Yokai ပုံပြင်များ (၉)

ဒီမှာတော့ Tsuchigumo ဆိုတဲ့ yokai အကြောင်း ပြောပါမယ်။ Tsuchigumo (土蜘蛛) ကို တိုက်ရိုက်ဘာသာ ပြန်လိုက်ရင်တော့ "အမှိုက်ပင့်ကူ" လို့ အဓိပ္ပာယ်ရပါသတဲ့။ Tsuchigumo ဆိုတဲ့ စာလုံးကို yokai အတွက်အပြင် ဂျပန်ဧကရာဇ်ရဲ့ ဩဇာအာဏာကို ဖီဆန်တဲ့ clan တွေကိုလဲ အဲ့လို ခေါ်တယ်လို့ ဆိုပါတယ်။

၁။ သမိုင်းထဲက Tsuchigumo


Edo ခေတ်မှာ နာမည်ကြီးခဲ့တဲ့ သမိုင်းသုတေသီ Motoori Norinaga ရဲ့ အဆိုအရ tsuchigumo ဟာ ရှေးခေတ်ဂျပန်ပြည်မှာ ဥပဒေကို မလိုက်နာတဲ့သူတွေကို ခေါ်တယ်လို့ ဆိုပါတယ်။ ဘုရင်ရဲ့ အာဏာကို ဖီဆန်သူတွေ၊ သူပုန်တွေ၊ ဓားပြတွေ၊ ဘုရင်ကို အထွတ်အမြတ် မထားတဲ့ clan တွေကို tsuchigumo လို့ ခေါ်တတ်ပါတယ်တဲ့။ တစ်ချို့ကတော့ tsuchigumo ဆိုတာ "မြေကြီးထဲမှာ ပုန်းအောင်းနေသူ" လို့ အဓိပ္ပာယ်ရတဲ့ tsuchigomori (土隠) ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပြီး သူပုန်တွေ၊ ဓားပြတွေဟာလဲ ဘုရင့် ဩဇာသက်ရောက်မှုနည်းတဲ့ တောတောင်တွေ၊ ဂူတွေထဲမှာ ပုန်းခိုတတ်တဲ့အတွက် သူတို့ကို အဲ့လို ခေါ်တယ်လို့ ဆိုပါတယ်။ သမိုင်းမှာတော့ tsuchigumo ဆိုတဲ့ ဝေါဟာရကို yokai အတွက်ပဲ အရင် သုံးခဲ့လေသလား၊ clan တွေကို ခေါ်ရာမှာပဲ သုံးခဲ့တာလားဆိုတာတော့ ဘယ်သူဘယ်ဝါမှ အတပ် မပြောနိုင်ပါဘူး။ တချို့မှတ်တမ်းတွေမှာ tsuchigumo လို့သာ ဆိုထားပြီး ဘယ်တစ်ခုကို ဆိုလိုမှန်း မသဲကွဲတာတွေ အများကြီးပါတဲ့။

၂။ Yokai Tsuchigumo


Tsuchigumo ကို oni (ဘီလူး) မျက်နာ၊ ကျားရဲ့ ခန္ဓာနဲ့ ပင့်ကူ ခြေချောင်းတွေရှိတဲ့ yokai လို့ ပြောစမှတ်ပြုကြပါတယ်။ တောတောင်တွေထဲမှာ အနေများပြီး သူတို့ နယ်မြေထဲဝင်လာတဲ့သူတွေကို ပင့်ကူမျှင်နဲ့ ဖမ်းချုပ်ပြီး စားသောက်တတ်ပါတယ်။

