သုံးနိုင်ငံခေတ်(၁၁၈)
အခန်း(၁၁၈) ဘိုးဘွားဘုံကျောင်းတွင် ငိုယိုလျက် မိဘအပေါ်သိတတ်သောမင်းသား သေဆုံးခဲ့ခြင်း။ ခေါင်းဆောင်နှစ်ဦးပြိုင်ဆိုင်လျက် အနောက်ဘက်မြစ်ပြည်နယ်သို့ ချီတက်ခြင်း။ မြန်ကျူကျဆုံးသွားကြောင်းနှင့် "ကျူးကဲကျန်း"(Zhuge Zhan) နှင့် "ကျူးကဲရှန်"(Zhuge Shang) တို့သားအဖသေဆုံးသွားသည်ကိုသိသောအခါ ဒုတိယဧကရာဇ်သည် ညီလာခံကျင်းပခဲ့သည်။ အမှုထမ်းတို့မှ "လူတွေဟာ တုန်လှုပ်ကြကုန်ပြီး အုပ်စုလိုက် မြို့ပြင်ကို ထွက်ကုန်ပါပြီ။ သူတို့ရဲ့ငိုသံတွေဟာ ကောင်းကင်ကြီးကို တုန်ခါစေတယ်" ဧကရာဇ်သည် ဘာမှမလုပ်နိုင်ခဲ့ပေ။ ရန်သူတို့က မြို့နားသို့ကပ်လာသည်ကိုသိသောအခါ အမှုထမ်းတို့မှ ထွက်ပြေးရန်အကြံပေးခဲ့သည်။ "ကျွန်တော်တို့မှာ မြို့တော်ကိုကာကွယ်ဖို့ စစ်တပ်အလုံအလောက်မရှိပါဘူး။ ဒီမြို့ကနေထွက်ပြီး တောင်ပိုင်းနယ်ကိုသွားသင့်တယ်။ အဲ့နယ်က လမ်းခရီးခက်ခဲပြီး ကာကွယ်ရလွယ်ကူတယ်။ မန်မျိုးနွယ်စုတွေရဲ့အကူအညီကိုလည်း ရနိုင်မယ်" သို့သော် အထက်တန်းဝန်ကြီး "ချောင်ကျိုး"(Qiao Zhou) မှ ကန့်ကွက်ခဲ့သည်။ "မဖြစ်ဘူး၊ အဲ့လိုလုပ်လို့မဖြစ်ပါဘူး။ မန်မျိုးနွယ်တွေဟာ သူပုန်ဟောင်းတွေဖြစ်ပြီး သနားကြင်နာမှုမရ...