သုံးနိုင်ငံခေတ်(၃၇)
အခန်း(၃၇) "စီးမာဟွေး"(Sima
Hui) မှ စာပေပညာရှင်တစ်ဦးကို "လျူဘေ့"(Liu Bei) ထံ ထောက်ခံပေးခြင်း။
"လျူဘေ့"(Liu Bei) သည် 'အိပ်ပျော်နေသောနဂါး' တောင်ထိပ်သို့ သုံးကြိမ်သုံးခါသွားခြင်း။
"ရွှီရှူ"(Xu
Shu) မြို့တော်သို့ရောက်သောအခါ "ရွှင်ယွီ"(Xun Yu) နှင့် "ချန်ယွီ"(Cheng
Yu) တို့မှကြိုဆိုပြီး ဝန်ကြီးချုပ်အိမ်တော်သို့ အလျင်ခေါ်သွားသည်။ "ချောင်ချောင်း"(Cao
Cao) မှ
"ခင်ဗျားလို
ပညာရှိက ဘာလို့ လျူဘေ့(Liu Bei) လိုလူအောက်မှာ အမှုထမ်းရတာလဲ" ဟု ဆိုသည်။
"ရွှီရှူ"(Xu Shu) မှ
"ကျွန်တော်ငယ်ရွယ်တုန်းက
ပြစ်မှုတစ်ခုကြောင့်ထွက်ပြေးခဲ့ပြီး နေရာအနှံ့သွားရင်းနဲ့ ရှင်းရဲ့မှာ သူနဲ့တွေ့ပြီး
မိတ်ဆွေဖြစ်ခဲ့တာပါ။ အခု ကျွန်တော့်အမေက ဒီမှာရှိတော့ ဒီကိုလာခဲ့တာ" ဟု ဆိုသည်။
"ခင်ဗျား
ဒီကိုလာတော့ ခင်ဗျားအမေကိုအမြဲဂရုစိုက်နိုင်တော့မယ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့အကူအညီတွေ
ရမယ်"
ထို့နောက်
"ရွှီရှူ"(Xu Shu) သည် ဝန်ကြီးချုပ်အိမ်မှ သူ့အမေထံသွားလေသည်။
"ရွှီရှူ"(Xu
Shu) သည် သူ့အမေဖြစ်သူထံ ငိုယိုပြီး သွားလေလျှင် အမေဖြစ်သူမှ အံ့ဩသွားကာ
"ဒီကို
ဘာလို့ရောက်လာတာလဲ" ဟု မေးသည်။
"ကျွန်တော်
ယွီကျိုးက လျူဘေ့(Liu Bei) ဆီမှာ အမှုထမ်းနေတုန်း အမေ့စာရလို့ ရောက်လာတာပါ"
ထိုအခါ အမေဖြစ်သူသည်
ဒေါသထွက်ကာ စားပွဲခုံကိုထုပြီး
"ရှက်ဖို့ကောင်းပြီး
အသုံးမကျတဲ့သား! ငါဆိုဆုံးမခဲ့တာတောင် နှစ်ပေါင်းများစွာ နေရာအနှံ့လျှောက်သွားတဲ့လူဖြစ်နေခဲ့တယ်။
မင်းက စာပေတွေလေ့လာတဲ့လူမဟုတ်လား? သစ္စာနဲ့ မိဘအပေါ်ရိုသေလေးစားမှုဟာ တခါတလေမှာ အတိုက်အခံဖြစ်တတ်တာ
မသိဘူးလား? ချောင်ချောင်း(Cao Cao) က ဘုရင်ကိုထီမထင်ပြီးလူတကာကို နှိပ်ကွပ်တတ်သူဆိုတာ
မသိဘူးလား? လျူဘေ့(Liu Bei) ကတော့ လူအများသိသလို ဖြောင့်မတ်ပြီး သစ္စာရှိတဲ့လူဆိုတာ
မမြင်ဘူးလား? ဒါ့အပြင် သူက ဟန်တိုင်းပြည်ရဲ့ မင်းဆွေမင်းမျိုးလေ၊ သူ့ဆီမှာ အမှုထမ်းတာက
သင့်တော်တဲ့လူဆီမှာ အမှုထမ်းရတာပဲ။ အခုတော့ စာအတုလေးတစ်စောင်ကြောင့်နဲ့ မစုံစမ်းမစစ်ဆေးပဲ
အလင်းကိုစွန့်ပြီး အမှောင်ဆီကိုရောက်လာတော့ ဂုဏ်သိက္ခာကျပြီပေါ့၊ မင်းက တော်တော်တုံးတာပဲ၊
ငါ မင်းမျက်နှာကိုဘယ်လိုကြည့်ရမလဲ? မင်းက ဘိုးဘေးဘီဘင်တွေရဲ့ ဂုဏ်သရေကိုညှိုးနွမ်းစေခဲ့ပြီ၊
မင်းကလောကကြီးမှာ အသုံးမကျတဲ့သူဖြစ်သွားပြီ" ဟု ဆူလေသည်။
သားဖြစ်သူမှာ
ဒူးထောက်နေပြီး သူ့အမေကို စေ့စေ့ပင် မကြည့်ရဲချေ။ မိခင်ဖြစ်သူသည် ဆူပူပြီးနောက် ရုတ်တရတ်ထကာ
အခန်းအတွင်းသို့ဝင်သွားသည်။ မကြာမီပင် အစေခံတစ်ဦးထွက်လာပြီး ရွှန်းအမျိုးသမီးသည် ကိုယ့်ကိုယ်ကိုဆွဲကြိုးချသွားကြောင်းပြောသည်။ "ရွှီရှူ"(Xu Shu) သည် အမေဖြစ်သူအား ကယ်ရန်ပြုသော်လည်း
အချိန်နှောင်းသွားခဲ့လေပြီ။
အမေသေဆုံးသွားသောကြောင့်
"ရွှီရှူ"(Xu Shu) သည် မေ့မြောသွားပြီး အချိန်အတန်ကြာမှ သတိပြန်လည်လာသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော် ဈာပနအတွက် လက်ဆောင်များပေးပို့သည်။
