Fate Zero - Servants

Fate Zero ထဲမှာ ပါတဲ့ Servant တွေ သမိုင်းကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ အမှားတစုံတရာ ပါခဲ့ရင်လဲ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။

1. Saber

Saber ကတော့ England ရဲ့ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ King Aurthur ပဲ ဖြစ်ပါတယ်။ King Aurthur ရဲ့ အကြောင်းကတော့ ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိခဲ့ပဲ လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ အတွက် ယခုတိုင် သမိုင်းပညာရှင်တွေဟာ အငြင်းပွားနေဆဲပဲ ဖြစ်ပါတယ်။ မှတ်တမ်းတစ်ခုရဲ့ အဆို အရတော့ King Aurthur ဟာ England ကို ကျူးကျော်လာတဲ့ Saxon တွေကို တိုက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

 နောက်ပြီး သူ့ရဲ့ လက်နက် အကြောင်းလဲ ပြောချင်ပါတယ်။ အဲ့ခေတ်က ကျောက်တုံးမှာ စိုက်ထားတဲ့ ဓား တစ်ခု ရှိတယ်လို့ဆိုပါတယ်။ အဲ့ဓားကို ဆွဲထုတ်နိုင်တဲ့ လူဟာ ဘုရင် ဖြစ်မဲ့လူလို့ ဆိုပြီး ဘယ်သူမှ ဆွဲထုတ် နိုင်ခြင်း မရှိခဲ့ပါဘူး။ တစ်နေ့တော့  Aurthur ဟာ အဲ့ဓားကို သွားဆွဲကြည့်တော့ အလွယ်တကူပဲ ကျွတ်သွားတယ်လို့ဆိုပါတယ်။ အဲ့ဓားကိုတော့ Excalibur လို့ခေါ်ပြီး တော်တော် အစွမ်းထက်တယ်လို့တော့ ပြောကြပါတယ်။ Aurthur မသေခင်မှာ Aurthur က သူ့နောက်လိုက်တွေကို အဲ့ဓားကို မြစ်ထဲမှာ သွားပစ်လို့ မှာခဲ့ပါတယ်။ သွားပစ်တော့ မြစ်ထဲကနေ လက်တစ်ဖက်ထွက်လာပြီး အဲ့ဓားကို တဖြည်းဖြည်း ရေအောက်ထဲဆွဲသွားတယ်လို့ ဆိုပါတယ်။

ဒီ anime မှာတော့ King Aurthur က မိန်းကလေး ဖြစ်နေပါတယ်။

2. Archer

Archer က ပထမတော့ သူ့ကို King of Babylon ဆိုပြီး ပြောတော့ Hammurabi ကို သွားပြီး သတိရလိုက်တယ်။ ဒါပေမဲ့ နာမည်က ကွဲနေတယ်ဆိုတော့ ကြည့်လိုက်တော့ Hammurabi ထက်ကို နှစ် 600-700 လောက် စောနေတာ တွေ့ရတယ်။ သူ့နာမည်ကတော့ Gilgamesh ဖြစ်ပြီး ယခု အီရတ်(Iraq) နိုင်ငံ ယူဖရေးတီးမြစ် ( Euphrates) ရဲ့ အရှေ့ ဘက်မှာရှိတဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ Uruk ရဲ့ ဘုရင်လဲ ဖြစ်ပါတယ်။ သူက Uruk မြို့ရဲ့ တံတိုင်းတွေကို ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူက နတ်တစ်ပိုင်း လူတစ်ပိုင်းလို့ ဆိုကြပြီး သူ့ပုံကို သရုပ်ဖော်ရင် ခြသေ့င်္ တစ်ကောင်နဲ့ တွဲပြီး သရုပ်ဖော်လေ့ရှိပါတယ်။

3. Lancer

သူ့နာမည်ကတော့ Diarmuid Ua Duibhne ပဲ ဖြစ်ပါတယ်။ သူ့အကြောင်းပြောမယ်ဆိုရင်တော့ Fiana ကနေ စပြောရမယ်ထင်တယ်။ Fiana ဆိုတာ Ireland နဲ့ Scotland တို့မှာ ပါးစပ်ရာဇဝင် အဖြစ်ထင်ရှားတဲ့ သူရဲကောင်းတွေကို ဖွဲ့ထားတဲ့ အုပ်စုကို ခေါ်တာပဲ ဖြစ်ပါတယ်။ အဲ့ အုပ်စုကို ခေါင်းဆောင်တဲ့ လူက  Fionn ဆိုတဲ့ လူပဲ ဖြစ်ပါတယ်။ Diarmuid က အဲ့ အုပ်စုထဲမှာ ထင်ရှားတဲ့ သူရဲကောင်းတွေထဲက တစ်ယောက်လဲ ဖြစ်ပါတယ်။ သူဟာ သူတို့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Fionn နဲ့ လက်ထက်ဖို့ ရည်ရွယ်ထားတဲ့ Grainne ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် Fionn ဟာ Diarmuid ကို စိတ်ဆိုးပြီး သတ်ဖို့တောင် လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Diarmuid ရဲ့ စွမ်းဆောင်မှုတွေကြောင့် ခွင့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

