Fate/stay night: Heaven's Feel

Fate/stay night: Heaven's Feel - I. Presage Flower

Information

Type: Movie
Episodes: 1
Status: Finished Airing
Aired: Oct 14, 2017
Producers: Aniplex, Notes
Licensors: Aniplex of America
Studios: ufotable
Source: Visual novel
Genres: Action, Fantasy, Magic, Supernatural
Duration: 2 hr.
Rating: R - 17+ (violence & profanity)

ဇာတ်လမ်းအကျဉ်း

Fate animeဟာ Master ခုနစ်ပါးဟာ Servant Class ခုနစ်မျိုးထဲက တစ်ပါးစီကိုဆင့်ခေါ်ပြီး သူတို့ရဲ့ရည်မှန်းချက်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် သွေးခံခွက်တော်(Holy Grail)ကိုရရှိရေးအတွက် ယှဉ်ပြိုင်သတ်ဖြတ်နေရတဲ့ သွေးခံခွက်တော်စစ်ပွဲတွေထဲအကြောင်းပါ။
Staynightကတော့ ငါးကြိမ်မြောက် သွေးခံခွက်တော်စစ်ပွဲအကြောင်းဖြစ်ပါတယ်။ ဒီanimeဟာ visual novel originဖြစ်တဲ့အတွက် Endingနဲ့Routeတွေများစွာရှိပြီး True Routeကြီး သုံးခုရှိပါတယ်။ Route တစ်ခုစီက story တစ်ခုစီအဖြစ် ထွက်ပေါ်လာတာပါ။Shirouရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီးFemale Protagonist သုံးယောက်ဖြစ်တဲ့ Saber, Tohsaka Rin,Matou Sakuraတို့ထဲက တစ်ယောက်ယောက်ကို focusလုပ်မယ့် storyလိုင်းဖြစ်သွားမှာပါ။အခု Movieကတော့ တတိယမြောက် Heaven's Feel Routeပါ။ Natsuverseကို အခုမှခြေစုံပစ်ဝင်ချင်တဲ့ Fan တွေအတွက်ကတော့နည်းနည်းလေးရှင်းပြပါမယ်။
Servantတွေကတော့ အတိတ်ကာလ ဒါမှမဟုတ် ဒဏ္ဍာရီလာ သူရဲကောင်းတွေကို ဓာတ်တော်သုံးပြီး ဆင့်ခေါ်ထားတဲ့ သူရဲကောင်းဝိညာဉ်တွေဖြစ်ပါတယ်။ Class တွေကတော့ -
Saber (ဓားကိုင်သူရဲကောင်း)
Archer (လေးသည်တော်)
Lancer (လှံကိုင်သူရဲကောင်း)
Rider (ဘီးတပ်ရထား သို့ ဆင်မြင်းစသည်ကိုစီး၍ တိုက်ပွဲဝင်သောသူရဲကောင်း)
Assassin (လုပ်ကြံသတ်ဖြတ်သူ)
Caster (Spell မန်းမှုတ်ရွတ်ဆိုသူ)
Berserker (ထိန်းသိမ်းရခက်သူ)
တို့ပဲဖြစ်ပါတယ်။
Servantကိုယ်စီမှာ Hogu (Noble Phantasam)လို့ခေါ်တဲ့ special abilityတွေရှိပြီးတော့ သူတို့ရဲ့ပုံပြင်တွေအပေါ်သက်ဝင်ယုံကြည်မှုအပေါ်မူတည်ပြီး အစွမ်းသတ္တိ ကွဲပြားသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့
Emiya shirouဆိုတဲ့ကျောင်းသားတစ်ယောက်ကိုဇာတ္လိုက္ထားထားတာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကမီးလောင်မှုကြီးကြောင့် အားလုံးကိုဆုံးရှုံးသွားပြီးEmiya Krirsuguဆိုတဲ့ Magusတစ်ယာက်ရဲ့မွေးစားသားဖြစ်လာပြီး
Hero of Justiceကြီးဖြစ်ဖို့ရည်မှန်းထားတဲ့ Shirouအနေနဲ့ သွေးခံခွက်တော်စစ်ပွဲထဲကို မထင်မှတ်ဘဲ ဝင်ရောက်သွားပြီး Masterတစ်ယောက်အဖြစ် ပါဝင်ရတော့မယ့်အချိန်မှာ...
သူ့အနေနဲ့ဘယ်လို Darkဖြစ်တဲ့ လျို့ဝှက်ချက်တွေကို သိမြင်ရမလဲ။
ဘယ်လိုစွန့်စားမှုတွေကြုံရမလဲ။
ဘယ်လိုမိန်းကလေးမျိုးနဲ့တွေ့ဆုံ ချစ်ကြိုက်မိမလဲ။
သွေးခံခွက်တော်ဆိုတာကရော ဘာကြီးလဲ။
လွန်ခဲ့တဲ့10နှစ်တုန်းက မီးလောင်မှုကြီးရဲ့ လက်သည်တရားခံဟာရော ဘယ်သူများဖြစ်မလဲ။
ငါးကြိမ်မြောက်သွေးခံခွက်တော်စစ်ပွဲဟာရော ဘယ်လိုပြီးဆုံးသွားမလဲ....
စောင့်မျှော်ကြည့်ရှုရမှာပါ။ ပိုအသေးစိပ်သိချင်ရင်တော့typemoonwikia မှာဖတ်ကြည့်ကြပါ။
ဒီRouteကေတာ့Matou Sakuraရဲ့ Routeပါ။
ကျွန်တော့်ဘက်ကတော့ Newcomer fanတွေပါ နားလည်စေဖို့အတွက် Hoguတွေအကြောင်းကိုပါ
TL noteတွေနဲ့ရှင်းပြပေးထားပါတယ်။ တခြားfate seriesတြေကေတာ့ Gundam Series
Projectတွေပြီးသွားရင် subဖို့ အစီအစဉ်ရှိပါမယ်။ ဒါပေမယ့်ကျွန်တော့်အနေနဲ့ Fate Seriesတွေကို Creditless Versionနဲ့တင်ဆက်မှာဖြစ်တဲ့အတွက် NC Rawထုတ်ဖို့ အချိန်ယူရမှာကတစ်ကြောင်း ၊ Examတွေကြောင့် Subဖို့အချိန်သိပ်မရတာကတစ်ကြောင်း Source videoရဲ့file sizeအတော်ကြီးတဲ့အတွက် File sizeသေးသေးနဲ့ quality lossအနည်းဆုံးရရေးအတွက် Encoderခေါင်းစားရမှာက တစ်ကြောင်း(ဒီMovieတောင် ကျွန်တော့်ဆီမှာ12.2GBကျော်တယ်ဗျ)ကြောင့် Fate Seriesတွေအတွက် Releaseကတော့ ကြာပါမယ် ၊ ဒါပေမယ့် sub qualityတော့ အပြည့်ရစေဖို့အာမခံပါတယ်
Projectစမယ်ဆိုရင်လဲ pageက. Announceလုပ်ပါလိမ့်မယ်။
လောလောဆယ်ပြောချင်တာကတော့
Enjoy this one guys.
akpmzero11

Comments

Popular posts from this blog

Lookism