နောက်ပိုင်းတွင် လူကိုယ်တိုင်ရောက်လာကာ အရိုအသေပေးလေးသည်။ ရွှန်းအမျိုးသမီးကို မြို့တော်၏
တောင်ဘက်တွင် မြှုပ်နှံခဲ့သည်။ "ရွှီရှူ"(Xu Shu) သည် "ချောင်ချောင်း"(Cao
Cao) ထံမှ လက်ဆောင်တို့ကို လုံးဝလက်မခံခဲ့ချေ။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) သည် တောင်ပိုင်းကို တိုက်ခိုက်ရန်ပြင်သည်။ သို့သော်လည်း
"ရွှင်ယွိ"(Xun Yu) မှ
"ဆောင်းရာသီမှာ
စစ်ချီတက်ဖို့မသင့်တော်သေးတဲ့အတွက် ရာသီဥတုကောင်းတဲ့အထိစောင့်ပါဦး" ဟု ပြောသဖြင့်
ထိုအဆိုကို လက်ခံလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် ကျန်းမြစ်မှရေကို
အသုံးချပြီး ရေကန်ကြီးတစ်ခုလုပ်စေကာ ထိုရေကန်ကို "စိမ်းပြာရေကန်" ဟု ခေါ်သည်။
ထိုရေကန်တွင် စစ်သားတို့အား ရေကြောင်းဖြင့် တိုက်ခိုက်ရန်အတွက် စစ်ရေးလေ့ကျင့်စေသည်။
"လျူဘေ့"(Liu
Bei) သည်လည်း လက်ဆောင်တို့ပြင်ဆင်ကာ "ကျူးကဲလျန့်"(Zhuge Liang) နှင့်သွားတွေ့ရန်ပြင်သည်။
တစ်ရက်သော် အစေအပါးတို့က တင့်တယ်သောဦးထုပ်နှင့်လူတစ်ဦးရောက်လာကြောင်းပြောလေရာ
"လျူဘေ့"(Liu Bei) မှ
"သူပဲ
ဖြစ်မှာပဲ" ဟု ဆိုပြီး ထွက်တွေ့လေသည်။ သို့သော်လည်း လာရောက်သူမှာ "စီးမာဟွေး"(Sima
Hui) ဖြစ်နေသည်။ "လျူဘေ့"(Liu Bei) မှ
"ခင်ဗျားဆီက
ခွဲပြီးကတည်းက စစ်ဆင်ရေးတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ခင်ဗျားဆီကို လာမလည်ဖြစ်ခဲ့ဘူး။ အခုတော့
ခင်ဗျားကိုယ်တိုင်ရောက်လာပြီ။ ကျွန်တော် ခင်ဗျားဆီကို မလာနိုင်ခဲ့တဲ့အပေါ်စိတ်မရှိပါနဲ့"
ဟု ဆိုသည်။
"ရွှီရှူ(Xu
Shu) က ဒီရောက်နေတယ်ဆို။ ကျွန်တော် သူ့ကိုလာတွေ့တာ"
"သူ
ရွှီချန်ကိုထွက်သွားပြီ။ သူ့အမေက ချုပ်နှောင်ခံထားရတယ်ဆိုတဲ့ စာရလို့"
"ဒါဆိုရင်တော့
သူ ချောင်ချောင်း(Cao Cao) ရဲ့ထောင်ချောက်မိသွားပြီ။ အဲ့စာက အတုပဲနေမှာ။ သူ့အမေက အင်မတန်မြင့်မြတ်တဲ့လူ။
ချောင်ချောင်း(Cao Cao) က သူ့ကိုဖမ်းဆီးခဲ့ရင်တောင်မှ သူ့သားဆီကို စာရေးမဲ့လူမဟုတ်ဘူး။
သားဖြစ်သူက မသွားရင် အမေက ဘာမှဖြစ်မှာမဟုတ်ဘူး၊ အခုသွားတော့ အမေဖြစ်သူက သေပြီပဲ"
"ဘယ်လိုကြောင့်များလဲ"
"သူက
ကျင့်ဝတ်တွေကို အင်မတန်လိုက်နာတဲ့အမျိုးသမီး။ သူ့သားကိုအဲ့လိုတွေ့ရင် သူအင်မတန် အရှက်ရသွားမှာ"
"ခင်ဗျား
မိတ်ဆွေထွက်မသွားခင်တုန်းက ကျူးကဲလျန့်(Zhuge Liang) ဆိုတဲ့ လူတစ်ယောက်ကိုညွှန်းပေးသွားခဲ့တယ်။
သူ့အပေါ်ကို ဘယ်လိုမြင်လဲ"
"စီးမာဟွေး"(Sima
Hui) သည် ရယ်ကာ
"ရွှီရှူ(Xu
Shu) က သွားချင်ရင် သူ့ဟာသူအေးဆေးသွားတာမဟုတ်ဘူး။ အခုတော့ ကျူးကဲလျန့်(Zhuge
Liang) ထွက်လာပြီး တခြားလူကို ကူညီအောင် ရန်သွားစတယ်" ဟု ပြောသည်။
"ဘာကြောင့်
ဒီလိုဆိုရတာလဲ"
"နန်ရန်က
ကျူးကဲလျန့်၊ ပေါ်လင်က ချွေးကျိုးဖင်(Cui Zhouping) ၊ ရင်းချွမ်က ရှီကွမ်းယွမ်(Shi
Guangyuan) ၊ ရုနန်က မုန့်ကုန်းဝေ(Meng Gongwei) ၊ ရင်းချွမ်က ရွှီရှူ(Xu Shu) - အဲ့လူငါးယောက်ဟာ
အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းတွေ။ သူတို့ငါးယောက်ဟာ အစုလေးဖွဲ့ပြီး တရားထိုင်ခဲ့ဖူးတယ်။
အဲ့ထဲမှာ ကျူးကဲလျန့်(Zhuge Liang) တစ်ယောက်ပဲ အဲ့သဘောကိုနားလည်ခဲ့တယ်။ တစ်ခါက ကျူးကဲလျန့်(Zhuge
Liang) ဟာ သူတို့လေးယောက်ကို 'ခင်ဗျားတို့တွေသာ အမှုထမ်းလုပ်ရင် မြို့စားတွေ၊ နယ်စားတွေဖြစ်မှာ'
လို့ပြောခဲ့ဖူးတယ်။
ကျန်တဲ့လေးယောက်က
သူ့ရဲ့ရည်မှန်းချက်က ဘာလည်းလို့မေးရင် သူက ပြုံးပြီးတော့ သူ့ကိုယ်သူ Guan Zhong ၊
Yue Yi စတဲ့ ရှေးပညာရှိတွေနဲ့နှိုင်းယှဉ်တယ်။ ဘယ်သူမှ သူ့အရည်အချင်းကို မတိုင်းတာနိုင်ခဲ့ဘူး"
"ရင်းချွမ်က
ဘာလို့ လူတော်တွေအများကြီးထွက်ရတာလဲ"
"နက္ခတ္တပညာရှင်
ရင်းခွေ(Yin Kui) က ဒီဒေသရဲ့အပေါ်မှာ ကြယ်တွေအများကြီးလင်းလက်နေတယ်လို့ ဆိုခဲ့ဖူးတယ်။
ဒါကြောင့် လူတော်တွေအများကြီးထွက်တာ"
ထိုအချိန်တွင်
"ကွမ်းယွီ"(Guan Yu) သည် နံဘေးတွင်ရှိနေသဖြင့် "ကျူးကဲလျန့်"(Zhuge
Liang) ကို ထိုသို့ချီးမွမ်းသည်ကိုကြားသောအခါ
"Guan
Zhong နဲ့ Yue Yi ဟာ နွေဦးဆောင်းဦးကာလမှာ နာမည်ကြီးတဲ့ခေါင်းဆောင်တွေ။ သူတို့တွေက
လူတကာထက်ထူးချွန်တဲ့လူ။ ဒီလူတွေနဲ့ ကျူးကဲလျန့်(Zhuge Liang) ကို နှိုင်းတာ လွန်တယ်လို့များမထင်ဘူးလား"
ဟု ဝင်ပြောလေသည်။ "စီးမာဟွေး"(Sima Hui) မှ
"ကျုပ်အမြင်မှာတော့
သူ့ကို ဒီနှစ်ဦးနဲ့မနှိုင်းသင့်ဘူး။ တခြားလူနှစ်ယောက်နဲ့နှိုင်းရမှာ" ဟုပြောသည်။
"ဘယ်လူနှစ်ယောက်ပါလိမ့်?"
"တစ်ယောက်ကတော့
နှစ်ပေါင်းရှစ်ရာကြာခဲ့တဲ့ ကျိုးမင်းဆက်ကို အုတ်မြစ်ချပေးခဲ့တဲ့ Lu Wang ပဲ။ နောက်တစ်ယောက်ကတော့
ဟန်မင်းဆက်ကို နှစ်ပေါင်းလေးရာလောက် တည်တံ့စေခဲ့တဲ့ Zhang Liang"
ထိုသို့ပြောပြီးနောက်
"စီးမာဟွေး"(Sima Hui) သည် ထွက်ခွာသွားလေသည်။ လမ်းလျှောက်နေရင်းနှင့်မှ
"အိပ်ပျော်နေတဲ့နဂါးဟာ
သခင်ကိုတွေ့သွားခဲ့ပေမယ့်လည်း သင့်တော်တဲ့အချိန်ကာလမှာ မမွေးဖွားလာခဲ့ရဘူး။ တကယ်နှမြောစရာပဲ"
ဟု ပြောသွားလေသည်။ "လျူဘေ့"(Liu Bei) သည်
"အင်မတန်တော်တဲ့လူပဲ"
ဟု မှတ်ချက်ချသည်။
"လျူဘေ့"(Liu
Bei) သည် သူ့ညီနှစ်ဦးနှင့်အတူ "ကျူးကဲလျန့်"(Zhuge Liang) ထံသွားလေသည်။
လမ်းတွင် လယ်သမားတို့ကိုတွေ့သဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ၏ နေအိမ်ကိုမေးရာ
"ဒီတောင်ကုန်းရဲ့တောင်ဘက်မှာ
အိပ်ပျော်နေတဲ့နဂါး ဆိုတဲ့တောင်ထိပ်ရှိတယ်။ အဲ့နေရာက သစ်တောနဲ့နီးပြီးတော့ တဲအိမ်လေးတစ်အိမ်ရှိတယ်။
အဲ့အိမ်ဟာ သခင်ကြီး ကျူးကဲလျန့်(Zhuge Liang) ရဲ့ အိမ်ပဲ" ဟု ဆိုသည်။ "လျူဘေ့"(Liu
Bei) ကလည်း ထိုလယ်သမားကို ကျေးဇူးတင်ပြီး ဆက်သွားသည်။
ထိုအိမ်သို့ရောက်သော်
"လျူဘေ့"(Liu Bei) မှ တံခါးခေါက်လိုက်ရာ လူငယ်လေးတစ်ဦးထွက်လာပြီး မည်သည့်ကိစ္စရှိကြောင်းမေးသည်။
"ဟန်တိုင်းပြည်ရဲ့စစ်သူကြီး၊
ရီချန်မြို့စား၊ ယွီကျိုးအုပ်ချုပ်သူ၊ ဘုရင့်ဦးရီးတော် လျူဘေ့(Liu Bei) က သခင်ကြီးနဲ့တွေ့ချင်တယ်လို့ပြောပေးပါ"
"ကျွန်တော်
အဲ့လောက်ရာထူးတွေအများကြီး မမှတ်နိုင်ဘူး"
"ဒါဆိုလည်း
လျူဘေ့(Liu Bei) ရောက်နေတယ်လို့ပဲ ပြောပေးပါ"
"သခင်ကြီးက
မနက်ကပဲ အပြင်ထွက်သွားတယ်"
"ဘယ်ကို
ထွက်သွားလည်းမသိဘူး?"
