သုံးနိုင်ငံခေတ်(၉)
အခန်း(၉) "လွီပု"(Lu Bu) မှ "တုန်ကျိုး"(Dong Zhuo) ကို သတ်ခြင်း။ "လီကျွယ်"(Li Jue) မြို့တော်ကို တိုက်ခြင်း။ "တုန်ကျိုး"(Dong Zhuo) နှင့် အချင်းချင်း တိုက်မိသောသူကား သူ၏ အယုံကြည်ရဆုံး အကြံပေးဖြစ်သော "လီရု"(Li Ru) ပင် ဖြစ်သည်။ နှစ်ဦးလုံး တိုက်မိပြီး လဲကျသွားသော်လည်း "လီရု"(Li Ru) သည် "တုန်ကျိုး"(Dong Zhuo) ကို ထူလိုက်ပြီး စာကြည့်ခန်းထဲသို့ဝင်ကာ ထိုင်ပြီး စကားပြောကြသည်။ "မင်းက လာပြီး ဘာလုပ်တာတုန်း" "ကျွန်တော် ဒီနားကဖြတ်သွားတော့ သခင်ကြီးက သူ့သားကို ရှာဖို့ ပန်းခြံထဲဝင်သွားတယ်ဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်။ နောက် လွီပု(Lu Bu) က ရုတ်တရတ်ပြေးထွက်လာပြီး သခင်ကြီးက သူ့ကိုသတ်ဖို့လုပ်တယ်လို့ အော်ပြီး ထွက်သွားတဲ့အတွက် ကျွန်တော်က သူ့အစား တောင်းပန်ဖို့ အလျင်အမြန်ဝင်လာရင်း သခင်ကြီးနဲ့ တိုက်မိတာပါ။ တောင်းပန်ပါတယ်၊ ကျွန်တော် သေသင့်ပါတယ်" "ဟိုကောင်! ငါပိုင်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို ငါက ဒီအတိုင်းကြည့်နေရမှာလား။ သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်မှ ဖြစ်မယ်" "အဲ့လိုဆို သခင်ကြီးက အမှား ကျူး...