သုံးနိုင်ငံခေတ်(၈၇)
အခန်း(၈၇) တောင်ပိုင်းမန်ကိုအနိုင်ယူရန်အတွက်
ဝန်ကြီးချုပ်စစ်ချီခြင်း။
ကောင်းကင်တပ်တို့ကိုဆန့်ကျင်ကာ မန်ဘုရင်အဖမ်းခံရခြင်း။
မြစ်ပြည်နယ်နှစ်နယ်တွင်
"ကျူးကဲလျန့်"(Zhuge Liang) ၏အုပ်ချုပ်မှုကြောင့် ပြည်သူတို့ချမ်းသာကြွယ်ဝကာ
ပျော်ရွှင်ခဲ့ကြသည်။ ငြိမ်းချမ်းသည့်အတွက်ကြောင့် ညအခါတွင် တံခါးတို့ကိုခတ်ထားစရာမလိုပေ။
လမ်းတွင် ပစ္စည်းကျသွားပြီး ထိုကျသွားသည့်နေရာတွင် ပြန်လာကြည့်ပါက ထိုပစ္စည်းမှာ ပုံမပျက်ပဲရှိနေသည်။
ထို့အပြင် တစ်နှစ်ထက်တစ်နှစ် ကောက်ပဲသီးနှံအထွက်တိုးသောကြောင့် လူကြီးလူငယ်တို့သည်
ဗိုက်လုံးနေအောင်စားကြရအောင် ကောင်းစွာဝတ်စားနိုင်ကာ ပျော်ရွှင်စွာတေးသီဆိုနိုင်ကြသည်။
လူတို့သည် အလျင်အမြန်ဖြင့် တိုင်းပြည်တာဝန်ထမ်းဆောင်ရန်ကြိုးပမ်းကြပြီး အနုပညာဘက်တွင်လည်း
တိုးတက်မှုများရှိခဲ့သည်။ စစ်ပွဲအတွက်ပြင်ဆင်မှုများမှာလည်း ပြီးပြည့်စုံနေပြီး ဂိုထောင်တို့မှာ
စပါးတို့ဖြင့်ပြည့်ကာ ဘဏ္ဍာတိုက်မှာလည်း ပြည့်မောက်နေသည်။
ကျန့်ရှင့်နှစ်
တတိယနှစ် (အေဒီ ၂၂၅) တွင် ယီကျိုးမှသတင်းတစ်ခု မြို့တော်ကိုရောက်လာသည်။
"မန်ဘုရင်
မုန့်ဟော်(Meng Huo) ဟာ မန်မျိုးနွယ်စုတပ်တစ်သိန်းနဲ့အတူ တောင်ပိုင်းကိုကျူးကျော်လာပြီး
ရှီဖန်းက ဟန်သခင် ယုံချီ(Yong Chi) ရဲ့မျိုးရိုးကဆင်းသက်လာသူ ကျန်းနင်မြို့စား ယုံခိုင်(Yong
Kai) က သူပုန်တွေနဲ့ပူးပေါင်းသွားပါတယ်။ ကျန်းကဲနဲ့ယွဲ့ဆွေမြို့စားတွေဖြစ်တဲ့ ကျူပေါက်(Zhu
Bao) နဲ့ ကောင်းတင်(Gao Ding) တို့လက်နက်ချသွားပါပြီ။ ဒါပေမယ့် ယုံချန်မြို့စား ဝမ်ခန်း(Wang
Kang) က ကျန်ရှိနေပါသေးတယ်။ သူပုန်တွေဖြစ်တဲ့ ယုံခိုင်(Yong Kai) ၊ ကောင်းတင်(Gao
Ding) နဲ့ ကျူပေါက်(Zhu Bao) တို့ဟာ ရန်သူတွေကိုလမ်းပြပေးပြီး ကျန်ရစ်နေတဲ့ ယုံချန်ကိုတိုက်ဖို့
ကူညီနေပါတယ်။ မြို့စား ဝမ်ခန်း(Wang Kang) ကို လက်အောက်ငယ်သား လုခိုင်(Lu Kai) က အကူအညီပေးနေပြီး
ကျန်ရစ်တဲ့လူတွေနဲ့မြို့ကိုကာကွယ်နေရပါတယ်။ အခြေအနေ ဆိုးရွားနေပါတယ်"
ထိုသတင်းကြားသောအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် နန်းတော်တွင်းသို့ဝင်ပြီး ဧကရာဇ်ထံလျှောက်တင်သည်။
"မန်မျိုးနွယ်တွေရဲ့ဖီဆန်မှုဟာ
တိုင်းပြည်အတွက် အန္တရာယ်ကြီးပါပဲ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်တပ်တွေကိုဦးဆောင်ပြီး
ငြိမ်ဝပ်ပိပြားအောင်လုပ်ဆောင်ရပါမယ်"
သို့သော်
ဒုတိယဧကရာဇ်က ကြောက်ရွံ့နေခဲ့သည်။
"စွန်းချွမ်(Sun
Quan) က အရှေ့မှာရှိပြီး ချောင်ဖီ(Cao Pi) က အနောက်မှာရှိတယ်။ ကျုပ်ကိုထားခဲ့ပြီးသွားတဲ့အခါ
ရန်သူတွေလာရင် ဘယ်လိုလုပ်ရမလဲ"
"အရှင်မင်းကြီး
မစိုးရိမ်ပါနဲ့။ အခုလတ်တလောမှာ ဝူပြည်နဲ့မဟာမိတ်စာချုပ်ချုပ်ဆိုထားတော့ သူတို့က ကတိကိုလိုက်နာမှာပါ။
ပိုင်တိချန်က လီယန်(Li Yang) က လုရွှင့်(Lu Xun) ကိုယှဉ်နိုင်ပါတယ်။ ချောင်ဖီ(Cao
Pi) ကလည်း လောလောဆယ်မှာစစ်ရှုံးသွားတော့ ဘာမှလုပ်ဦးမှာမဟုတ်ဘူး။ မာချောင်း(Ma
Chao) က ဝေပြည်နဲ့ဟန်ကျုံးကြားက ခံတပ်တွေကိုတာဝန်ယူထားတဲ့အပြင် လိုအပ်ရင် စစ်ကူပေးနိုင်ဖို့
ကွမ်းရှင်း(Guan Xing) နဲ့ ကျန်းပေါက်(Zhang Bao) ကိုထားခဲ့ပါ့မယ်။ မလိုလားတဲ့အဖြစ်အပျက်တွေဖြစ်မှာကို
မစိုးရိမ်ပါနဲ့"
"ကျွန်တော်
မန်တိုင်းပြည်ကိုနှိမ်နှင်းပြီးမှသာ ဝေပြည်ကိုလွတ်လပ်စွာတိုက်နိုင်မှာဖြစ်တယ်။ ဒါမှ
အရှင်မင်းကြီးရဲ့ခမည်းတော်ဖြစ်တဲ့ ပထမဧကရာဇ်က ကျွန်တော့ကို သုံးကြိမ်သုံးခါလာရောက်ပြီးခေါ်ခဲ့တဲ့လေးစားသမှုနဲ့
သူ့သားတော်ကိုကျွန်တော့လက်ထဲအပ်ခဲ့တဲ့တာဝန်တို့ကို ပြန်ပေးဆပ်နိုင်မှာဖြစ်တယ်"
"မှန်တယ်၊
ကျုပ်ကငယ်ရွယ်ပြီးနားမလည်တော့ ခင်ဗျားရှိမှသာကျုပ်အတွက် ဆုံးဖြတ်မှုတွေပေးနိုင်တယ်"
ထိုအချိန်တွင်
အတိုင်ပင်ခံ နန်ရန်မြို့သား "ဝမ်လျန့်"(Wang Lian) မှ
"မဖြစ်ဘူး၊
ဝန်ကြီးချုပ်ခင်ဗျာ၊ ဝန်ကြီးချုပ်ကိုယ်တိုင်သွားလို့မဖြစ်ဘူး။ တောင်ပိုင်းမန်က ငှက်ဖျားတွေပြည့်နေတဲ့အရပ်ဒေသဖြစ်တယ်။
တိုင်းပြည်ရဲ့အရေးပါပြီး တာဝန်ကြီးတဲ့ပုဂ္ဂိုလ်က ဟိုးအဝေးကနယ်အထိ စစ်တိုက်ရမယ်ဆိုတာ
မဖြစ်သင့်ဘူး။ ဒီသူပုန်တွေ၊ လူရိုင်းတွေက ယားယံမှုသာဖြစ်ပါတယ်၊ ရောဂါဆိုးကြီးမဟုတ်ဘူး။
ဒါကြောင့် သာမန်ခေါင်းဆောင်တစ်ဦးကိုလွှတ်ပြီး တိုက်ခိုက်ရင်ရပါပြီ။ သူရှုံးနိမ့်မှာမဟုတ်ပါဘူး"
"မန်တိုင်းပြည်က
ဝေးကွာပြီး ယဉ်ကျေးမှုအဆင့်အတန်းနိမ့်ကျတယ်။ သူတို့တွေကို နားလည်အောင်ပြောဆိုဖို့ဆိုတာခက်ခဲမယ်။
ဒါကြောင့် ကျုပ်ကိုယ်တိုင်သွားဖို့လိုအပ်တယ်။ ကြမ်းတမ်းသင့်တဲ့အချိန်မှာ ကြမ်းတမ်းပြီး
သိမ်မွေ့တဲ့အချိန်မှာသိမ်မွေ့ရမယ်။ ဒါတွေက အဲ့အချိန်မှဆုံးဖြတ်ရမှာဖြစ်ပြီး တစ်ယောက်ယောက်ကိုမှာကြားပြီးလုပ်ခိုင်းဖို့မဖြစ်နိုင်ဘူး"
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ဝမ်လျန့်"(Wan Lian) ၏ကန့်ကွက်မှုတို့ကိုလက်မခံပဲ ဒုတိယဧကရာဇ်အားနှုတ်ဆက်စကားဆိုကာ
စစ်ချီရန်ပြင်ဆင်ခဲ့သည်။
"ကျန်းဝမ်"(Jiang
Wan) ကိုစစ်ဆင်ရေး၏အတိုင်ပင်ခန်၊ "ဖေးယီ"(Fei Yi) ကို မှတ်တမ်းတင်သူ၊ "ဖန်ကျန်း"(Fan
Jian) နှင့် "တုံးကြွယ်"(Dong Jue) တို့ကို တပ်စစ်ဆေးရေးအရာရှိ၊ "ကျောက်ယွင်"(Zhao
Yun) နှင့် "ဝေရန်"(Wei Yan) တို့ကို စစ်သူကြီး၊ "ဝမ်ဖင်"(Wang
Ping) နှင့် "ကျန်းယီ"(Zhang Yi) တို့ကိုလက်ထောက်စစ်သူကြီးအဖြစ် တာဝန်ပေးခဲ့သည်။
ထို့အပြင် ရှူပြည်၏အမှုထမ်းငါးဆယ်ခန့်ပါဝင်ပြီး တပ်အင်အားမှာ ငါးသိန်းယှဉ်သည်။
မကြာမီတွင်ပင်
စစ်တပ်ကြီးသည် ယီကျိုးသို့ချီတက်ခဲ့သည်။ ထိုအချိန်တွင် "ကွမ်းယွီ"(Guan
Yu) ၏တတိယသား "ကွမ်းဆော်"(Guan Suo) ပေါ်လာပြီး "ကျူးကဲလျန့်"(Zhuge
Liang) နှင့်တွေ့ကာ
"ကျင်ကျိုးကျသွားပြီးနောက်
ကျွန်တော့ကို ပေါက်မိသားစုက ဖွက်ထားပေးခဲ့ပြီး ကျွန်တော်က မြစ်ပြည်နယ်ကိုသွားပြီး အဖေ့အတွက်လက်စားချေဖို့လုပ်ခဲ့တယ်။
ဒါပေမယ့် ကာလကြာရှည် နေမကောင်းဖြစ်ပြီး မကြာသေးခင်ကမှ ပြန်သက်သာသွားခဲ့တာ။ အခု ကျွန်တော်
ချန်တူးကိုသွားပြီး ဧကရာဇ်ထံအခစားဝင်မလို့သွားနေတုန်း ဒီတောင်ပိုင်းကိုစစ်ချီမယ့် တပ်ဖွဲ့တွေကိုတွေ့ခဲ့တယ်။
ကျွန်တော့ဖခင်ကိုသတ်ခဲ့တဲ့လူတွေကိုလက်တုံ့ပြန်ပြီးပြီဆိုတော့ ကျွန်တော် ဝန်ကြီးချုပ်လက်အောက်မှာ
အမှုထမ်းပါရစေ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ဝမ်းမြောက်သွားပြီး ထိုလူငယ်ရောက်လာသည့်အကြောင်းကို နန်းတွင်းသို့တင်ပြကာ
"ကွမ်းဆော်"(Guan Suo) ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်တာဝန်ပေးခဲ့သည်။
စစ်တပ်ကြီးသည်
မြင်းတပ်၊ ခြေလျင်တပ်တို့ဖြင့် ညအခါ စခန်းချကာအနားယူပြီး နေ့အခါတွင် စစ်ချီကာ ရေဆာသည့်အခါရေသောက်၊
ဗိုက်ဆာသည့်အခါ စားသောက်ကြပြီး စနစ်ကျစွာဖြင့် ချီတက်ခဲ့သည်။ လုယက်ခြင်းကိုလည်း ခွင့်မပြုခဲ့သောကြောင့်
ပြည်သူတို့ဒုက္ခမရောက်ကြပေ။ "ကျူးကဲလျန့်"(Zhuge Liang) ရောက်လာပြီဟု "ယုံခိုင်"(Yong Kai) နှင့်အခြားသူပုန်တို့ကြားသိသောအခါ
တပ်ဖွဲ့တို့ကိုစုဆောင်းကာ တပ်မသုံးခုခွဲပြီး အလယ်တွင် "ကောင်းတင်"(Gao
Ding) ၊ လက်ဝဲဘက်တွင် "ယုံခိုင်"(Yong Kai) နှင့် လက်ယာဘက်တွင် "ကျူပေါက်"(Zhu
Bao) တို့က ဦးဆောင်သည်။ တစ်ဖွဲ့စီတွင် တပ်သား ငါးသောင်းပါဝင်ပြီး ရှူတပ်ကြီးကိုရင်ဆိုင်ရန်ထွက်ခွာခဲ့သည်။
"ကောင်းတင်"(Gao
Ding) မှ "အဲဟွမ်"(E Huan) ကို ရှေ့ပြေးတပ်ကိုဦးဆောင်စေ၏။ "အဲဟွမ်"(E
Huan) သည် အရပ်ကိုးထွာရှည်ပြီး ခက်ထန်သောရုပ်ရည်ရှိသည်။ သူ့လက်နက်မှာ အသွားနှစ်ဖက်ပါသော
ပုဆိန်ရှည်ဖြစ်ပြီး သတ္တိရှိသူဖြစ်ကာ သူရဲကောင်းများစွာဖြင့်ရင်ဆိုင်နိုင်သည်။ သူသည်
တပ်အနည်းငယ်နှင့်အတူ တပ်မကြီးမှခွဲထွက်ကာချီတက်ခဲ့ပြီး ယီကျိုးသို့ဝင်သည်နှင့် ရှူတပ်ကိုရင်ဆိုင်ရသည်။
နှစ်ဦးနှစ်ဖက်လုံး
တိုက်ကွက်တို့ခင်းကျင်းကာ တိုက်ရန်ပြင်ဆင်ကြသည်။ ပြီးနောက်တွင် "ဝေရန်"(Wei
Yan) မှထွက်လာပြီး သွားပုပ်လေလွင့်ပြောသည်။
"အို၊
မကျေနပ်တဲ့တပ်သားတွေ၊ အမြန်လက်နက်ချကြ"
"အဲဟွမ်"(E
Huan) သည်လည်း မြင်းစီးပြီးထွက်လာကာ "ဝေရန်"(Wei Yan) နှင့်တိုက်သည်။ အနည်းငယ်တိုက်ခိုက်ပြီးနောက်
"ဝေရန်"(Wei Yan) သည် ရှုံးနိမ့်သွားပုံပေါ်ပြီး ထွက်ပြေးသွားလေသည်။ သို့သော်
၎င်းမှာပရိယာယ်ဖြစ်သည်။ "အဲဟွမ်"(E Huan) သည် နောက်မှလိုက်သောအခါ မောင်းသံတို့ကြားလိုက်ရပြီး
ဘယ်ညာနှစ်ဖက်စီမှ "ကျန်းရီ"(Zhang Yi) နှင့် "ဝမ်ဖင်"(Wang
Ping) ၏တပ်ပေါ်လာသည်။ "ဝေရန်"(Wei Yan) ကလည်း ပြန်လှည့်လာပြီး စစ်သူကြီးသုံးဦးပူးပေါင်းကာ
"အဲဟွမ်"(E Huan) ကို ဖမ်းလိုက်သည်။
ပြီးနောက်
သုံ့ပန်းကို "ကျူးကဲလျန့်"(Zhuge Liang) ၏ရွက်ဖျင်တဲသို့ခေါ်သွားပြီး
"ကျူးကဲလျန့်"(Zhuge Liang) မှ ရဲမက်တို့အား ကြိုးတို့ကိုဖြည်စေရန်အမိန့်ပေးလိုက်ပြီး
အရက်တို့တိုက်ကာ နှစ်သိမ့်စေခဲ့သည်။
"ခင်ဗျားက
ဘယ်တပ်ကလဲ"
"ကျွန်တော်က
ကောင်းတင်(Gao Ding) လက်အောက်က စစ်သူကြီးတစ်ဦးဖြစ်ပါတယ်"
"ကောင်းတင်(Gao
Ding) က သစ္စာရှိပြီး ကောင်းတဲ့လူဆိုတာ ကျုပ်ယုံတယ်။ ယုံခိုင်(Yong Kai) ရဲ့လုပ်ဆောင်မှုကြောင့်
သူလမ်းကြောင်းလွဲသွားတာဖြစ်တယ်။ အခု ခင်ဗျားကိုပြန်လွှတ်ပေးမယ်။ ဒါပေမယ့် ခင်ဗျားက ကောင်းတင်(Gao
Ding) အမြင်မှန်ရလာအောင် နားချပြီး သူလက်နက်ချမှသာလျင် ဒီဘေးဆိုးကြီးကလွတ်မြောက်မယ်ဆိုတာ
ပြောပြပါ"
"အဲဟွမ်"(E
Huan) သည်လည်း ကျေးဇူးတင်စကားဆိုကာ ထွက်သွားသည်။ သူ့စခန်းသို့ပြန်ရောက်သောအခါ
"ကောင်းတင်"(Gao Ding) နှင့်တွေ့ပြီး "ကျူးကဲလျန့်"(Zhuge
Liang) ပြောခဲ့သည်ကို ပြန်ပြောပြသည်။ "ကျူးကဲလျန့်"(Zhuge Liang) ၏ကြင်နာမှုတို့သည်
"ကောင်းတင်"(Gao Ding) စိတ်ကိုထိသွားခဲ့သည်။
နောက်ရက်
"ယုံခိုင်"(Yong Kai) သည် "ကောင်းတင်"(Gao Ding) စခန်းသို့ရောက်လာကာ
နှုတ်ဆက်စကားတို့ပြောကြပြီးနောက်
"အဲဟွမ်(E
Huan) က ဘယ်လိုပြန်လာနိုင်တာလဲ"
"ကျူးကဲလျန့်(Zhuge
Liang) က သနားပြီးပြန်လွှတ်ပေးလိုက်တာ"
"ဒါ
ကျုပ်တို့နှစ်ဦးကိုရန်သူဖြစ်အောင်လုပ်တဲ့ သူ့ပရိယာယ်ပဲ"
"ကောင်းတင်"(Gao
Ding) သည် ထိုစကားတို့ကိုလည်း ယုံကြည်သောကြောင့် ဇဝေဇဝါဖြစ်နေခဲ့သည်။ ထိုအချိန်တွင်
ရှူတပ်ခေါင်းဆောင်တို့ရောက်လာပြီး စိန်ခေါ်နေကြောင်း ကြားသိရသည်။ ထို့ကြောင့်
"ယုံခိုင်"(Yong Kai) သည် စစ်တပ်သုံးသောင်းနှင့်ထွက်ကာ ရင်ဆိုင်သည်။ တတိယအကြိမ်တိုက်ပြီးနောက်တွင်
ထွက်ပြေးခဲ့ရပြီး "ဝေရန်"(Wei Yan) က ခုနစ်မိုင်အကွာအထိ အနောက်မှတိုက်ခဲ့သည်။
နောက်တစ်ရက်တွင်
"ယုံခိုင်"(Yong Kai) ကထွက်ပြီး စိန်ခေါ်သော်လည်း ရှူတပ်တို့သည် သုံးရက်တိုင်တိုင်ထွက်မလာခဲ့ပေ။
စတုတ္ထရက်တွင် "ယုံခိုင်"(Yong Kai) နှင့် "ကောင်းတင်"(Gao
Ding) တို့သည် တပ်ဖွဲ့နှစ်ခုခွဲကာ စခန်းကိုတိုက်သည်။ ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge
Liang) မှ "ဝေရန်"(Wei Yan) ကို ရန်သူတို့နှစ်ဖွဲ့လာတိုက်မည်ဖြစ်ကြောင်းပြောထားခဲ့ပြီး
အသင့်စောင့်ဆိုင်းခိုင်းထားသောကြောင့် တပ်နှစ်တပ်စလုံးသည် ကင်းပုန်းနှင့်တိုးကာ အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။
အများအပြားသေဆုံးခဲ့ပြီး ထိုထက်များသောပမာဏတို့မှာ အဖမ်းခံခဲ့ရသည်။
စစ်သုံ့ပန်းတို့ကိုစခန်းသို့ပြန်ခေါ်သွားပြီး
"ယုံခိုင်"(Yong Kai) လက်အောက်ရှိတပ်သားနှင့် "ကောင်းတင်"(Gao
Ding) လက်အောက်မှတပ်တို့ကိုခွဲပြီးချုပ်နှောင်ထားစေသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge
Liang) မှ "ကောင်းတင်"(Gao Ding) ၏တပ်သားတို့ကိုသာ လွတ်ငြိမ်းချမ်းသာပေးမည်ဖြစ်ပြီး
ကျန်တပ်သားတို့ကိုသေဒဏ်ပေးမည်ဖြစ်ကြောင်း သတင်းဖြန့်စေသည်။ ထိုသတင်းကိုသုံ့ပန်းများကြားတွင်
ပြန့်သွားသည်အထိစောင့်ဆိုင်းပြီးနောက် "ယုံခိုင်"(Yong Kai) ၏တပ်သားတို့ကို
စစ်သေနာပတိရွက်ဖျင်တဲအတွင်းသို့ ဝင်လာစေသည်။
"မင်းတို့က
ဘယ်သူ့တပ်တွေလဲ"
"ကောင်းတင်(Gao
Ding) လက်အောက်ကပါ" ဟုလိမ်လည်ကြသည်။
ထို့နောက်
အကုန်လုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ အရက်နှင့်အစားအစာတို့ကိုကျွေးပြီးပြန်လွှတ်လိုက်သည်။
ပြီးနောက် "ကောင်းတင်"(Gao Ding) ၏တပ်တို့ကိုခေါ်ကာ ရှေးကအတိုင်းမေးပြန်သည်။
"ကျွန်တော်တို့တွေအားလုံးက
ကောင်းတင်(Gao Ding) လက်အောက်ကပါ"
ရှေ့မှတပ်သားများအတိုင်းပင်
ထိုသူတို့ကိုကျွေးမွေးခဲ့သည်။
ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang)
မှ
"ယုံခိုင်(Yong
Kai) က အခုလေးတင် သူလက်နက်ချမယ်ဆိုတဲ့အကြောင်း စာပို့လာတယ်။ ဒါ့အပြင် စွမ်းဆောင်မှုသက်သေအနေနဲ့
ကောင်းတင်(Gao Ding) နဲ့ ကျူပေါက်(Zhu Bao) ရဲ့ခေါင်းကိုဖြတ်လာမယ်ပြောတယ်။ ဒါပေမယ့်
ကျုပ်က သူ့ကိုလက်ခံမှာမဟုတ်ဘူး။ မင်းတို့တွေက ကောင်းတင်(Gao Ding) ရဲ့တပ်သားတွေဆိုတော့
မင်းတို့ကိုပြန်လွှတ်ပြီး သူ့ဆီပြန်သွားခွင့်ပေးလိုက်မယ်။ ဒါပေမယ့် ကျေးဇူးကန်းပြီးထပ်တိုက်တာမျိုးမလုပ်ပါနဲ့၊
နောက်တစ်ခါဆို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
ထို့နောက်
လွှတ်ပေးသူကိုကျေးဇူးတင်ကာ ထွက်သွားကြသည်။ စခန်းသို့ပြန်ရောက်သောအခါ အကြောင်းအရာအားလုံးကိုပြန်ပြောခဲ့သည်။
ထိုအခါ "ကောင်းတင်"(Gao Ding) သည် "ယုံခိုင်"(Yong Kai) ၏စခန်းသို့
သူလျှိုလွှတ်ကာ ဘာလုပ်နေသည်ကို စုံစမ်းစေသည်။ သူလျှိုသည် ပြန်လွှတ်ပေးခဲ့သောတပ်သားတို့နှင့်တွေ့ပြီး
ထိုသူတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ၏သနားကြင်နာမှုကိုပြောနေကြကာ အများစုက
ကိုယ့်စခန်းမှ တပ်ပြေးလိုကြသည်။
ထိုသတင်းမှာ
တိကျနေသလောက်ရှိသော်လည်း "ကောင်းတင်"(Gao Ding) မှာမယုံသေးပဲ "ကျူးကဲလျန့်"(Zhuge
Liang) စခန်းသို့လူလွှတ်ပြီး ထိုကောလာဟလကိုစုံစမ်းစေသည်။ သို့သော် ထိုလူမှာ အဖမ်းခံရပြီး
သေနာပတိရှေ့သို့ခေါ်သွားသည်။ သေနာပတိသည် ထိုသူလျှိုမှာ "ယုံခိုင်"(Yong
Kai) လက်အောက်ငယ်သားဟု အမှတ်မှားသယောင်ဟန်ဆောင်ကာ
"ဘာကြောင့်
မင်းရဲ့ခေါင်းဆောင်က သူ့ကတိအတိုင်း ကောင်းတင်(Gao Ding) နဲ့ ကျူပေါက်(Zhu Bao) ရဲ့ခေါင်းကိုမဖြတ်နိုင်သေးတာလဲ?
မင်းတို့တွေက တော်တော်ဉာဏ်ပညာနည်းတယ်။ ဘာများလာပြီးထောက်လှမ်းနေတာလဲ?"
ထိုတပ်သားမှာ
ခေါင်းနောက်သွားပြီး တီးတိုးရေရွတ်နေခဲ့သည်။ သို့သော် "ကျူးကဲလျန့်"(Zhuge
Liang) မှ အရက်နှင့်စားစရာတို့ကျွေးမွေးကာ သူလျှိုကိုစာတစ်စောင်ပေးလိုက်ပြီး
"ဒီစာကို
မင်းရဲ့စစ်သူကြီး ယုံခိုင်(Yong Kai) ဆီပေးပြီးတော့ သူ့အလုပ်ကိုမြန်မြန်ပြီးအောင်လုပ်ဖို့ပြောလိုက်ပါ"
သူလျှိုသည်လည်း
စာကိုယူပြီးထွက်သွားသည်။ သူ့စခန်းသို့ပြန်ရောက်သောအခါ "ကောင်းတင်"(Gao
Ding) ကိုစာပေးပြီး ပြန်ပြောပြခဲ့သည်။ "ကောင်းတင်"(Gao Ding) သည် စာကိုဖတ်ပြီး
အလွန်ဒေါသထွက်ခဲ့သည်။
"ကျုပ်က
သူ့ကိုမိတ်ဆွေအစစ်အမှန်လိုဆက်ဆံခဲ့တာ၊ သူက ကျုပ်ကိုသတ်ချင်တယ်။ အဲ့လိုလူနဲ့ရင်းနှီးဖို့၊
အကျိုးအကြောင်းနဲ့ဆီလျော်နိုင်ဖို့ဆိုတာခက်ခဲတယ်"
ထို့နောက်
"အဲဟွမ်"(E Han) ကိုခေါ်ပြီးတိုင်ပင်ရန်ဆုံးဖြတ်လိုက်သည်။ "အဲဟွမ်"(E
Huan) မှာ နဂိုတည်းက "ကျူးကဲလျန့်"(Zhuge Liang) အပေါ်အကောင်းမြင်သောကြောင့်
"ကျူးကဲလျန့်(Zhuge
Liang) က ကြင်နာတတ်သူဖြစ်ပြီး သူနဲ့ရန်သူဖြစ်တာ မသင့်တော်ပါဘူး။ ကျွန်တော်တို့တွေ သူပုန်ဖြစ်တာဟာ
ယုံခိုင်(Yong Kai) ကြောင့်ဖြစ်ပြီး အကောင်းဆုံးနည်းကတော့ သူ့ကိုသတ်ပြီး ကျူးကဲလျန့်(Zhuge
Liang) ဆီမှာ ခိုလှုံဖို့ပါပဲ"
"ဒါဆို
ဘယ်လိုလုပ်ရမလဲ"
"သူ့ကိုစားသောက်ပွဲကိုဖိတ်ပါ။
သူငြင်းဆန်တယ်ဆိုရင် သူက သစ္စာဖောက်မို့လို့ဖြစ်တယ်။ အဲ့လိုဆို စစ်သူကြီးက သူ့ကိုအရှေ့ကတိုက်ပြီး
ကျွန်တော်က သူ့စခန်းနောက်မှာစောင့်နေပြီးတော့ ထွက်ပြေးရင်ဖမ်းလိုက်မယ်"
ထိုအစီအစဉ်အတိုင်းလုပ်ဆောင်ရန်
သဘောတူကြပြီး ပြင်ဆင်မှုများလုပ်ပြီးသော်အခါ "ယုံခိုင်"(Yong Kai) အား စားသောက်ပွဲလာရန်
ဖိတ်ခဲ့သည်။ "ယုံခိုင်"(Yong Kai) သည် ပြန်လွှတ်ပေးခဲ့သောစစ်သားတို့ပြောထားသည့်စကားတို့ကြောင့်
သံသယရှိနေခဲ့ပြီး မလာခဲ့ပေ။
ထိုညအမှောင်ကျရောက်သည်နှင့်
"ကောင်းတင်"(Gao Ding) သည် စခန်းကိုတိုက်လေသည်။ ရှူတပ်မှပြန်လွတ်လာသောတပ်သားတို့သည်လည်း
"ကောင်းတင်"(Gao Ding) ကိုကူညီကာတိုက်ကြသည်။ တဖက်တွင် "ယုံခိုင်"(Yong
Kai) ၏တပ်တို့မှာပုန်ကန်ကြသောကြောင့် "ယုံခိုင်"(Yong Kai) သည် မြင်းစီးကာထွက်ပြေးရသည်။
အဝေးသို့မရောက်မီတွင် "အဲဟွမ်"(E Huan) ၏တပ်ကလမ်းပိတ်ထားသည်ကိုတွေ့ရပြီး
"အဲဟွမ်"(E Huan) သည် ပုဆိန်ရှည်ကိုကိုင်ကာတိုက်လေသည်။ "ယုံခိုင်"(Yong
Kai) သည် ကိုယ့်ကိုယ်ကိုမကာကွယ်နိုင်ပဲ တိုက်ခိုက်ခံရကာလဲကျသွားသည်။ "အဲဟွမ်"(E
Huang) မှ သူ့ကိုသတ်လိုက်ပြီး သူသေဆုံးသွားသည်နှင့် သူ့တပ်သားတို့သည် "ကောင်းတင်"(Gao
Ding) ထံသို့ပူးပေါင်းသွားခဲ့ကြသည်။ "ကောင်းတင်"(Gao Ding) သည် "ကျူးကဲလျန့်"(Zhuge
Liang) ထံသွားကာ လက်နက်ချသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ကောင်းတင်"(Gao Ding) နှင့်တွေ့ဆုံပြီးနောက် အာဏာပါးကွက်သားတို့ကိုခေါ်ပြီး
"ကောင်းတင်"(Gao Ding) ကိုသေဒဏ်ပေးစေသည်။ "ကောင်းတင်"(Gao
Ding) မှ
"ခင်ဗျားရဲ့သနားကြင်နာမှုကြောင့်
ကျုပ်က လုပ်ဖော်ကိုင်ဖက်ရဲ့ခေါင်းကိုယူလာပြီး စစ်မှန်မှုကိုပြသခဲ့တယ်။ ကျုပ်ကိုဘာကြောင့်သတ်ရတာလဲ?"
"ခင်ဗျားလာတာက
မကောင်းတဲ့အကြံနဲ့လာတာ၊ ကျုပ်ကိုလိမ်နိုင်မယ်ထင်လို့လား"
"ကျုပ်မကောင်းတဲ့အကြံနဲ့လာတယ်ဆိုတာ
ဘာသက်သေရှိလဲ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် သေတ္တာထဲမှ စာတစ်စောင်ကိုထုတ်ကာ
"ကျူပေါက်(Zhu
Bao) က သူလက်နက်ချချင်တယ်လို့ တိတ်တဆိတ်ပြောလာတယ်။ ဒါ့အပြင် ခင်ဗျားနဲ့ယုံခိုင်(Yong
Kai) က အတူတူသေမယ်ဆိုပြီး သစ္စာဆိုထားကြတဲ့မိတ်ဆွေတွေလို့ပြောတယ်။ ခင်ဗျားကဘာကြောင့်
ရုတ်တရတ်ပြောင်းလဲပြီး သူ့ကိုသတ်ရမှာလဲ? ဒါကြောင့် ခင်ဗျားလိမ်တယ်ဆိုတာသိတာပေါ့"
"ကောင်းတင်"(Gao
Ding) မှ ဒူးထောက်ကာ ငိုပြီး
"ဒါ
ကျူပေါက်(Zhu Bao) က သက်သက်ပြဿနာရှာတာပါ"
"ကျူးကဲလျန့်"(Zhuge
Liang) က မယုံကြည်ခဲ့ပေ။
"ခိုင်မာတဲ့သက်သေအထောက်အထားမရှိပဲ
ခင်ဗျားကိုမယုံနိုင်ဘူး။ ကျူပေါက်(Zhu Bao) ကိုသတ်နိုင်မယ်ဆိုရင်တော့ ခင်ဗျားစိတ်ရင်းနဲ့လက်နက်ချတယ်ဆိုတာယုံနိုင်မယ်"
"ကျုပ်အပေါ်သံသယမရှိပါနဲ့။
ကျုပ်သွားပြီး သူ့ကိုဖမ်းလာရင်ဘယ်လိုလဲ"
"အဲ့လိုဆိုရင်တော့
ကျုပ်ရဲ့သံသယတွေရှိတော့မှာမဟုတ်ဘူး"
ထို့နောက်
"ကောင်းတင်"(Gao Ding) နှင့် "အဲဟွမ်"(E Huan) တို့သည် "ကျူပေါက်"(Zhu
Bao) ၏စခန်းသို့သွားခဲ့လေသည်။ စခန်းမှသုံးမိုင်အကွာခန့်တွင် "ကျူပေါက်"(Zhu
Bao) ကို တပ်သားအနည်းငယ်နှင့်တွေ့လိုက်သည်။ တစ်ဦးကိုတစ်ဦးတွေ့သည်နှင့် "ကျူပေါက်"(Zhu
Bao) မှ စေ့စပ်ဆွေးနွေးရန် ထွက်လာသည်။ သို့သော် "ကောင်းတင်"(Gao Ding) မှ
"ခင်ဗျား
ဘာလို့ကျုပ်ကိုသေအောင် ဝန်ကြီးချုပ်ဆီစာရေးခဲ့ရတာလဲ"
"ကျူပေါက်"(Zhu
Bao) သည် ပါးစပ်ဟပြီး မည်သို့မျှပြန်မပြောနိုင်ပေ။ ထို့နောက် "အဲဟွမ်"(E
Huan) သည် အနောက်မှနေ၍ "ကျူပေါက်"(Zhu Bao) ကို ပုဆိန်နှင့်ခုတ်လိုက်သည်။
"ကျူပေါက်"(Zhu Bao) လည်း မြေပေါ်ကျသွားသည်။ ထိုအခါ "ကောင်းတင်"(Gao
Ding) မှ
"တပ်သားတွေလက်နက်မချရင်
သေဒဏ်ပေးမယ်" ဟုဆိုသဖြင့် အားလုံးလက်နက်ချခဲ့သည်။
"ကောင်းတင်"(Gao
Ding) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံပြန်သွားပြီး ယူလာသောခေါင်းပြတ်ကိုပေးလိုက်သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှရယ်ကာ
"ခင်ဗျားကို
လူသတ်ခိုင်းရတာဟာ ခင်ဗျားရဲ့သစ္စာကိုသက်သေပြခိုင်းတာ"
ပြီးနောက်
"ကောင်းတင်"(Gao Ding) ကို ယီကျိုးမြို့စားနှင့်နယ်ပယ်သုံးခု၏ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး
"အဲဟွမ်"(E Huan) ကစစ်သူကြီးဖြစ်လာခဲ့သည်။ သို့နှင့် အေးချမ်းမှုမရှိအောင်ပြုနေခဲ့သော
တပ်သုံးတပ်မရှိတော့ပေ။
ယုံချန်မြို့စား
"ဝမ်ခန်း"(Wang Kang) သည် မြို့ပြင်သို့ထွက်လာကာ "ကျူးကဲလျန့်"(Zhuge
Liang) ကိုကြိုဆိုခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့ထဲသို့ဝင်ပြီးနောက်
"ဝမ်ခန်း"(Wang Kang) ကိုခေါ်ကာ
"ဒီမြို့ကိုကာကွယ်တဲ့အခါ
ခင်ဗျားကိုဘယ်သူကူညီခဲ့လဲ"
"ဒီမြို့
အခုအချိန်ထိလုံခြုံနေတာဟာ လုခိုင်(Lu Kai) ကြောင့်ပဲဖြစ်တယ်"
ထို့ကြောင့်
"လုခိုင်"(Lu Kai) ကိုခေါ်စေရာ "လုခိုင်"(Lu Kai) ရောက်လာပြီး အရိုအသေပေးသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒီနယ်တဝိုက်မှာ
ခင်ဗျားရဲ့အရည်အချင်းတွေအကြောင်းကို ကြားဖူးနေတာကြာပြီ။ ဒီမြို့ရဲ့လုံခြုံမှုက ခင်ဗျားရဲ့ကျေးဇူးတွေအများကြီးပါတယ်။
အခု ကျုပ်တို့တွေ မန်မျိုးနွယ်စုတွေကိုအောင်နိုင်ချင်တယ်ဆို ခင်ဗျားမှာ ဘာအကြံပေးစရာရှိလဲ"
"လုခိုင်"(Lu
Kai) မှ တိုင်းပြည်မြေပုံကိုထုတ်လိုက်ပြီး
"ကျွန်တော်
ဒီတာဝန်ကိုယူကတည်းက တောင်ပိုင်းမျိုးနွယ်စုတွေက ပုန်ကန်လာလိမ့်မယ်လို့ထင်ထားလို့ သူလျှိုတွေကိုစေလွှတ်ပြီး
သူတို့တိုင်းပြည်မြေပုံကို ဆွဲခိုင်းထားခဲ့တယ်။ ဒါ့အပြင် စစ်ဗျူဟာမြောက်အရပ်တွေကိုလည်း
မှတ်သားခိုင်းထားတယ်။ အဲ့အချက်အလက်တွေကနေ ကျွန်တော်က ဒီမြေပုံကိုဆွဲခဲ့တယ်။ ဒါကိုတော့
'မန်မျိုးနွယ်စုတွေကိုနှိမ်နှင်းမယ့် အစီအစဉ်' လို့ခေါ်တယ်။ ဒါကြောင့် ဝန်ကြီးချုပ်က
ဒါကိုလက်ခံပေးဖို့မျှော်လင့်ပါတယ်။ ဒါကအသုံးဝင်ပါလိမ့်မယ်"
"လုခိုင်"(Lu
Kai) ကို စစ်တပ်အကြံပေးနှင့် လမ်းညွှန်အဖြစ်ခန့်အပ်ကာ သူ့အကူအညီဖြင့် "ကျူးကဲလျန့်"(Zhuge
Liang) သည် စစ်ချီတက်ပြီး တိုင်းပြည်၏အတွင်းပိုင်းအထိဝင်လာခဲ့သည်။ စစ်ချီတက်နေစဉ် နန်းတွင်းမှ
သံတမန်ရောက်လာသည်။ ထိုသူကိုကြည့်လိုက်သောအခါ "မာဆု"(Ma Su) ဖြစ်နေပြီး အင်္ကျီအဖြူကိုဝတ်ဆင်ထားသည်၊
အကြောင်းမှာ သူ့အစ်ကို "မာလျန့်"(Ma Liang) ကွယ်လွန်သွားသောကြောင့်ဖြစ်သည်။
"ကျွန်တော်
ဧကရာဇ်အမိန့်တော်နဲ့ရောက်လာတာဖြစ်ပြီး တပ်သားတွေအတွက် အရက်တွေ၊ ပိုးထည်တွေပါ,ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အမိန့်တော်ကိုလက်ခံသည့်အခမ်းအနားပြုလုပ်ပြီးနောက် "မာဆု"(Ma
Su) ကိုစကားပြောရန်ခေါ်ထားခဲ့သည်။
"ကျုပ်မှာ
မန်မျိုးနွယ်တွေကိုအောင်နိုင်ဖို့ ဧကရာဇ်ကတာဝန်ပေးထားခဲ့တယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ခင်ဗျားအကြံပေးနိုင်မယ်ဆိုရင်
ကျုပ်ဝမ်းသာမိမှာပါ"
"အင်း၊
ခင်ဗျားဆင်ခြင်ကြည့်နိုင်ဖို့အတွက် ပြောစရာတော့ရှိတယ်။ ဒီလူတွေက ကျွန်တော်တို့ရဲ့အာဏာကိုအသိအမှတ်မပြုဘူး။
ဘာကြောင့်လည်းဆိုတော့ သူတို့နယ်မြေကဝေးကွာပြီး သွားလာရခက်ခဲလို့ဖြစ်တယ်။ ဒီနေ့မှာ သူတို့ကိုအနိုင်ယူနိုင်လိုက်ပေမယ့်
နောက်ရက်မှာတော့ သူတို့က ပုန်ကန်ထကြွလိမ့်မယ်။ ခင်ဗျားတပ်ချီတက်လာရင် သူတို့ကရှုံးနိမ့်ပြီး
လက်နက်ချမယ်။ ဒါပေမယ့် တပ်တွေကို ပြန်ရုတ်သိမ်းပြီး ချောင်ဖီ(Cao Pi) ကိုသွားတိုက်ရင်
သူတို့က ထပ်ပုန်ကန်လိမ့်မယ်။ ဒါကြောင့် မြို့တွေကိုနိုင်အောင်လုပ်တာထက် နှလုံးသားကိုအောင်နိုင်တာက
ပိုကောင်းတယ်။ ခံစားချက်ကိုတိုက်ခိုက်တာက လက်နက်နဲ့တိုက်တာထက် ပိုထိရောက်တယ်။ သူတို့ကို
အဲ့လိုအောင်မြင်အောင်လုပ်နိုင်ရင် အဆင်ပြေပြီ"
"ခင်ဗျားစကားက
ကျုပ်စိတ်ကိုထိုးထွင်းမြင်နေသလိုပဲ"
"မာဆု"(Ma
Su) သည် အကြံပေးအဖြစ်ဖြင့်နေခဲ့ပြီး တပ်ဖွဲ့ကြီးသည် ဆက်လက်ချီတက်သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ပရိယာယ်သုံးကာ "ယုံခိုင်"(Yong Kai) ကိုရှင်းလင်းလိုက်ကြောင်း
မန်ဘုရင် "မုန့်ဟော်"(Meng Huo) သိသောအခါ လျှိုမြောင်သုံးခု၏ခေါင်းဆောင်တို့ကိုခေါ်ကာတိုင်ပင်သည်။
ပထမလျှိုမြောင်ခေါင်းဆောင်မှာ "ကျင်းဟွာစန်းကျဲ့"(Jinhua Sanjie) ဖြစ်ပြီး
ဒုတိယလျှိုမြောင်ခေါင်းဆောင်မှာ "တုန်းထူန"(Dongtu Na) ဖြစ်ကာ တတိယမှာ
"အာဟွေ့နန်"(Ahui Nan) ဖြစ်သည်။
"ကျူးကဲလျန့်(Zhuge
Liang) တပ်တွေက ကျုပ်တို့တိုင်းပြည်ကိုကျူးကျော်လာပြီ။ ကျုပ်တို့တွေအားစိုက်ပြီး ရန်သူကိုတွန်းလှန်ရမယ်။
ခင်ဗျားတို့သုံးယောက်က တပ်တွေကိုဦးဆောင်ပါ။ ရန်သူကိုအနိုင်ရတဲ့သူကို ခေါင်းဆောင်အကြီးအကဲအဖြစ်ခန့်အပ်မယ်"
သို့နှင့်
"ကျင်းဟွာစန်းကျဲ့"(Jinhua Sanjie) သည် အလယ်တပ်၊ "တုန်းထူန"(Dongtu
Na) သည် ဘယ်တောင်ပံတပ်နှင့် "အာဟွေ့နန်"(Ahui Nan) က ညာတောင်ပံတပ်ကို အသီးသီးတာဝန်ယူကာ
တစ်တပ်စီတွင် မျိုးနွယ်စုတပ်သားငါးသောင်းရှိသည်။
မန်တပ်တို့ချီတက်လာသည့်အကြောင်းကို
အထောက်တော်တို့မှတဆင့် "ကျူးကဲလျန့်"(Zhuge Liang) ကြားရသောအခါ "ကျောက်ယွင်"(Zhao
Yun) နှင့် "ဝေရန်"(Wei Yan) တို့ကိုသူ့နံဘေးတွင်ခေါ်ထားပြီး မည်သည့်အမိန့်မှမပေးခဲ့ပေ။
ပြီးနောက် "ဝမ်ဖင်"(Wang Ping) နှင့် "မာကျုံး"(Ma Zhong) ကိုခေါ်ကာ
"ကျောက်ယွင်(Zhao
Yun) နဲ့ဝေရန်(Wei Yan) ကို မန်တပ်တွေကိုတိုက်ခိုက်ဖို့မလွှတ်တာဟာ သူတို့က ဒီတိုင်းပြည်အပေါ်သိပ်နားမလည်လို့ပဲ။
ခင်ဗျားတို့နှစ်ယောက်က ရန်သူ့တောင်ပံတစ်ဖက်စီကိုတိုက်ခိုက်ဖို့သွားပါ။ ဝါရင့်သူရဲကောင်းနှစ်ဦးက