"ဘယ်သွားလည်းဆိုတာ
မသိပါဘူး"
"ဘယ်အချိန်ပြန်လာမလဲ?"
"ဒါလည်း
မသေချာဘူး၊ သုံးရက်ဖြစ်ချင်ဖြစ်မယ်၊ ဆယ်ရက်ဖြစ်ချင်ဖြစ်မယ်"
ထိုအခါ
"ကျန်းဖေး"(Zhang Fei) မှ
"ပြန်သွားကြရအောင်"
ဟု ပြောသည်။
"လျူဘေ့"(Liu
Bei) : "ခဏလောက်ထပ်စောင့်ပါဦး"
"ကွမ်းယွီ"(Guan
Yu) : "ပြန်သွားပြီး နောက်မှပြန်လာရင်ပိုကောင်းမယ်"
၎င်းကို
"လျူဘေ့"(Liu Bei) မှ လက်ခံလိုက်ပြီး ထိုလူငယ်ဘက်လှည့်ကာ
"သခင်ကြီးပြန်လာရင်
လျူဘေ့(Liu Bei) လာသွားတယ်လို့ ပြောပေးပါ" ဟု ဆိုသည်။
ညီအစ်ကိုသုံးယောက်တို့သည်
မြင်းစီးကာ ပြန်လှည့်ပြီး မိုင်အနည်းငယ်ခန့်သွားပြီးနောက်ဝယ် ဟိုတဲအိမ်လေး၏ဘေးပတ်ဝန်းကျင်ရှိ
ရှုခင်းကိုကြည့်လေသည်။ တောတောင်တို့မှာ ကြီးကျယ်ခမ်းနားသည်ဟူထက် ပန်းချီကားချပ်ဆန်ဆန်လှပသည်၊
ရေတို့မှာ နက်နဲသည်ထက် ကြည်လင်သည်။ မြေပြန့်တို့မှာ ကျယ်ပြန့်သည်ထက် ညီညာနေသည်၊ တောအုပ်တို့မှာ
ထူထပ်သည်ဟူသည်ထက် ကြီးမားသည်ဟုဆိုနိုင်သည်၊ သစ်ပင်တို့ပေါ်တွင် မျောက်များကိုတွေ့နိုင်သလို
ရေတိမ်ပေါ်တွင်လည်း ကြိုးကြာငှက်တို့ရှိလေသည်။ ထင်းရှူးပင်တို့နှင့်ဝါးပင်တို့ကလည်း
ထိုရှုခင်းကို ဖြည့်စွက်အလှဆင်နေလေ၏။
ထိုရှုခင်းကို
ငေးမောကြည့်နေစဉ်တွင် လူတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်သည်။ ထိုလူသည် ချောမောသောအသွင်ရှိကာ
ဝတ်ကောင်းစားလှတို့ကိုဝတ်ဆင်ထားပြီး တောင်တက်တွင်အသုံးပြုရင် တောင်ဝှေးကိုကိုင်ထားသည်။
ထိုအခါ "လျူဘေ့"(Liu Bei) သည်
"ဒါ
သူပဲနေမှာ" ဟု ဆိုသည်။
"လျူဘေ့"(Liu
Bei) သည် မြင်းပေါ်မှဆင်းပြီးနောက် ထိုလူစိမ်းအား
"သခင်ကြီးက
'အိပ်ပျော်နေတဲ့နဂါး' ဆိုတာလား" ဟု မေးသည်။
"စစ်သူကြီးက
ဘယ်သူပါလိမ့်"
"ကျွန်တော်က
လျူဘေ့(Liu Bei) ပါ"
"ကျွန်တော်က
ကျူးကဲလျန့်(Zhuge Liang) မဟုတ်ပါဘူး၊ သူ့သူငယ်ချင်း ချွေးကျိုးဖင်(Cui Zhouping) ပါ"
"ကျွန်တော်
ခင်ဗျားရဲ့ဂုဏ်သတင်းကြားခဲ့တာ ကြာပါပြီ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီမှာခဏထိုင်ပြီးတော့
ကျွန်တော့်ကို ဩဝါဒလေးတွေပေးပါ"
ထို့နောက်နှစ်ဦးသားတို့သည်
ကျောက်တုံးတစ်ခုစီတွင် ထိုင်လေသည်။ ညီဖြစ်သူနှစ်ဦးတို့ကမူ "လျူဘေ့"(Liu
Bei) ၏အနောက်တွင် မတ်တပ်ရပ်နေသည်။ "ချွေးကျိုးဖင်"(Cui Zhouping) မှ စကာ
"စစ်သူကြီးက
ဘာကိစ္စကြောင့် ကျူးကဲလျန့်(Zhuge Liang) နဲ့တွေ့ချင်ရတာလဲ" ဟု မေးသည်။
"တိုင်းပြည်ကြီးက
ရှုပ်ထွေးနေပြီး နေရာအနှံ့မှာ ပြဿနာတွေချည်းပဲ။ ကျွန်တော်က ဒီအခြေအနေကိုပြန်ကောင်းအောင်လုပ်ဖို့
ခင်ဗျားသူငယ်ချင်းရဲ့အကြံဉာဏ်ယူချင်လို့ပါ"
"ဒီလိုအခက်အခဲတွေကို
