အခန်း(၁၂၀) "တုယွီ"(Du Yu) ကိုထောက်ခံမှုပေးကာ အိုမင်းသောစစ်သူကြီးသည် အကြံအစည်များပေးခဲ့ခြင်း။ "စွန်းဟောက်"(Sun Hao) ကိုဖမ်းဆီးကာ သုံးပြည်ထောင်သည် တစ်စုတစ်စည်းတည်းဖြစ်သွားခြင်း။ ဝေပြည်မှ ကျင့်ပြည်အဖြစ်ပြောင်းလဲသွားကြောင်းကို ဝူဧကရာဇ် "စွန်းရှို့"(Sun Xiu) သိသောအခါ နန်းလုသူသည် မကြာခင်ဝယ် သူ့တိုင်းပြည်ကိုကျူးကျော်လာလိမ့်မည်ဟု သိနေသည်။ ထိုသို့စိုးရိမ်ပူပန်မှုကြောင့် မမာမကျန်းဖြစ်ခဲ့ရာမှ အိပ်ရာထဲလဲသွားခဲ့သည်။ ပြီးနောက် သူ့ကုတင်နားသို့ ဝန်ကြီးချုပ် "ပုရန်ရှင်း"(Puyang Xing) နှင့် အိမ်ရှေ့စံ "စွန်းဝမ်"(Sun Wan) တို့ကိုခေါ်ခဲ့သည်။ သို့သော် သူတို့ရောက်လာသည့်အခါ အရမ်းနောက်ကျသွားခဲ့ပြီ။ သေဆုံးခါနီးဧကရာဇ်သည် ဝန်ကြီး၏လက်ကိုကိုင်ကာ သားဖြစ်သူကို လက်ညှိုးညွှန်ပြပြီးနောက် နတ်ရွာစံလေသည်။ "ပုရန်ရှင်း"(Puyang Xing) မှ ပြန်ထွက်လာခဲ့ပြီး အမှုထမ်းတို့ကိုစည်းဝေးစေကာ အိမ်ရှေ့စံကို နန်းတင်ရန် တိုင်ပင်သည်။ ထိုအချိန်ဝယ် လက်ဝဲတပ်ကြီးကြပ်ရေးအရာရှိ "ဝမ်ယွီ"(Wan Yu) မှ "ဒီလိုခေတ်ပျက်ကြီးမှာ မင်းသား စွန်းဝမ်(Sun Wan) ကိုနန်းတင်ဖို့ရာက သူ့အသ...