ခင်ဗျားတို့ကိုကူညီပါလိမ့်မယ်။ တပ်ဖွဲ့တွေအဆင်သင့်ပြင်ထားပြီးတော့ မနက်ဖြန်အရုဏ်တက်ချိန်မှာ
စတင်ပါ"
"ဝမ်ဖင်"(Wang
Ping) နှင့် "မာကျုံး"(Ma Zhong) တို့သည်လည်း အမိန့်ကိုနားထောင်ကာ ထွက်သွားသည်။
ထို့နောက်
"ကျန်းယီ"(Zhang Yi) နှင့် "ကျန်းနီ"(Zhang Ni) တို့ကိုအမိန့်ပေးခဲ့သည်။
"ခင်ဗျားတို့နှစ်ယောက်ကတော့
အလယ်တပ်နဲ့ရင်ဆိုင်ရမှာဖြစ်တယ်။ မနက်ဖြန်မှာ "ဝမ်ဖင်"(Wang Ping) ၊
"မာကျုံး"(Ma Zhong) တို့နဲ့အတူတူလှုပ်ရှားပါ။ ကျုပ်က ကျောက်ယွင်(Zhao
Yun) နဲ့ ဝေရန်(Wei Yan) ကိုလွှတ်ချင်ပေမယ့် သူတို့တွေ နယ်မြေမကျွမ်းသေးမှာစိုးရိမ်တယ်"
ပြီးနောက်
သူတို့နှစ်ဦးလည်းထွက်သွားသည်။
"ကျောက်ယွင်"(Zhao
Yun) နှင့် "ဝေရန်"(Wei Yan) တို့သည် မခံချင်စိတ်ပေါ်လာသည်။ ၎င်းကို သတိထားမိသောအခါ
"ကျူးကဲလျန့်"(Zhuge Lang) မှ
"ခင်ဗျားတို့နှစ်ယောက်ကို
လျစ်လျူမရှုထားချင်ပါဘူး။ ဒါပေမယ့် ရန်သူ့နယ်နက်ထဲကိုဝင်သွားရင် မန်မျိုးနွယ်စုတွေရဲ့ဓားစာခံဖြစ်သွားမှာစိုးရိမ်လို့။
အဲ့လိုသာဆို တခြားသူတွေအပေါ်လည်း မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်မယ်"
"အကယ်၍
ကျွန်တော်တို့က ဒီတိုင်းပြည်ရေမြေကိုနားလည်တယ်ဆိုရင်ရော" "ကျောက်ယွင်"(Zhao
Yun) မှမေးသည်။
"ကျုပ်ပြောချင်တာကတော့
ခင်ဗျားတို့လုပ်ဆောင်ရာမှာ ဘာလုပ်လုပ် သတိထားဖို့ပဲ"
သူတို့နှစ်ဦးတို့သည်လည်း
"ကျောက်ယွင်"(Zhao Yun) ၏စခန်းသို့ပြန်သွားကြပြီး
"ကျောက်ယွင်"(Zhao
Yun) မှ
"တောတောင်ရေမြေကိုမကျွမ်းကျင်လို့
ဒီလိုမျိုးတပ်နောက်ဘက်မှာပဲ နေ,နေရတာဟာ ရှက်ဖို့ကောင်းတယ်။ ဒါကိုသည်းမခံနိုင်ဘူး"
"ဒါဆို
မြင်းစီးပြီး သွားထောက်လှမ်းကြည့်ရအောင်။ ဒေသခံတချို့ကိုဖမ်းပြီးတော့ သူတို့ကိုလမ်းပြခိုင်းမယ်။
ပြီးတော့ ဒီမျိုးနွယ်စုကိုနှိမ်နှင်းရမယ်"
သူတို့နှစ်ဦးသည်
ထွက်သွားကြသည်။ သိပ်ဝေးဝေးမရောက်မီတွင် အဝေးမှဖုန်များထနေသည်ကိုတွေ့လိုက်သည်။ ထို့ကြောင့်
တောင်ကုန်းပေါ်သို့တက်ကြည့်ရာ မြင်းစီးလာသောမန်တပ်သားအချို့ကိုမြင်ရသည်။ သူတို့နှစ်ဦးသည်
ပုန်းအောင်းနေခဲ့ပြီး ရန်သူတို့အနီးသို့ရောက်လာမှရုတ်တရတ်ထွက်လာလိုက်သည်။ မန်တပ်သားတို့သည်
လန့်သွားပြီး ထွက်ပြေးလေသည်။ သို့သော် အချို့မှာလက်နက်ချခဲ့သောကြောင့် ဖမ်းခေါ်ပြီး
စခန်းသို့ပြန်လာသည်။
သုံ့ပန်းတို့ကို
စားစရာနှင့်အရက်များပေးပြီးနောက် မေးခွန်းများမေးခဲ့သည်။ သူတို့မှ
"ခေါင်းဆောင်
ကျင်းဟွာစန်းကျဲ့(Jinhua Sanjie) ရဲ့စခန်းက ရှေ့မှာပဲ။ တောင်တွေထဲမဝင်ခင်နားလောက်မှာ။
စခန်းရဲ့အရှေ့ကနေအနောက်ဘက်အထိမှာ ချိုင့်ဝှမ်းငါးခုရှိတယ်။ တခြားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့
တုန်းထူန(Tongtu Na) နဲ့ အာဟွေ့နန်(Ahui Nan) ရဲ့စခန်းတွေက အနောက်ဘက်မှာ"
ထိုအကြောင်းကိုကြားသောအခါ
"ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့သည် တပ်သားငါးထောင်ကိုပြင်ဆင်စေပြီး
သုံ့ပန်းတို့ကိုလမ်းပြအဖြစ်ခေါ်ကာ နှစ်ချက်တီးအချိန်တွင် ထွက်ခွာသည်။ ထိုညသည် တိမ်တို့ကင်းသောညဖြစ်ပြီး
လမင်းကြီး၏အလင်းရောင်နှင့် စစ်ချီတက်ခဲ့သည်။
လေးချက်တီးအချိန်ခန့်တွင်
ပထမဆုံးစခန်းသို့ရောက်သွားသည်။ မန်တပ်သားတို့မှာ နိုးထနေပြီဖြစ်ပြီး မနက်စာအတွက်ပြန်ဆင်နေသည်။
အကြောင်းမှာ မိုးသောက်ချိန်တွင် တိုက်ခိုက်ရန်ဖြစ်သည်။ "ကျောက်ယွင်"(Zhao
Yun) နှင့် "ဝေရန်"(Wei Yan) တို့က အချက်ပေးလိုက်ပြီး ရုတ်တရတ်ဝင်တိုက်လေသည်။
ထိုသို့ မမျှော်လင့်ပဲ စစ်သူကြီးနှစ်ဦး၏ဝင်တိုက်ခြင်းကိုခံရသောကြောင့် ရန်သူတို့မှာ
ရှုပ်ထွေးသွားခဲ့သည်။ "ကျောက်ယွင်"(Zhao Yun) သည် စခန်းအနယ်ကိုတိုက်ရာ
"ကျင်းဟွာစန်းကျဲ့"(Jinhua Sanjie) နှင့်တွေ့သည်။ နှစ်ဦးသားတိုက်ခိုက်ပြီးနောက်
"ကျောက်ယွင်"(Zhao Yun) မှ "ကျင်းဟွာစန်းကျဲ့"(Jinhua Sanjie)
ကို လှံဖြင့်ထိုးကာသတ်လိုက်သည်။ ထို့နောက် မြင်းပေါ်ကဆင်းပြီး ရန်သူ့ခေါင်းဆောင်၏ခေါင်းကိုဖြတ်လိုက်သည်။
"ဝေရန်"(Wei
Yan) သည် တပ်သားတဝက်နှင့်အတူ အနောက်ဘက်ရှိ ဒုတိယစခန်းကိုသွားရာ "ကျောက်ယွင်"(Zhao
Yun) က အရှေ့ဘက်ရှိ တတိယစခန်းကိုသွားသည်။ ရန်သူ့စခန်းသို့ရောက်စအချိန်မှာ အရုဏ်တက်အချိန်ဖြစ်သည်။
ရန်သူတို့သည် "ဝေရန်"(Wei Yan) ရောက်လာမှန်းသိသဖြင့် တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။
အနီးသို့ရောက်လာသောအခါ ဂိတ်အတားအဆီးတို့၏အနောက်ဘက်မှာ ဖရိုဖရဲဖြစ်သွားခဲ့သည်။ အကြောင်းမှာ
"ဝမ်ဖင်"(Wang Ping) ၏တပ်ရောက်လာသောကြောင့်ဖြစ်သည်။ တပ်နှစ်ခုကြားညှပ်တိုက်ခံရသောကြောင့်
မန်တပ်တို့စစ်ရှုံးခဲ့သည်။ ခေါင်းဆောင် "တုန်းထူန"(Dongtu Na) သည် ထွက်ပြေးလွတ်မြောက်သွားသည်။
"ဝေရန်"(Wei Yan) ၏တပ်သားတို့က လိုက်ဖမ်းသော်လည်း လိုက်မမှီခဲ့ပေ။
"ကျောက်ယွင်"(Zhao
Yun) သည် တပ်သားတို့ကိုဦးဆောင်ပြီး တတိယစခန်းကို အနောက်ဘက်မှတိုက်သောအခါ "မာကျုံး"(Ma
Zhong) သည် အရှေ့ဘက်မှတိုက်ခဲ့သည်။ စစ်အောင်နိုင်ခဲ့သော်လည်း ခေါင်းဆောင် "အာဟွေ့နန်"(Ahui
Nan) မှာထွက်ပြေးလွတ်မြောက်သွားသည်။ သူတို့သည် ဌာနချုပ်သို့ပြန်လာခဲ့ပြီး "ကျူးကဲလျန့်"(Zhuge
Liang) မှ
"မန်တပ်သုံးတပ်တော့
ထွက်ပြေးသွားပြီ။ တုန်းထူန(Dongtu Na) နဲ့ အာဟွေ့နန်(Ahui Nan) ကထွက်ပြေးသွားတယ်ဆိုတော့
ကျင်းဟွာစန်းကျဲ့(Jinhua Sanjie) ရဲ့ခေါင်းကဘယ်မှာလဲ?"
"ကျောက်ယွင်"(Zhao
Yun) မှ ထုတ်ပြလိုက်ပြီးနောက်
"တုန်းထူန(Dongtu
Na) နဲ့ အာဟွေ့နန်(Ahui Nan) က သူတို့မြင်းတွေကိုစွန့်ပြီး တောင်ကုန်းတွေထဲပြေးသွားလို့လွတ်သွားတယ်။
ဒါကြောင့် လိုက်လို့မရခဲ့ဘူး"
"ကျူးကဲလျန့်"(Zhuge
Liang) မှ ရယ်ကာ
"သူတို့တွေကို
ဖမ်းပြီးသွားပါပြီ"
တိုက်ခိုက်ခဲ့သောသူတို့မှာ
နားမလည်နိုင်ကြပေ။ သို့သော် မကြာမီတွင် "ကျန်းနီ"(Zhang Ni) သည် "တုန်းထူန"(Dongtu
Na) ကိုဖမ်းလာပြီး "ကျန်းယီ"(Zhang Yi) မှ "အာဟွေ့နန်"(Ahui
Nan) ကို ဖမ်းခေါ်လာသည်။ ရှူခေါင်းဆောင်တို့မှ အံ့ဩသွားပြီး ချီးကျူးကြရာ "ကျူးကဲလျန့်"(Zhuge
Liang) မှ
"ကျုပ်က
မြေပုံကိုလေ့လာပြီးတဲ့နောက် စခန်းတွေရဲ့တည်နေရာကိုသိခဲ့တယ်။ ကျောက်ယွင်(Zhao Yun) နဲ့
ဝေရန်(Wei Yan) တို့ကိုတမင်မခံချင်အောင်လုပ်ပြီး ကျင်းဟွာစန်းကျဲ့(Jinhua Sanjie) ရဲ့စခန်းကိုတိုက်စေခဲ့တာ။
တစ်ချိန်တည်းမှာပဲ ဝမ်ဖင်(Wang Ping) နဲ့ မာကျုံး(Ma Zhong) ကိုလွှတ်ပြီး ကျောက်ယွင်(Zhao
Yun) နဲ့ ဝေရန်(Wei Yan) တို့ကိုကူညီစေပြီးတော့ တုန်းတူန(Dongtu Na) နဲ့ အာဟွေ့နန်(Ahui
Nan) တို့ကိုထွက်ပြေးစေတယ်။ ပြီးတော့ အဲ့ခေါင်းဆောင်နှစ်ယောက်က လမ်းသွယ်တွေကနေပြေးမယ်ဆိုတာ
သေချာတော့ ကျန်းနီ(Zhang Ni) နဲ့ ကျန်းယီ(Zhang Yi) ကို လွှတ်ပြီး စောင့်ခိုင်းထားခဲ့တာ။
သူတို့တွေအားလုံးကို အထောက်အပံ့တွေပေးခဲ့တယ်"
အကုန်လုံးက
အရိုအသေပြုကာ
"ဝန်ကြီးချုပ်ရဲ့တွက်ချက်မှုတွေက
တဖက်ကမ်းခတ်ထူးချွန်ပြီး တခြားလူတွေနားမလည်နိုင်ပါဘူး"
ထို့နောက်
ဖမ်းခေါ်လာသောခေါင်းဆောင်နှစ်ဦးကိုခေါ်ပြီး ဝင်လာသည်နှင့် ကြိုးတို့ကိုဖြည်စေကာ သောက်စရာတို့ပေးပြီး
နောက်ထပ်မတိုက်ခိုက်ရန်ပြောကာ ပြန်လွှတ်လိုက်သည်။ သူတို့ကလည်း ပြန်လွှတ်ပေးသည်ကြောင့်
ကျေးဇူးတင်ပြီး လမ်းသွယ်လေးမှပျောက်ကွယ်သွားခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ သူ၏စစ်သူကြီးတို့အား
"မနက်ဖြန်မှာ
မုန့်ဟော်(Meng Huo) ကိုယ်တိုင်လာပြီးတိုက်ခိုက်လိမ့်မယ်။ ကျုပ်တို့တွေ သူ့ကိုဖမ်းဆီးလို့ရနိုင်လိမ့်မယ်"
ထို့နောက်
"ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့ကိုခေါ်ပြီး
အမိန့်များပေးခဲ့သည်။ သူတို့သည် တစ်ဦးကို တပ်သားငါးထောင်စီနှင့်ထွက်သွားသည်။ ပြီးနောက်
"ဝမ်ဖင်"(Wang Ping) ကို စေလွှတ်ကာ သူ၏စခန်းထဲတွင်နေပြီး ရလဒ်ကိုစောင့်နေခဲ့သည်။
မန်ဘုရင်သည်
စခန်းတွင်ထိုင်နေစဉ် ကင်းထောက်တို့ရောက်လာပြီး သူ့ခေါင်းဆောင်သုံးယောက်လုံးအဖမ်းခံရပြီး
တပ်ဖွဲ့တို့လည်း လူစုကွဲကုန်သည်ဟုသိသောအခါ အလွန်အမင်းဒေါသထွက်ပြီး တပ်ဖွဲ့တို့ကိုပြင်ကာ
စစ်ချီရန်ပြုသည်။ မကြာမီတွင်ပင် "ဝမ်ဖင်"(Wang Ping) နှင့်တွေ့ပြီး တပ်ဖွဲ့တို့ကိုခင်းကျင်းနေသည့်အချိန်တွင်
"ဝမ်ဖင်"(Wang Ping) မှ အဖျားမော့ဓားရှည်ကိုကိုင်ကာထွက်လာသည်။ ရန်သူတို့မှာ
တပ်တို့ကိုခင်းကျင်းထားပြီဖြစ်ပြီး အလံတို့မှာ ဝံ့ကြွားစွာထောင်နေခဲ့သည်။ နှစ်ဖက်လုံးမှ
စစ်သူကြီးများစွာမှာ မြင်းပေါ်တွင်ရှိသည်။ အလယ်တွင် ဘုရင်ရှိပြီး ရှေ့သို့ထွက်လာသည်။
ဘုရင်သည် ရွှေရောင်ခေါင်းဆောင်းကိုဆောင်းထားပြီး ခါးပတ်တွင် ခြင်္သေ့မျက်နှာချိတ်ကိုဆွဲထားသည်။
ဖိနပ်မှာ အဖျားကော့ပြီး အစိမ်းရောင်ရှိသည်။ သူ၏မြင်းမှာ အမွေးကောက်သောမြင်းဖြစ်ပြီး
အနီရောင်ရှိသည်။ ခါးတွင် ဓားနှစ်ချောင်းချိတ်ထားပြီး ထင်းရှူးပုတီးလုံးများဆွဲထားသည်။
သူသည် တဖက်ရန်သူကို
မထီသည့်အမူအယာဖြင့်ကြည့်ကာ စစ်သူကြီးတို့ဘက်လှည့်ပြီး
"ကျူးကဲလျန့်(Zhuge
Liang) က အင်မတန်ထူးချွန်တဲ့စစ်သားလို့ပြောကြတယ်။ ကျုပ်အပြင်ကတော့ အဲ့ဒါက မှားတယ်။
အလံတွေနဲ့လုပ်ထားတဲ့ခင်းကျင်းမှုတွေက ရှုပ်ထွေးနေပြီး တပ်တွေကလည်း ဖြစ်သလိုနေရာချထားတယ်။
ဒါ့အပြင် ဓားတွေ၊ လှံတွေကလည်း ကျုပ်တို့ထက်တောင်မကောင်းဘူး။ အဲ့လိုမှန်းသာ အစောကြီးထဲကသိရင်
သူတို့နဲ့တိုက်ခိုက်ခဲ့တာကြာပြီ။ ဘယ်သူရှေ့ထွက်ပြီး ရှူစစ်သူကြီးကိုဖမ်းပြီးတော့ ကျုပ်တို့ကဘယ်လိုသူရဲကောင်းလည်းဆိုတာ
ပြသရဲလဲ"
ထိုအခါ စစ်သူကြီးတစ်ယောက်သည်
"ဝမ်ဖင်"(Wang Ping) ရှိရာသို့ထွက်လာသည်။ သူ့နာမည်မှာ "မန်ရာချန်"(Mangya
Chang) ဖြစ်ပြီး သူ့လက်နက်မှာ ခေါင်းဆောင်၏ဓားရှည်ဖြစ်ကာ မြင်းပုကိုစီးထားသည်။
"ဝမ်ဖင်"(Wang Ping) နားသို့သွားပြီး နှစ်ဦးသားတိုက်ခိုက်ကြသည်။ "ဝမ်ဖင်"(Wang Ping) သည် တခဏတိုက်ပြီးနောက်
ထွက်ပြေးသွားသည်။ "မုန့်ဟော်"(Meng Huo) မှ သူ့တပ်သားတို့ကို နောက်မှလိုက်ရန်အမိန့်ပေးလိုက်ပြီး
ရှူတပ်နောက်သို့ ခုနစ်မိုင်အကွာအဝေးထိလိုက်ခဲ့သည်။ မန်တပ်သည် သူတို့စစ်နိုင်တော့မည်ဟုထင်နေသည့်အချိန်တွင်
အော်သံကိုကြားလိုက်ရပြီး တပ်နှစ်တပ်ပေါ်လာသည်။ "ကျန်းနီ"(Zhang Ni) သည် ဘယ်ဘက်၊
"ကျန်းယီ"(Zhang Yi) သည် ညာဘက်မှတိုက်လေသည်။ ထို့အပြင် "ဝမ်ဖင်"(Wang
Ping) နှင့် "ကွမ်းဆော်"(Guan Suo) ၏တပ်ကလည်း ရောက်လာသောကြောင့် မန်တပ်မှာ
ပြန်မဆုတ်နိုင်တော့ပဲ ရှုံးနိမ့်သွားလေသည်။ "မုန့်ဟော်"(Meng Huo) နှင့်သူ၏စစ်သူကြီးအချို့သည်
တိုးဖောက်ထွက်သွားပြီး ဘရိုကိတ်တောင်သို့ထွက်ပြေးခဲ့သည်။ ထိုအချိန်တွင် အရှေ့ဘက်မှ
"ကျောက်ယွင်"(Zhao Yun) ဦးဆောင်သောတပ်ပေါ်လာပြီး တိုက်သည်။
"မုန့်ဟော်"(Meng
Huo) သည် သူ၏လမ်းကိုပြောင်းပြီး တောင်အတွင်းထဲအထိဝင်ပြေးလေသည်။ သို့သော် "ကျောက်ယွင်"(Zhao
Yun) ၏တပ်မှာ ဖြန့်ကျက်နေရာယူထားသောကြောင့် မန်တပ်သားများစွာအဖမ်းခံခဲ့ရသည်။
"မုန့်ဟော်"(Meng Huo) နှင့် မြင်းသည်တော်အချို့သည် ချိုင့်ဝှမ်းထဲသို့ရောက်သွားခဲ့ပြီး
မကြာမီတွင်ပင် ထိုချိုင့်ဝှမ်းတွင် တပ်သားငါးရာနှင့်စောင့်နေသော "ဝေရန်"(Wei
Yan) နှင့်တွေ့သည်။ "မုန့်ဟော်"(Meng Huo) သည် ခုခံခဲ့သော်လည်း မကြာမီတွင်ပင်
အဖမ်းခံခဲ့ရသည်။
ဘုရင်နှင့်သူ့လက်အောက်ငယ်သားတို့ကို
ပင်မစခန်းသို့ပြန်ခေါ်သွားရာ "ကျူးကဲလျန့်"(Zhuge Liang) သည် အရက်၊ အသားတို့ကိုအဆင်သင့်ပြင်ပြီး
စောင့်နေသည်။ သို့သော် သူ၏စခန်းတွင် အရောင်လက်နေသည့်လက်နက်များကိုင်ဆောင်ထားသောတပ်သားများက
စောင့်ကြပ်နေပြီး ဘေးတွင် ဧကရာဇ်ဆုချထားသည့် ရွှေရောင်ရဲတင်းကိုကိုင်ထားသော အာဏာပါးကွက်သားတို့အပြင်
ရာထူးဂုဏ်သိန်၏အဆောင်အယောင်တို့လည်းရှိသည်။ ဗုံတီးသူတို့သည် ငှက်တောင်မွေးဦးထုပ်ကိုဆောင်းထားပြီး
အရှေ့နှင့်အနောက်ဘက်တွင် တံပိုးမှုတ်သူတို့ရှိကာ နန်းတွင်းကိုယ်ရံတော်တပ်တို့သည် ဘေးနှစ်ဘက်လုံးတွင်
ရပ်နေသည်။ မြင်ကွင်းမှာ အင်မတန်ခန့်ညားထည်ဝါလေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် အမြင့်ဆုံးနေရာတွင်ထိုင်နေပြီး သုံ့ပန်းတို့ရောက်လာသည်ကိုကြည့်နေသည်။ အကုန်လုံးစုဝေးပြီးသောအခါ
ကြိုးတို့ကိုဖြည်စေပြီး စကားပြောခဲ့သည်။
"ခင်ဗျားတို့တွေအားလုံးက
ရိုးသားတဲ့သာမန်လူတွေဖြစ်ကြတယ်။ ဒါက မုန့်ဟော်(Meng Huo) လုပ်လို့ဒီဒုက္ခကိုခံရတာဖြစ်တယ်။
ခင်ဗျားတို့တွေရဲ့အဖေတွေ၊ အမေတွေ၊ ညီအစ်ကိုတွေ၊ ဇနီးတွေနဲ့ သားသမီးတွေက ခင်ဗျားတို့ပြန်လာမှာကို
တံခါးဝကနေမျှော်နေလိမ့်မယ်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားတို့စစ်ရှုံးပြီးအဖမ်းခံရတဲ့သတင်းကိုကြားရင်
သူတို့တွေစိတ်ထိခိုက်မှာပဲ။ ခင်ဗျားတို့တွေအတွက် ငိုယိုနေလိမ့်မယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ကိုပြန်လွှတ်ပေးမယ်၊
အိမ်ပြန်ပြီး သူတို့စိတ်ချမ်းသာပါစေ"
စားစရာ၊ အရက်နှင့်ဆန်စပါးတို့ကိုပေးပြီးနောက်
အကုန်လုံးကိုပြန်လွှတ်ခဲ့ရာ အားလုံးက ထိုကျေးဇူးအပေါ်နားလည်ပြီး မျက်ရည်ကျကာ "ကျူးကဲလျန့်"(Zhuge
Liang) ကိုကျေးဇူးတင်ခဲ့သည်။ ထို့နောက် အစောင့်တို့အား ဘုရင်ကိုခေါ်လာခိုင်းစေကာ ကြိုးတို့ဖြင့်တုတ်နှောင်ပြီး
ခေါ်လာသည်။ သေနာပတိရှေ့တွင် ဒူးထောက်ပြီး သေနာပတိမှ
"ခင်ဗျားက
ကျုပ်တို့ဧကရာဇ်ဆီရဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းကိုခံရလျက်နဲ့ ဘာကြောင့်ပုန်ကန်ရတာလဲ?"
"အနောက်ဘက်မြစ်ပြည်နယ်နှစ်ခုက
တခြားလူတွေပိုင်ဆိုင်တာပါ။ ခင်ဗျားသခင်က အဓမ္မသိမ်းယူခဲ့ပြီး သူ့ကိုယ်သူဧကရာဇ်အဖြစ်ကြေညာခဲ့တယ်။
ကျုပ်တို့က ဒီနယ်မြေမှာ နှစ်ပေါင်းများစွာနေလာခဲ့တာ။ ခင်ဗျားတို့တွေကသာ ဘာအကြောင်းပြချက်မှမရှိပဲ
ကျူးကျော်လာတာ။ ဘာလို့ပုန်ကန်တယ်လို့ဆိုရတာလဲ?"
"ခင်ဗျားက
ကျုပ်ရဲ့သုံ့ပန်းပဲ။ အဲ့ဒါတောင်မှ လက်မလျှော့ပဲ ဘာလို့ခေါင်းမာရတာလဲ?"
"ကျုပ်က
ဘာကြောင့်လက်နက်ချရမှာလဲ? ခင်ဗျားက ကျုပ်ကိုဖမ်းမိတယ်ဆိုတာ ကျဉ်းမြောင်းတဲ့နေရာမှာမိသွားလို့ပဲ"
"ခင်ဗျားကို
လွှတ်ပေးလိုက်ရင် ဘာလုပ်မလဲ"
"ကျုပ်ကိုလွှတ်ပေးရင်
ပြန်သွားပြီး တပ်တွေကိုပြန်စုဆောင်းပြီးတော့ ခင်ဗျားကိုလာတိုက်ဦးမယ်။ ဒါပေမယ့် ကျုပ်ကိုထပ်ဖမ်းနိုင်မယ်ဆိုရင်
လက်နက်ချပါ့မယ်"
ထို့နောက်
ဘုရင်၏ကြိုးတို့ကိုဖြည်စေပြီး အစားအသောက်တို့ပေးကာ မြင်း၊ အဝတ်အထည်တို့ကိုပေးပြီး လမ်းပြတစ်ဦးနှင့်အတူ
သူ့စခန်းသို့ပြန်သွားစေခဲ့သည်။
Comments