သုံးနိုင်ငံခေတ်(၈၈)
အခန်း(၈၈) ကင်းမြီးကောက်မြစ်ကိုဖြတ်ကာ မန်ဘုရင် ဒုတိယအကြိမ်ချုပ်နှောင်ခံရခြင်း။ ဒုတိယအကြိမ် ဟန်ဆောင်လက်နက်ချခြင်းကိုအသိအမှတ်ပြုပြီးနောက် မုန့်ဟော်(Meng Huo) သည် တတိယအကြိမ်အဖမ်းခံရခြင်း။ အမှုထမ်းတို့သည် မန်ဘုရင်ကိုပြန်လွှတ်ခြင်းနှင့်ပတ်သတ်ပြီး သဘောမတူခဲ့ပေ။ သူတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ၏ရွက်ဖျင်တဲသို့ရောက်လာကာ "မုန့်ဟော်(Meng Huo) က မန်မျိုးနွယ်စုတွေရဲ့အဓိကအရေးပါတဲ့လူပဲ။ သူ့ကိုဖမ်းဆီးတာက တောင်ပိုင်းကိုငြိမ်းချမ်းစေဖို့အတွက် အဓိကကျတယ်။ အဲ့ဒါကို ဘာလို့ဝန်ကြီးချုပ်က ပြန်လွှတ်လိုက်ရတာလဲ" "ကျုပ်အင်္ကျီအိတ်ထဲက ပစ္စည်းထုတ်သလိုမျိုး သူ့ကိုပြန်ဖမ်းနိုင်တယ်။ ကျုပ်လုပ်ချင်တာက သူ့စိတ်ကိုအောင်နိုင်ဖို့ပဲ၊ ပြီးရင်တော့ ငြိမ်းချမ်းမှုက သူ့အလိုလိုရောက်လာမှာဖြစ်တယ်" သူတို့သည် နားထောင်သော်လည်း ထိုအစီအစဉ်သည်အောင်မြင်လိမ့်မည်ဟုမထင်ကြပေ။ ထိုအချိန်ဝယ် "မုန့်ဟော်"(Meng Huo) သည် လုမြစ်သို့ရောက်သွားပြီဖြစ်ပြီး စစ်ရှုံးနိမ့်သောခေါင်းဆောင်အချို့နှင့်ပြန်တွေ့ရာ ထိုသူတို့က ဘုရင်၏အဖြစ်အပျက်တို့ကိုမေးမြန်းကြသည်။ သူတို့သည် အံ့ဩဝမ်းသာသွားကြပြီး "ဘုရင်ကြီးက ဘ...