ဖြေရှင်းချင်တာဆိုတော့ ခင်ဗျားက ကြင်နာတတ်တဲ့လူပါပဲ။ ဒါပေမယ့် ဒီလိုလုပ်တာဟာ အတားအဆီးတွေအများကြီးရှိတယ်၊
လျူဘန်း(Liu Bang) ဟာ ဒီလိုတာဝန်ကိုလုပ်ဖို့ကြိုးစားခဲ့စဉ်တုန်းက ချင်ဘုရင်ဆိုးကိုသုတ်သင်ပြီး
တိုင်းပြည်ကိုပြန်ထူထောင်ခဲ့တယ်။ (၂၀၆ ဘီစီ) ....နှစ်ပေါင်းနှစ်ရာကြာတော့ ဝမ်မန်(Wang
Mang) ရဲ့ပုန်ကန်မှုဖြစ်တယ်။ အဲ့အချိန်မှာ လျူရှို့(Liu Xiu) က ပုန်ကန်မှုကိုနှိမ်နှင်းပြီး
တိုင်းပြည်တည်ငြိမ်အောင်လုပ်ခဲ့တယ်။ နှစ်နှစ်ရာကြာသွားပြီးနောက် အခုမှာတော့ ပြဿနာ အရှုပ်အရှင်းတွေပေါ်လာခဲ့ပြန်ပြီ။
ငြိမ်းချမ်းမှုကိုရအောင် လုပ်ဆောင်ဖို့ဆိုတာ အချိန်ယူရမယ်။ ခင်ဗျားက ကျူးကဲလျန့်(Zhuge
Liang) ရဲ့အကူအညီလိုချင်တယ်။ ဒါက အင်မတန်ခက်ခဲတဲ့ကိစ္စပဲ။ မိုးကောင်းကင်ရဲ့အလိုအတိုင်းသွားရင်တော့
လွယ်ကူတဲ့လမ်းဖြစ်မှာဖြစ်ပြီး အဲ့ဟာကိုဆန့်ကျင်ရင်တော့ ခက်ခဲတဲ့လမ်းကိုလျှောက်ရမှာဖြစ်တယ်။
ဘယ်သူမှ ကံတရားဆိုတာကို မရှောင်လွှဲနိုင်ဘူး"
"ဆရာကြီးရဲ့အတွေးအခေါ်က
အင်မတန်ကိုနက်နဲပါတယ်။ ဒါပေမယ့် ကျွန်တော်က မင်းဆွေမင်းမျိုးဆိုတော့ တိုင်းပြည်ကိုကူညီမှကိုဖြစ်မှာ။
မရှောင်လွှဲနိုင်ဘူးလေဆိုပြီး ကံကြမ္မာလက် ဝ,ကွက်အပ်လိုက်ရမှာလား"
"တောတောင်ထဲမှာနေတဲ့လူဖြစ်တဲ့
ကျွန်တော်က တိုင်းရေးပြည်ရာကိုပြောဖို့မသင့်တော်ပါဘူး။ ခုဏက ခင်ဗျားက ပြောခိုင်းလို့တာ
ပြောရတာပါ"
"ခင်ဗျားထောက်ပြတာကို
ကျေးဇူးတင်ပါတယ်။ ကျူးကဲလျန့်(Zhuge Liang) ဘယ်သွားလည်းဆိုတာ သိပါသလား?"
"ကျွန်တော်လည်း
သူ့ကိုလာတွေ့တာ။ သူဘယ်သွားလည်းမသိဘူး"
"ဆရာကြီးက
ကျွန်တော်နဲ့အတူ ကျွန်တော့်ရဲ့နယ်မြေလေးကိုလိုက်ခဲ့ပါလား"
"ကျွန်တော်က
အေးချမ်းမှုနဲ့အနှောင်အဖွဲ့ကင်းမှုကိုမြတ်နိုးသူဖြစ်ပြီး ဘာမှရည်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး။
တစ်ချိန်ချိန်မှာတော့ ပြန်တွေ့ကြတာပေါ့"
ထို့နောက်
"ချွေးကျိုးဖင်"(Cui Zhouping) သည် နှုတ်ဆက်ကာ ထွက်သွားသည်။
ထိုအခါ
"ကျန်းဖေး"(Zhang Fei) မှ
"ဒီကိုလာတာ
ကျူးကဲလျန့်(Zhuge Liang) နဲ့မတွေ့ပဲ ဒီစာပေပညာရှင်ဆိုတဲ့လူရဲ့ ဆုံးမစကားကြားရတာပဲ
အဖတ်တင်တယ်" ဟု ပြောသည်။
"လျူဘေ့"(Liu
Bei) : "ဒါက နက်နက်နဲနဲတွေးခေါ်တတ်သူရဲ့ စကားတွေပဲ"
ရှင်းရဲ့သို့ပြန်ရောက်ပြီး
ရက်အနည်းငယ်ကြာလျှင် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge
Liang) ပြန်ရောက်မရောက် လူလွှတ်ကာ စုံစမ်းစေသည်။ ပြန်ရောက်ပြီဟုကြားလျှင် "ကျူးကဲလျန့်"(Zhuge
Liang) ထံသွားရန်ပြင်သည်။ "ကျန်းဖေး"(Zhang Fei) မှ မကျေမနပ်ဖြစ်ကာ
"ဘာလို့ဒီလိုရွာသားဆီသွားရတာလဲ?
သူ့ကို ဒီလာခဲ့လို့ အမိန့်ထုတ်လိုက်ပါလား" ဟု ပြောလေသည်။ "လျူဘေ့"(Liu
Bei) မှ
"ပါးစိတ်ပိတ်ထား။
'ပညာရှိဆီကိုသွားရင် သူ့လမ်းအတိုင်းမသွားတာဟာ ကိုယ်ဝင်ချင်တဲ့တံခါးကိုပိတ်ထားသလိုပဲ'
လို့ ဆရာကြီးမင်းစီးယပ်က ပြောခဲ့ဖူးတယ်။ ကျူးကဲလျန့်(Zhuge Liang) က ဒီခေတ်ဒီအခါရဲ့အထူးချွန်ဆုံးပညာရှိပဲ။
သူ့ကိုဒီလိုဆင့်ခေါ်လို့ဘယ်ဖြစ်မလဲ" ဟု ဆိုသည်။
ပထမအကြိမ်တိုင်းပင်
"လျူဘေ့"(Liu Bei) သည် သူ၏ညီနှစ်ဦးနှင့်သွားလေသည်။ ထိုအချိန်သည် ဆောင်းရာသီဖြစ်သဖြင့်
အင်မတန်မှ အေးလေသည်။ လေတို့လည်း တိုက်ခတ်နေသလို နှင်းတို့လည်း တဖွဲဖွဲကျနေသည်။
"ကျန်းဖေး"(Zhang Fei) မှ
"အခုက
ဆောင်းရာသီဖြစ်တဲ့အတွက် စစ်ချီဖို့အဆင်မပြေဘူး။ ဒါကို တခြားလူဆီသွားပြီး အသုံးမဝင်တဲ့စစ်ဗျူဟာ
တောင်းခံရဦးမယ်။ ရှင်းရဲ့ကိုပြန်ရင်ကောင်းမယ်" ဟု ပြောသည်။ "လျူဘေ့"(Liu
Bei) မှ
"ငါက
ကျူးကဲလျန့်(Zhuge Liang) ဆီကိုသွားမယ်လို့ ဆုံးဖြတ်ထားပြီးပြီ။ ငါ့ညီက အအေးကြောက်တယ်ဆိုရင်
ပြန်သွားနိုင်တယ်" ဟု ဆိုသည်။
"ကျွန်တော်က
သေမှာတောင်မကြောက်တာ အေးတာကို ဘယ်ကြောက်မတုန်း? ဒါပေမယ့် ဒီကိုလာတာ အစ်ကိုကြီးအတွက်
အချည်းနှီးဖြစ်မှာစိုးရိမ်တာပါ"
"ဘာမှ
ထပ်မပြောနဲ့တော့"
ထိုအချိန်တွင်
လူနှစ်ဦးတို့သီချင်းဆိုနေသည်ကို မြင်လိုက်သည်။ တစ်ဦးမှာ ရှည်ညားသောမုတ်ဆိတ်ရှိပြီး
ကျန်တစ်ဦးမှာ ချောမောသောရုပ်ရည်ရှိသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"ခင်ဗျားတို့နှစ်ယောက်ထဲက
ဘယ်သူက ဆရာ 'အိပ်ပျော်နေတဲ့နဂါး' ပါလိမ့်" ဟု မေးသည်။
"ခင်ဗျားက
ဘယ်သူလဲ? အိပ်ပျော်နေတဲ့နဂါးကိုရှာတာ ဘာကိစ္စရှိလို့လဲ"
"ကျွန်တော်က
လျူဘေ့(Liu Bei) ပါ။ တိုင်းပြည်ကြီးကိုတည်ငြိမ်အောင်လုပ်ဖို့ သူ့ဆီက အကြံတောင်းချင်လို့ပါ"
"ကျွန်တော်တို့နှစ်ယောက်လုံးက
ခင်ဗျားရှာတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူ့သူငယ်ချင်းတွေပါ။ ကျွန်တော်က
ရှီကွမ်းယွမ်(Shi Guangyuan) ဖြစ်ပြီး သူကတော့ မုန့်ကုန်းဝေ(Meng Gongwei) ပါ"
"ကျွန်တော်
ခင်ဗျားတို့ရဲ့ဂုဏ်သတင်းကိုကြားဖူးပါတယ်။ ဒီလိုတွေ့ရတာ ကျွန်တော့်အတွက်ကံကောင်းမှုပဲ။
ကျွန်တော်နဲ့အတူ အိပ်ပျော်နေတဲ့နဂါးတောင်ထိပ်ကိုလိုက်ခဲ့ပါလား? စကားစမြည်ပြောကြတာပေါ့။
ကျွန်တော့်မှာ မြင်းအပိုတွေပါ,ပါတယ်"
"ကျွန်တော်တို့က
တောသူတောင်သားတွေဖြစ်တဲ့အတွက် တိုင်းရေးပြည်ရေးကို မသိပါဘူး၊ ဒါကြောင့် ဒါတွေကိုမမေးပါနဲ့။
အိပ်ပျော်နေတဲ့နဂါးကိုဆက်ပြီးတော့သာရှာပါ"
သို့နှင့်
"လျူဘေ့"(Liu Bei) လည်း ခရီးဆက်လေသည်။ "ကျူးကဲလျန့်"(Zhuge
Liang) အိမ်သို့ရောက်လျှင် ရှေးကအတိုင်း တံခါးခေါက်ရာ ပထမအခေါက်က လူငယ်လေးထွက်လာပြန်သည်။
"သခင်ကြီး
ပြန်ရောက်ပြီလား"
"သူ
