Madan no Ou to Vanadis

Madan no Ou to Vanadis (King of the Magic Arrow and the Vanadis) ဒီ anime ကိုတော့ Tsukasa Kawaguchi ဟာ 2011 April မှာ Light Novel အနေနဲ့ စတင်ရေးသားခဲ့တာ ဖြစ်ပြီး volume ကိုးခုအထိ ထွက်ထားပါတယ်။ 2011 October လမှာတော့ Nobuhiko Yanai ဟာ manga အနေနဲ့ စတင်ရေးဆွဲခဲ့ပြီး 2014 မှသာ anime အနေနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း 13 ပိုင်းသာ ရှိပြီး Genre ကတော့ Fantasy, Adventure, Ecchi, Harem genre ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဥရောပတိုက် အလယ်ခေတ်ရဲ့ စစ်ပွဲကာလကို အခြေခံထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ဇာတ်လိုက် ဖြစ်တဲ့ Tigre ဟာ ဘုရင်ရဲ့ အမိန့်ကြောင့် တိုက်ပွဲတစ်ခုမှာ စစ်ထွက်တိုက်ခဲ့ရပြီး စစ်ရှုံးသွားပြီးနောက် ရန်သူရဲ့ သုံ့ပန်းအဖြစ်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ရန်သူရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Eleonora Viltaria ဟာ Tigre ရဲ့ မြှားပစ်စွမ်းရည်ကို သဘောကျသွားခဲ့ပြီး Tigre ကို သူတို့တိုင်းပြည်မှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Tigre ဟာ ငြင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Tigre ဟာ အကြောင်းအမျိုးမျိုးကြောင့် Eleonora Viltaria ရဲ့ စစ်တပ်ကို ငှားရမ်းခဲ့ပြီး Tigre ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေ စခဲ့...