၁၄ ရာစုက ရေးခဲ့တဲ့ Tsuchigumo Soushi ထဲမှာတော့ tsuchigumo ဟာ မြို့တော်မှာ မကောင်းဆိုးရွားအနေနဲ့ ပေါ်လာပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ Minamoto no Yorimitsu ဟာ ကျိုတို မြောက်ဘက်က တောင်နားမှာ အရိုးခေါင်းတစ်ခု ဖြတ်ပျံသွားတာ တွေ့ခဲ့ပါတယ်။ အဲ့နောက်ကို လိုက်ကြည့်တော့ အိမ်တစ်အိမ်ကို တွေ့ပြီး အဲ့အိမ်မှာ အလွန်တရာ ချောမောလှပတဲ့ မိန်းမပျိုလေးကို တွေ့သတဲ့။ အဲ့မိန်းကလေးဟာ တကယ်တော့ tsuchigumo ဖြစ်ပြီး Yorimitsu ကို မျိုးစုံ ဖြားယောင်းခဲ့ပါတယ်။ ဒါပေမယ့် Yorimitsu က ဖြားယောင်းမှုကို မခံပဲ အဲ့အမျိုးသမီးကို သူ့ katana နဲ့ ခုတ်လိုက်တာ သွေးအဖြူရောင်တွေ ထွက်လာပြီး အဲ့အမျိုးသမီးက ပျောက်သွားပါတယ်။ အဲ့သွေးနောက်ကို ခြေရာခံလိုက်တော့ ဂူတစ်ဂူထဲမှာ ပင့်ကူတစ်ကောင်ကို တွေ့ပြီး Yorimitsu ဟာ အဲ့ပင့်ကူနဲ့ အသေအကျေ တိုက်ပွဲဝင်ပြီးနောက် ပင့်ကူကို သတ်နိုင်ခဲ့ပါတယ်။ အဲ့ပင့်ကူရဲ့ ဝမ်းထဲကနေ လူပေါင်း ၁၉၉၀ ရဲ့ ခေါင်းတွေ ထွက်လာတယ်လို့ ဆိုသတဲ့။

Yorimitsu နဲ့ ပတ်သတ်ပြီး တခြား အကြောင်းအရာတွေလဲ ရှိပါသေးတယ်။ အဲ့ထဲက တစ်ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Yorimitsu ဟာ ငှက်ဖျားရောဂါကြောင့် အိပ်ယာထဲ လဲနေခဲ့သတဲ့။ အဲ့အချိန်မှာ အရပ်နှစ်မီတာလောက်ရှည်တဲ့ ဘုန်းကြီးတစ်ပါးပေါ်လာပြီး Yorimitsu ကို ကြိုးနဲ့ ဖမ်းချည်ဖို့ လုပ်ပါတယ်။ Yorimitsu ဟာ နေမကောင်းပေမယ့်လဲ သူ့ဓားနဲ့ ဘုန်းကြီးကို ပြန်ခုခံတော့ အဲ့ဘုန်းကြီးက ပြေးသွားသတဲ့။ နောက်တော့ သူဟာ သူ့လက်အောက်ငယ်သားတွေကို ဘုန်းကြီး ပြေးသွားတဲ့နောက်ကို လိုက်စေပြီး ဂူတစ်ခုထဲ ရောက်သွားခဲ့ပါတယ်။ အဲ့ဂူထဲမှာ အင်မတန်ကြီးကို ပင့်ကူတစ်ကောင်ကို တွေ့တော့ သတ်လိုက်သတဲ့။ အဲ့ပင့်ကူကို သတ်လိုက်တာနဲ့ တစ်ပြိုင်တည်း Yorimitsu ရဲ့ ရောဂါက ချက်ချင်းသက်သာသွားတယ်လို့ ဆိုပါတယ်။

၃။ Anime ထဲက Tsuchigumo


- Nurarihyon no Mago ထဲက kyoto yokai တွေထဲမှာ tsuchigumo ပါဝင်ပါတယ်။
- Naruto (Anime Only) ထဲမှာ Tsuchigumo ဆိုတဲ့ clan ဟာ 3rd Hokage လက်ထက်၊ 3rd Shinobi War တုန်းက Konoha နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။

၎။ References


http://en.wikipedia.org/wiki/Tsuchigumo

http://yokai.com/?s=Tsuchigumo

http://nurarihyonnomago.wikia.com/wiki/Tsuchigumo

http://naruto.wikia.com/wiki/Tsuchigumo_Clan

Comments

Popular posts from this blog

Lookism