အခန်းထဲမှာ စာဖတ်နေပါတယ်"
ထိုအခါ
"လျူဘေ့"(Liu Bei) သည် ဝမ်းမြောက်သွားပြီး ထိုလူငယ်လေးနှင့်အတူ အိမ်အတွင်းသို့ဝင်သွားသည်။
ပင်မတံခါးကြီး၏အရှေ့ဘက်တွင် အောက်ပါစာအတိုင်းအဓိပ္ပာယ်ပေလွှာကို ချိတ်ထားသည်ကိုတွေ့သည်။
'သန့်စင်မှုကြောင့်
မြင့်တက်စေသည်၊
အေးချမ်းမှုသည်
ဟိုးအဝေးအထိ ထိရောက်သည်'
ထိုစာကိုကြည့်နေစဉ်
လူငယ်လေးတစ်ဦး သီချင်းဆိုသံကိုကြားလေသည်။ ထိုလူငယ်သီချင်းဆိုရပ်သွားလျှင် "လျူဘေ့"(Liu
Bei) သည် ထိုလူငယ်ထံသွားကာ အရိုအသေပြုပြီး
"သခင်ကြီးကို
တွေ့ချင်ခဲ့တာကြာပြီ။ ဒါပေမယ့်လည်း မတွေ့ဖြစ်ခဲ့ဘူး။ ဆရာကြီး စီးမာဟွေး(Sima Hui) ညွှန်တော့
ပထမအခေါက်က ဒီကိုလာပေမယ့်လည်း မတွေ့ခဲ့ရဘူး။ အခုတော့ ကံကောင်းထောက်မစွာနဲ့ တွေ့ရပြီ"
ဟုပြောသည်။ ထိုလူငယ်လေးကလည်း ပြန်အရိုအသေပြုကာ
"စစ်သူကြီးက
ကျွန်တော့်အစ်ကိုကိုတွေ့ချင်တဲ့ ယွီကျိုးက လျူဘေ့(Liu Bei) ထင်တယ်။ " ဟု ပြောသည်။
"သခင်ကြီးက
အိပ်ပျော်နေတဲ့နဂါးမဟုတ်ဘူးလား?"
"ကျွန်တော်က
သူ့ညီ ကျူးကဲကျွင်း(Zhuge Jun) ပါ။ သူ့မှာ ကျူးကဲကျင့်(Zhuge Jin) လို့ခေါ်တဲ့အစ်ကိုတစ်ယောက်ရှိပါသေးတယ်။
အခု အဲ့အစ်ကိုကြီးက စွန်းချွမ်(Sun Quan) ဆီမှာ အကြံပေးအဖြစ် အမှုထမ်းနေတယ်။ ကျူးကဲလျန့်(Zhuge
Liang) က ညီအစ်ကိုတွေထဲမှာ ဒုတိယအကြီးဆုံးပါ"
"ခင်ဗျားအစ်ကို
အိမ်မှာရှိလား"
"မနေ့ကတင်ပဲ
ချွေးကျိုးဖင်(Cui Zhouping) နဲ့အပြင်ထွက်သွားတယ်"
"သူတို့
ဘယ်ထွက်သွားတာလဲ"
"ဘယ်သိနိုင်မလဲ?
သူတို့တွေက လှေစီးပြီး ရေကန်တွေကိုလျှောက်သွားရင်သွားတတ်တယ်။ တောတောင်တွေထဲက ဘုံကျောင်းတွေမှာ
ရဟန်းတွေနဲ့ စကားစမြည်ပြောချင်လည်းပြောနေတတ်တယ်။ ဒါမှမဟုတ် ဟိုးအဝေးကရွာတွေက သူငယ်ချင်းတွေဆီလည်း
သွားတတ်တယ်။ ဒါမှမဟုတ်လည်း ဂူတစ်ခုထဲမှာနေပြီး ပုလွေတစ်ချောင်းနဲ့ ကျားထိုးရင်လည်း
ထိုးတတ်တယ်။ သူတို့ဘယ်သွားလည်းဆိုတာ မသေချာဘူး။ ဘယ်သူမှ သေချာမသိနိုင်ဘူး"
"တော်တော်ဆိုးတဲ့ကံပဲ၊
နှစ်ခါလုံး ပညာရှိကြီးနဲ့မတွေ့ရဘူး"
"ဒီမှာ
ခဏထိုင်ပါဦး။ ကျွန်တော် ရေနွေးကြမ်းပြင်လိုက်ဦးမယ်"
"ကျန်းဖေး"(Zhang
Fei) : "အစ်ကိုကြီး၊ သခင်ကြီးမရှိဘူးဆိုတော့ ကျွန်တော်တို့ပြန်ကြရအောင်"
"လျူဘေ့"(Liu
Bei) : "ရောက်လက်စနဲ့ ဒီမှာစကားပြောလိုက်ပါဦးမယ်"
ထို့နောက်
"လျူဘေ့"(Liu Bei) သည် အိမ်ရှင်ဘက်လှည့်ကာ
"ခင်ဗျားရဲ့အစ်ကိုကြီးက
သေနင်္ဂဗျူဟာတွေ၊ စစ်ရေးစစ်ရာတွေလေ့လာတဲ့လူလား" ဟု မေးသည်။
"ကျွန်တော်မသိပါဘူး"
"ကျန်းဖေး"(Zhang
Fei) သည် မကျေမနပ်ဖြင့်
"လေတွေက
ပိုထန်ပြီး နှင်းတွေလည်း ပိုကျလာပြီ။ ကျွန်တော်တို့ပြန်သင့်ပြီ" ဟု ကျယ်လောင်စွာပြောသည်။
ထိုအခါ "လျူဘေ့"(Liu Bei) သည် ဒေါသထွက်ပြီး ထိုသို့မပြောရန် တားမြစ်လိုက်သည်။
"ကျူးကဲကျွင်း"(Zhuge
Jun) မှ
"ကျွန်တော့်အစ်ကိုလည်းမရှိဘူးဆိုတော့
သခင်ကြီးတို့ကို အချိန်မဆွဲတော့ပါဘူး" ဟု ဆိုသည်။
"ကျွန်တော်
ရက်အနည်းငယ်ကြာရင် ပြန်လာပါ့မယ်။ စာရွက်နဲ့မှင်ယူလာပေးပါလား? ကျွန်တော့်ရဲ့စိတ်ထက်သန်မှုကိုပြတဲ့အနေနဲ့စာတစ်စောင်ချန်ထားချင်လို့ပါ"
"လျူဘေ့"(Liu
Bei) သည် အောက်ပါစာကို ရေးလိုက်သည်။
'ကျွန်တော်
လျူဘေ့(Liu Bei) က သခင်ကြီးရဲ့ဂုဏ်သတင်းကိုလေးစားနေခဲ့တာကြာပါပြီ။ နှစ်ခါလာခဲ့ပေမယ့်နှစ်ခါလုံးတွေ့ခွင့်မရခဲ့ဘူး။
ကျွန်တော်က ဘုရင့်ရဲ့ဆွေမျိုးတော်စပ်တဲ့အတွက် ဒီလိုမျိုးမထိုက်တန်တဲ့ရာထူးကိုရခဲ့ပါတယ်။
ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ဆိုးရွားတဲ့အခြေအနေ၊ အရှုပ်အထွေးတွေ၊ လူတွေက မင်းသားအပေါ်
ဆိုးဆိုးရွားရွားဆက်ဆံနေတာမြင်ရင် စိတ်မကောင်းဖြစ်ရပါတယ်။ ကူညီချင်ပေမယ့်လည်း အရည်အချင်းမရှိခဲ့ပါဘူး။
ဒါကြောင့် သခင်ကြီးသာ ကူညီရင် Lu Wang တို့၊ Zhang Liang တို့လုပ်ဆောင်ခဲ့သလို တိုင်းပြည်ကြီးကို
ပြန်လည်တည်ထောင်နိုင်မှာပါ
ကျွန်တော့်ရဲ့ဆန္ဒကိုဖော်ပြတဲ့အနေတဲ့ဒီစာကိုရေးတာပါ။
ကျွန်တော် နောက်တစ်ခေါက်လာပြီး သခင်ကြီးကိုအရိုအသေပြုပါဦးမယ်'
ထို့နောက်
၎င်းစာကို "ကျူးကဲကျွင်း"(Zhuge Jun) အား ပေးလိုက်သည်။
"လျူဘေ့"(Liu
Bei) သည် စိတ်ပျက်စွာဖြင့် မြင်းစီးကာ ပြန်ရန် ပြင်နေစဉ် လူငယ်လေးမှ
"သခင်ကြီးပြန်လာပြီ"
ဟု ပြောသည်ကိုကြားလိုက်သည်။ ထိုလူသည် မြည်းတစ်ကောင်စီးလာပြီး သီချင်းဆိုနေသည်။ သူ့အနောက်တွင်
လူငယ်လေးတစ်ဦးက အရက်ပုလင်းကို ကိုင်ကာလိုက်လာသည်။
"လျူဘေ့"(Liu
Bei) သည်
"ဒါက
အိပ်ပျော်နေတဲ့နဂါးပဲဖြစ်မယ်" ဟုပြောပြီးနောက် ထိုသူနားသို့သွားကာ
"လေပြင်းတွေကြောင့်
အပြင်သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့က သခင်ကြီးကိုစောင့်နေတာကြာပြီ" ဟု ပြောလေသည်။
ထိုသူကလည်း မြည်းပေါ်မှဆင်းကာ အရိုအသေပြုသည်။
နောက်ဘက်က
"ကျူးကဲကျွင်း"(Zhuge Jun) က
"သူက
ကျွန်တော့်အစ်ကိုမဟုတ်ဘူး။ ဒါက သူ့ယောက်က္ခမ ဟွမ်ချန်ရန့်(Huang Chenyan) ပါ"
ထိုအခါ
"လျူဘေ့"(Liu Bei) မှ
"ခင်ဗျားဆိုနေတဲ့သီချင်းက
အင်မတန်နားထောင်ကောင်းပါတယ်" ဟုဆိုသည်။
"အဲ့ဒါက
ကျွန်တော့် သမက်အိမ်မှာတွေ့တဲ့ကဗျာလေးပါ"
"ခင်ဗျား
သမက်ကို အခုတလောတွေ့ဖြစ်လား"
"အခု
သူနဲ့လာတွေ့တာလေ"
ထို့နောက်
"လျူဘေ့"(Liu Bei) လည်း နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။
ရှင်းရဲ့ကိုပြန်ရောက်ပြီးနောက်
အချိန်တဖြည်းဖြည်းကုန်သွားကာ နွေဦးသို့ရောက်လာခဲ့ပြီ။ ထိုအခါ "လျူဘေ့"(Liu
Bei) သည် နောက်တစ်ကြိမ် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားရန်ပြင်သည်။ ညီဖြစ်သူနှစ်ဦးတို့က
ထိုသို့သွားမည်ကို ဝင်၍ကန့်ကွက်ရန်ပြင်ကြသည်။
Comments