Fate Zero

ဒီဟာကတော့ Fate Zero anime review ဖြစ်ပါတယ်။ အပိုင်း 25 ပိုင်းရှိပါတယ်။ type ကတော့ Action, Fantasty, Survival genre ပဲ ဖြစ်ပါတယ်။


Fate Zero anime အကြောင်းပြောရင်တော့ Holy Grail ဆိုတာကနေ စပြောရမယ် ထင်တယ်။ Holy Grail ဆိုတဲ့ အရာကို ရရင် ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ရတယ်လို့ဆိုပါတယ်။ အဲ့ Holy Grail ကို ရဖို့အတွက် နှစ် 60 မှာ တစ်ခါ ကျင်းပတဲ့ Holy Grail War ဆိုတာမှာ ဝင်ပြိုင်ရမှာတယ်။ အဲ့မှာ ပြိုင်ပွဲဝင်မဲ့သူကတော့ 7 ယောက်သာ ဝင်ပြိုင်ရပါတယ်။ နောက်ပြီး အဲ့လူတစ်ယောက်ဆီဟာ အတိတ်က ကျော်ကြားခဲ့တဲ့ လူရဲ့ ဝိညာဉ်ကို ပြန်ခေါ်ပြီး အဲ့ဝိညာဉ်နဲ့ ဒီစစ်ပွဲမှာ ပါဝင် ဆင်နွှဲရတာ ဖြစ်ပါတယ်။ အဲ့ ဝိညာဉ်တွေထဲမှာ အင်္ဂလန် ဘုရင် Aurhur ၊ မက်စီဒိုးနီးယား ဘုရင် Alexander အစရှိတဲ့ လူတွေ ပါ ပါတယ်။

ဒီထဲမှာတော့ character တွေကတော့ အများကြီးပါပဲ။ ပြိုင်ပွဲဝင် တစ်ယောက်စီက ဝိညာဉ်တစ်ယောက်ကို ခေါ်တယ်ဆိုတော့ 14 ယောက်ဖြစ်နေပြီ။ ဒါကြောင့်လဲ စစချင်း အပိုင်းမှာ ဇာတ်ရေလည်အောင် တစ်နာရီလောက်ကို character တွေနဲ့ မိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ character များပေမဲ့လဲ character တွေ တစ်ဦးချင်းဆီရဲ့ စရိုက်တို့ စိတ်ဓာတ်တို့ကို ထင်ဟပ်အောင် ပြနိုင်တာ တွေ့ရပါတယ်။ character တွေကများ၊ ကိုယ်ကြိုက်တဲ့ character ကလဲ များတော့ Holy Grail War မှာ ဘယ်သူ့ကို နိုင်ချင်လဲလို့ လာမေးရင် ဖြေတောင် မဖြေတတ်ဘူး။
:D

Animation အရပြောရင်တော့ တော်တော် ကောင်းပါတယ်။ Sound တို့ ဘာတို့လဲ တော်တော်ကြီးကောင်းပြီး ကြည့်သင့်တဲ့ anime တစ်ခုလို့ ဆိုရင်လဲ မမှားပါဘူး

Comments

Popular posts from this blog

Lookism