4. Rider

Rider ကတော့ သမိုင်းမှာ ကျော်ကြားခဲ့တဲ့ Alexander the Great ပဲ ဖြစ်ပါတယ်။ anime ထဲမှာတော့ သူ့နာမည်ကို Iskandar ဆိုပြီးခေါ်တာ များပါတယ်။ Iskandar ဆိုတာကတော့ ပါရှားစကားဖြစ်ပြီး Alexander ကို ပါရှားလို ခေါ်တာလို့ ဆိုပါတယ်။ Alexander ဟာ မက်ဆီဒိုးနီးယား(Macedonia) ဘုရင် ဖြစ်ပြီး ဂရိ တွေးခေါ်ပညာရှင်  Aristotle ရဲ့ တပည့်လဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုံးကို ရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်ပယ်တွေကို ကျူးကျော်ခဲ့ပြီး အိန္ဒိယ တိုင်အောင် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့တပ်သားတွေက ခရီးပမ်းပြီး ဆက်မတိုက်တော့ဘူးလို့ ဖိအားပေးတဲ့အတွက် တပ်ပြန်ဆုတ်လာခဲ့ရပါတယ်။ Alexander ဟာ 32 နှစ်အရွယ် မှာ Babylon မြို့မှာ သေဆုံးခဲ့ပါတယ်။

သမိုင်းမှတ်တမ်းမှတ်ရာတွေ အရတော့ Alexander က အရပ်ပုတယ်လို့ ဆိုပြီး ဒီ anime မှာတော့ လူကောင်ကြီးကြီးပြထားတာကို တွေ့ရပါတယ်။ (ကျနော်လဲ မမြင်ဖူးတော့ မှန်လားမှားလား မသိပါဘူး)
:3

5. Caster

Caster ရဲ့ နာမည် အရင်းကတော့ Gilles de Rais က ပြင်သစ်စစ်တပ် ခေါင်းဆောင် တစ်ဦးလဲ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်-ပြင်သစ် နှစ်တစ်ရာ စစ်ပွဲ မှာ ပြင်သစ် အမျိုးသမီး မျိုးချစ်သူရဲကောင်းဖြစ်တဲ့ Joan of Arc နဲ့ လက်တွဲပြီး အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ (Anime မှာတောင် Saber ကို Joan of Arc နဲ့ မှားလို့ပြဿနာတက်သေးတယ်။ :3) သူက ကလေးတွေကိုသတ်တဲ့ လူသတ်သမား အဖြစ် နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့လူသတ်မှု ပေါ်သွားခဲ့ပြီး မီးရှို့ပြီး သေဒဏ် ချတာ ခံခဲ့ရပါတယ်။

6. Berserker

သူကတော့ King Aurthur လက်အောက်က သူရဲကောင်းတွေထဲက တစ်ဦးဖြစ်ပြီး King Aurthur ရဲ့ မိဖုရားဖြစ်တဲ့  Guinevere နဲ့ ကြိုက်ခဲ့တယ်လို့လဲ ဆိုပါတယ်။ King Aurthur သေပြီး နောက်ပိုင်းမှာတော့  Guinevere က သီလရှင် ဝတ်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ နှစ်ယောက်ပြန်မတွေ့ခဲ့တော့ပါဘူး။

7. Assassin

Holy Grail War တိုင်းမှာ ပေါ်တဲ့ Assasin တိုင်းဟာ Assasin Order ဆိုတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ Assasin Order ဆိုတဲ့ အဖွဲ့ကို Hassan-i Sabbah ဆိုတဲ့ သူဟာ ပထမ ခရူးဆိတ်စစ်ပွဲ(Crusade) မတိုင်ခင်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့အဖွဲ့ရဲ့ နောက်ပိုင်း ဆက်ခံတဲ့ ခေါင်းဆောင်တိုင်းဟာ Hassan-i Sabbah ဆိုတဲ့ နာမည်ကို ယူခဲ့ကြတဲ့ အတွက် Holy Grail War မှာ ပေါ်လာတဲ့ Assasin နာမည်တွေဟာ အတူတူပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism