တို့ပေါ့။

၂။ Oni - ဘီလူးလို့ ဆိုရမယ်ထင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခန္ဓာအကြီးကြီးနဲ့ ချိုတွေ အစွယ်တွေနဲ့ တင်းပုတ်ကိုင်ထားတတ်တဲ့ သတ္တဝါ အဖြစ် ဖော်ပြ၊ ရေးဆွဲလေ့ ရှိကြပါတယ်။

၃။ Obake - Bakemono လို့လဲ ခေါ်ကြပြီး သာမန်အားဖြင့်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါ တွေကို ဆိုလိုပါတယ်။

၎။ Yurei - ဒီဟာကတော့ သေဆုံးသွားတဲ့ လူသားတွေရဲ့ ဝိညာဉ်ကို ခေါ်တဲ့နေရာမှာ အသုံးများပါတယ်။

ယေဘုယျအနေနဲ့တော့ ဒီလို လေးမျိုးခွဲထားပေမယ့်လဲ ဒါတွေက ရှုပ်ထွေးခက်ခဲတဲ့ အတွက် တချို့ yokai တွေက ဘယ်အမျိုးအစားထဲပါလဲလို့တောင် ပြောရ ခက်ခက်ပါပဲ။

Yokai သမိုင်းကြောင်း


ဂျပန်နိုင်ငံမှာ ဟိုးအရင် အချိန်တွေထဲက သရဲ ၊ တစ္ဆေ တွေကို ယုံကြည်ခဲ့ပါတယ်။ Yokai အကြောင်းတွေကို စာပေတွေမှာ ရေးခဲ့ကြပြီး Yokai ဟာ ရှေးခေတ် ဂျပန်စာပေရဲ့ တစ်စိတ်တစ်ဒေသလို့တောင် ဆိုနိုင်ပါတယ်။ မှတ်တမ်းမှတ်ရာထဲမှာ အစောဆုံး တွေ့ရတဲ့ yokai အကြောင်းကတော့ ၈ ရာစုလောက်က Kojiki (古事記) ဆိုတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ အဲ့ထဲမှာ Izanagi တို့ ၊ Yokai အစ တို့ စတဲ့ ဒဏ္ဍာရီအကြောင်းတွေ ပါတယ်လို့ ဆိုပါတယ်။ အဲ့နောက် Edo ခေတ် (1603-1868) မှာတော့ yokai ပုံပြင်တွေဟာ ရေပန်းစားလာခဲ့ပါတယ်။ Edo ခေတ် နောက်ပိုင်းဖြစ်တဲ့ Meiji ခေတ်မှာတော့ yokai အကြောင်းအရာတွေကို အယူသည်းတဲ့ အရာတွေလို့သာ ယူဆခဲ့ကြပြီး Yokai ပုံပြင်တွေ ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ခေတ်တစ်လျှောက်လုံး Yokai အကြောင်းတွေ တိမ်ကောနေခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ yokai တွေကို လူတွေနဲ့ မိတ်ဆက်ပေးမယ့်သူ ပေါ်လာခဲ့ပါတယ်။ သူကတော့ Shigeru Mizuki ပဲ ဖြစ်ပါတယ်။

Yokai ပုံပြင်များကို တစ်ခေတ်ဆန်းစေခဲ့သူ Shigeru Mizuki ( 1922 - present (age 93))


သူ့နာမည် အရင်းကတော့ Shigeru Mura ဖြစ်ပြီး နောက်ပိုင်းမှာ mangaka အနေနဲ့ အသက်မွေးခဲ့ပါတယ်။ Sakaiminato ဆိုတဲ့ မြို့လေးမှာ ကြီးပြင်းခဲ့ပြီး သူဟာ ငယ်ငယ်တည်းက စပ်စုလိုစိတ်၊ တစ်နည်းအားဖြင့် စူးစမ်းလိုစိတ် ရှိတဲ့သူဖြစ်ပါတယ်။ သူက ငယ်ငယ်က သူ့ဇာတိမြို့က "Nononba" ဆိုတဲ့ အမျိုးသမီး ပြောတဲ့ yokai ပုံပြင်တွေ နားထောင်ပြီး အဲ့အကြောင်းတွေကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။

1942 မှာတော့ စစ်ထဲဝင်ခဲ့ရပြီး Papua New Guinea မှာ ရှိတဲ့ New Britain ကျွန်းကို အပို့ခံခဲ့ရပါတယ်။ စစ်ပွဲဟာ သူ့ဘဝကို အများကြီးပြောင်းလဲစေခဲ့ပါတယ်။ မဟာမိတ် လေတပ် ဗုံးကြဲတာမှာ သူ့ကို ထိသွားခဲ့ပြီး ဘယ်လက်ပြတ်သွားခဲ့ပါတယ်။ သူဟာ  Rabaul မှာ စစ်သုံ့ပန်း အဖြစ်နဲ့ အဖမ်းခံခဲ့ရပြီး 1956 မှသာ သူ့ အမိမြေဖြစ်တဲ့ ဂျပန်ကို ပြန်လာနိုင်ခဲ့ပါတယ်။

1957 မှာတော့ သူဟာ Rocketman ဆိုတဲ့ manga ရေးဆွဲခဲ့ပါတယ်။ သူဟာ အများအားဖြင့် yokai အကြောင်း၊ စစ်တပ်အကြောင်းတွေကို ရေးခဲ့ပါတယ်။ စာအုပ်တွေလဲ အမြောက်အများရေးသားခဲ့ပြီး သူ့ရဲ့ စစ်သုံ့ပန်းဖြစ်ခဲ့ရတဲ့ ဘဝကိုလဲ စာအုပ်ရေးသားခဲ့ပါတယ်။  Adolf Hitler အကြောင်းလဲ manga ရေးခဲ့သေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နာမည် အကြီးဆုံး manga ကတော့ GeGeGe no Kitaro ဆိုတဲ့ yokai manga ဖြစ်ပြီး ဒီ manga က နောက်ပိုင်းမှာ yokai အကြောင်းတွေ ရေးတဲ့ mangaka တွေပေါ်လာအောင် မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။
သူ့နောက်ပိုင်း ထင်ရှားခဲ့တဲ့ yokai manga ကတော့ Hiroshi Shiibashi ရဲ့ Nurarihyon no Mago ပဲ ဖြစ်ပါတယ်။

Shigeru Mizuki ဟာ yokai အကြောင်းတွေကို အများကြီး လေ့လာခဲ့တဲ့ အတွက် သူ့ကို yokai အကြောင်းမှာ ဆရာတစ်ဆူလို့တောင် ဆိုကြပါတယ်။

References


http://japanesemyth.firespiritdesigns.com/html/yokai.html

http://en.wikipedia.org/wiki/Y%C5%8Dkai

http://en.wikipedia.org/wiki/Oni

http://en.wikipedia.org/wiki/Obake

http://en.wikipedia.org/wiki/Shigeru_Mizuki

http://en.wikipedia.org/wiki/Hiroshi_Shiibashi

http://hyakumonogatari.com/2013/02/05/a-brief-history-of-yokai/

http://japanphilly.org/articles/814

Comments

Popular posts from this blog

Lookism