Hashirama Senju

Hashirama Senju ကတော့ သိကြတဲ့ အတိုင်း Konoha ရဲ့ First Hokage လဲ ဖြစ်ပါတယ်။ သူဟာ သူ့ clan ဖြစ်တဲ့ Senju clan နဲ့ Uchiha clan တို့ပေါင်းပြီး Konoha ဆိုတာကို စတင် တည်ထောင်ခဲ့တာလဲ ဖြစ်ပါတယ်။

Senju Clan နဲ့ Uchiha Clan က အဲ့ခေတ်အဲ့အခါကတော့ အစွမ်းအထက်ဆုံး clan နှစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ အချင်းချင်း စစ်တွေဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Hashirama က Uchiha clan ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး Uchiha clan နဲ့ အတူ Konoha ရွာကြီးကို တည်ထောင်ခဲ့ပါတယ်။ ရွာတည်ထောင်ပြီး နောက်မှာတော့ ရွာက လူအများစု ရဲ့ ဆုံးဖြတ်ချက် အရ Hashirama က First Hokage ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Madara ဟာ ရွာက ထွက်သွားခဲ့ပါတယ်။ နောက်တော့ Madara ဟာ Sharingan နဲ့ Kyubi ကို ထိန်းချုပ်ပြီး Hashirama ကို စိမ်ခေါ်ခဲ့တဲ့ အတွက် သူတို့နှစ်ယောက်ဟာ Valley of the End မှာ တိုက်ခဲ့ကြပါတယ်။ အဲ့မှာ Madara ရှုံးသွားခဲ့ပြီး သေသွားတယ်လို့ လူတွေက ထင်ခဲ့ကြပါတယ်။

Hashirama ဟာ အချို့သော tail တွေကို ထိန်းချုပ်ပြီး ငြိမ်းချမ်းရေးရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြားရွာတွေကို ခွဲဝေပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ ပထမဆုံးသော Shinobi War ဖြစ်တဲ့ First Shinobi War ကို မတားမြစ်နိုင်ခဲ့ပါဘူး။

Hashirama ရဲ့ စိတ်ဓာတ်ကို ပြောရရင်တော့ သူဟာ တည်ငြိမ်ပြီး သနားကြင်နာတတ်တဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ Konoha က shinobi တွေဟာ သစ္စာတရားကို စောင့်သိရမယ် ဆိုပြီး ယုံကြည်သူလဲ ဖြစ်ပါတယ်။ နောက်ပြီး Kage ဆိုတာ ရွာရဲ့ အကျိုး အတွက် ဆိုရင် ကိုယ့်အသက်တောင် ပဓာန မထားပဲ တခြားလူတွေရဲ့ စံပြ ဖြစ်ရမယ်ဆိုပြီး ယုံကြည်သူပဲဖြစ်ပါတယ်။ သူ့ရဲ့ အဲ့စိတ်ဓာတ်ကိုတော့ "Will of Fire" လို့ ခေါ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ စိတ်ဓာတ်လို့ ပြောရင်လဲ မမှားပါဘူး။

သူဟာ သူ့ခေတ်သူ့အခါမှာတော့ အစွမ်းအထက်ဆုံး shinobi ပဲဖြစ်ပါတယ်။ Uchiha Madara ကတောင် သူ့ကို ယှဉ်နိုင်တဲ့လူဟာ Hashirama Senju ပဲ ရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး Hashirama အဓိက သုံးတာက တော့ Wood Element ပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism