Posts

Love Live Sunshine SII

Image
Love Live! Sunshine!! Season II Joint Project with NerveGear Subs Episode 01 Episode 02 Episode 03 Episode 04 Go to translated songs & video page.

Gundam 00 Season I

Image
Mobile Suit Gundam 00 Season I Gener: Action, Military, Sci-Fi, Space, Drama, Mecha Imdb 8.2; Myanimelist 8.2 Total Episode 25 Major Award-Anime Grandpix(2nd Position-ဒုတိယဆု) ။ အဆိုပါနှစ်အတွက် anime grandpix ပထမဆုရှင်ကတော့ ကျွန်တော့်အကြိုက်ဆုံးနဲ့ epic အဖြစ်ဆုံး anime ကြီး Code Geass ဖြစ်ပါတယ်။ Sypnosis ကမ္ဘာကြီးမှာဇီဝရုပ်ကြွင်းလောင်စာတွေကုန်ခမ်းလာတဲ့အတွက် ၂၁ ရာစုအကုန်မှာ ကမ္ဘာ့မဟာအင်အားကြီးအဖွဲ့ကြီးသုံးဖွဲ့ဖြစ်တဲ့ Union, AEUနဲ့ Human Reform League တို့ဦးဆောင်ပြီးတော့ စွမ်းအားရင်းမြစ်သစ်တစ်ခုဖြစ်တဲ့နေစွမ်းအင်ဘက်ကိုခြေဦးလှည့်ခဲ့ကြပါတော့တယ်။ ကီလိုမီတာ5သောင်းကျော်ရှည်လျားတဲ့ကမ္ဘာပတ်ဓာတ်လှေကားကြီး3ခုကိုနှစ်200နီးပါးအချိန်ယူတည်ဆောက်အပြီး10နှစ်အကြာ AD2307မှာ လူတွေဟာ ထင်မှတ်မထားတဲ့အဖြစ်ကြီးတစ်ရပ်နဲ့ကြုံတွေ့ရပါတော့တယ်။အဲဒါကတော့ စစ်ပွဲတွေကိုရှင်းထုတ်ပစ်မယ်လို့ကြွေးကြော်လာတဲ့ Celestial Being ဆိုတဲ့အဖွဲ့ပါ။ မကုန်ခမ်းနိုင်တဲ့နေစွမ်းအင်ကြီးရတဲ့အထိကို တစ်ဖက်နဲ့တစ်ဖက်ရန်စောင်တာတွေ အကြမ်းဖက်မှုတွေရှိနေသေးတဲ့လောကကြီးဟာCelestial Beingပေါ်ထွက်လာတဲ့အခါမှာ အတော်ကိုပြောင်းလဲသွားပါတယ် ပြောင်...

YAMADAKUN to 7 NANANIN no MAJO

Image
YAMADAKUN to 7 NANANIN no MAJO -- ဇာတ်လမ်းအကျဉ်း -- ယာမာဒါ ရုတစ်ယောက် အထက်တန်းကျောင်းရောက်လာတော့ ဘဝသစ်စတင်ပြီးတော့ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းသားဘဝကိုဖြတ်သန်းချင်ခဲ့တယ်။ ဒါ့ကြောင့်ပဲ ကြမ်းတမ်းတဲ့ ဆိုးသွမ်းလူငယ် ဆိုတဲ့ဂုဏ်ပုဒ်ကို လူမသိလောက်တဲ့ ဆူဇာကုအထက်တန်းကျောင်းကိုတက်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ့ကိုချဉ်တဲ့သူတွေများလာကြောင့် နောက်ပိုင်း စိတ်ပျက်စရာဖြစ်လာခဲ့တယ်။ ယခုဒုတိယနှစ်မှာလဲ သူဟာယခင်အတိုင်းပဲ အတန်းထဲမှာ ဆိုးဆိုးဝါးဝါးအဆင့်နဲ့ လမ်းပေါ်ရန်ပွဲတွေနဲ့ပဲ နှစ်ပါးသွားနေတော့တယ်။ တစ်ရက်မှာတော့ ကျောင်းရုံးခန်းထဲကိုရောက်ပြီးတဲ့နောက် စာတော်ပြီးချောမာလှပတဲ့ ရှီရအိချိ အူရာရာနဲ့တွေ့ဆုံခဲ့တယ်။ သူတို့နှစ်ယောက် လှေကားပေါ်ကနေခြေချော်ကျပြီး အလဲလဲအကွဲကွဲဖြစ်ပြီးတဲ့နောက် အမှတ်မထင် နမ်းမိသွားတယ်။ သူတို့နှစ်ယောက်ဟာ နမ်းလိုက်ရုံနဲ့ခန္ဓာကိုယ်ချင်းလဲလှယ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းအစွမ်းကပင် သူတို့မှာ ပြဿနာတွေ၊ အဆင်မပြေမှုတွေ ဝိုင်းဝိုင်းလည်နေကြောင်းကို သက်သေပြလိုက်လေသည်။ သူတို့ရဲ့အစွမ်းကို ရိပ်မိသွားတဲ့ ကျောင်းသားကောင်စီနဲ့ သဘာဝဖြစ်ရပ်ဆန်းလေ့လာရေးအသင်းရဲ့ တစ်ဦ...

My Daoist Life (4)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၄) ဆရာမ အသစ် ကျွန်တော်လုပ်လိုက်မိတဲ့ကိစ္စကြောင့် ကျွန်တော် ကျောင်းကနေ အထုတ်ခံရမတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့်လည်း အဘိုးရဲ့စကားကြောင့် နောက်ဆုံးမှာ ကျောင်းအုပ်ကြီးက အလျှော့ပေးခဲ့ရတယ်။ အဲ့အချိန်တုန်းက ကျောင်းအုပ်ကြီး Han က ကျွန်တော့်ကို Ba Jiao မူလတန်းကျောင်းကထုတ်ဖို့စိတ်တင်းထားပြီးပြီလို့ပြောတယ်။ အဘိုးက သူ့ကိုတစ်ခွန်းပဲပြောလိုက်တယ်။ "ဒီရွာမှာ ကျုပ်မြေးက ဘယ်လိုလူဆိုတာ မသိတဲ့လူမရှိဘူး။ တစ်ခုခုဖြစ်တဲ့အချိန်မှ ခင်ဗျားနောင်တမရနဲ့" အဲ့အချိန်မှာ ကျောင်းအုပ်ကြီးက ကြက်သီးတွေထပြီး ကျွန်တော့်ကို အဲ့မူလတန်းကျောင်းမှာပဲ ဆက်နေခွင့်ပေးလိုက်တယ်။ ကျောင်းသားတွေကတော့ ဘာမှမဖြစ်ပါဘူး။ မမျှော်လင့်တာက ဆရာမ Gao Dao Ying ဟာ တစ်လတောင်မပြည့်သေးပဲ ခွင့်ယူသွားခဲ့တယ်။ အဲ့အချိန်ကစပြီး ဘာသာစကားအချိန်ဆိုရင် ကျောင်းအုပ်ကြီး Han ကိုယ်တိုင်လာသင်ပေးတယ်။ ကျောင်းအုပ်ကြီးက သူ့အချိန်အတွင်းမှာ ကျွန်တော် အခန်းထဲမှာနေချင်လည်းနေ၊ ထွက်ချင်လည်းထွက်ခွင့်ရှိတယ်လို့ပြောတယ်။ သူ့ရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကတော့ စာသင်ခန်းအတွင်းမှာ ထူးဆန်းတဲ့အရာတွေ မဖြစ်ဖို့ပါပဲ...

သုံးနိုင်ငံခေတ်(၆၀)

Image
အခန်း(၆၀) "ကျန်းစုန့်"(Zhang Song) မှ အခြေအနေကိုပြောင်းလဲနိုင်လိုက်ခြင်း။ "ဖန်ထုံ"(Pang Tong) မှ ရှူပြည်နယ်ကိုသိမ်းရန်အကြံပေးခြင်း။ ရှေ့တစ်ခန်းတွင် စကားပြောသူမှာ ယီကျိုး "ကျန်းစုန့်"(Zhang Song) ဖြစ်သည်။ သူ့တွင် မြင်းလှည်းမောင်းသူတို့ကိုအုပ်ချုပ်ရသောရာထူးသေးလေးရှိသည်။ သူသည် နာဖူးပြင်ကျယ်ပြီး ပေါက်တူးကဲ့သို့ငေါ်ထွက်နေသော နားထင်ရှိသော ချွန်သောခေါင်းရှိသောသူဖြစ်သည်။ နှာခေါင်းပြားပြီး သွားခေါ်လေ၏။ လူမှာ အရပ်ပုသော်လည်း ခေါင်းလောင်းကဲ့သို့သော ကြီးမားသည့်အသံကိုပိုင်ဆိုင်သူဖြစ်သည်။ နယ်စားမှ "ခင်ဗျားက ဒီအန္တရာယ်ကလွတ်မြောက်နိုင်တဲ့အကြံဆိုတာ ဘာကိုဆိုလိုတာလဲ" ဟုမေးသည်။ "ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ချောင်ချောင်း(Cao Cao) ရဲ့အကူအညီကိုယူသင့်တယ်။ သူက တစ်တိုင်းပြည်လုံးနီးပါးကိုရှင်းနိုင်ခဲ့ပြီလေ။ ပထမ လွီပု(Lu Bu) ကိုအနိုင်ယူခဲ့တယ်၊ နောက်တော့ ယွမ်တွေကိုတိုက်ပြီး လတ်တလောတုန်းက မာချောင်း(Ma Chao) ကိုအောင်နိုင်ခဲ့တယ်။ အချုံးပြောရရင်တော့ သူက ဘယ်သူမှမယှဉ်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် သခင်ကြီးက ကျွန်တော့်ကို လက်ဆောင်တွေနဲ့အတူမြို့တော်ကိုလွှတ်လို...