Gokusen

ဒီဟာကတော့ ဟိုးအရင် ငယ်ငယ်လေးထဲက ဆရာမလုပ်ချင်တဲ့ Yamaguchi Kumiko အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Manga နဲ့ anime အပြင် live action သုံးခုနဲ့ movie တစ်ခုရှိတဲ့ အင်မတန် နာမည်ကြီးခဲ့တဲ့ "school-life" J-drama တွေထဲက တစ်ခုဖြစ်ပါတယ်။ ရုတ်တရတ်ကြည့်လိုက်မယ်ဆိုရင် ဒီဟာက သူ့အရင်ဖြစ်တဲ့ GTO (Great Teacher Onizuka) ကို တုပြီး Female version လုပ်တယ်လို့ ထင်နိုင်ပေမယ့် ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင် သူ့ဟာနဲ့ သူလဲ စွဲဆောင်မှုရှိပါတယ်။

ဒီဟာရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Yamaguchi Kumiko ဟာ Yakuza Boss ရဲ့ တစ်ဦးတည်းသောမြေးဖြစ်ပြီး Yakuza အရိုက်အရာကို ဆက်ခံရမယ့်သူဆိုလဲ မမှားပါဘူး။ ဒါပေမယ့် သူဟာ ဆရာမလုပ်ချင်လွန်းတဲ့ အတွက် သူ့ရဲ့ Yakuza နောက်ကြောင်းကို လျှို့ဝှက်ပြီး ကျောင်းတစ်ကျောင်းမှာ ဆရာမလုပ်ရာကနေစပါတယ်။ သူ အတန်းပိုင်အဖြစ် ကိုင်ရတဲ့ အတန်းဟာလဲ အရမ်းဆိုးတဲ့ ကျောင်းသားတွေသာရှိတဲ့ အတန်းဖြစ်ပါတယ်။ အဲ့မှာ ကျောင်းသားတွေကို သူနဲ့ရင်းနှီးလာအောင်၊ ပြောင်းလဲလာအောင် ဘယ်လို ပြုပြင်မလဲဆိုတာကို ဟာသနဲ့ နှောပြီး ပြထားတာကို တွေ့ရပါလိမ့်မယ်။ သူ့ကို ကျောင်းသားတွေက Yankumi ဆိုပြီး nickname ပေးထားပါတယ်......

အောက်မှာတော့ Manga ၊ anime၊ live action နဲ့ movie တစ်ခုချင်းဆီရဲ့ ဇာတ်လမ်းအကြောင်းကို ပြောပါမယ်။

1. Gokusen Manga


ဇာတ်လမ်းကတော့ အပေါ်က ပြောခဲ့တဲ့ အတိုင်းပါပဲ။ ဒီ manga မှာတော့ anime ထက်စာရင် yakuza နဲ့ ဆက်နွယ်တဲ့ အကြောင်းတွေ ပိုပြီး ပါပါတယ်။ Manga မှာ ဇာတ်လမ်းဇာတ်ကွက်တွေဟာ ကောင်းပေမယ့်လဲ Character တွေကို ဆွဲထားတဲ့ Art Style ကို သိပ်ပြီး သဘောမကျမိဘူး။

2. Gokusen Anime


Anime ကတော့ 13 ပိုင်းသာရှိတဲ့ အတွက် Manga ရဲ့ တစ်စိတ်တစ်နေရာအထိပဲ ရောက်ပါတယ်။ ဟိုးအရင်က anime တွေထဲက ဖြစ်တဲ့အတွက် animation ကတော့ အကောင်းချည်းလို့ မဆိုနိုင်ပါဘူး။

3. Gokusen Live Action


Gokusen Live Action ဟာ သူ့ရဲ့ anime နဲ့ manga ထက်စာရင် ပိုပြီး နာမည်ကြီးတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းတိုင်းမှာ အဓိက ကျောင်းသား လေးငါးယောက်အကြောင်းကို အသားပေးပြထားတာ တွေ့ရပါလိမ့်မယ်။ တစ်ချို့ အခန်းတွေဟာ ထပ်နေပေမယ့်လဲ စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်သင့်တဲ့ live action ပဲ ဖြစ်ပါတယ်။

3.1. Gokusen Season 1


Season 1 - Left to Right: Tomohiro Waki as "Kuma"/Kumai Teruo, Shun Oguri as "Uchi" / Haruhiko Uchiyama, Jun Matsumoto as Shin Sawada, Yuma Ishigaki as Youichi Minami, and Hiroki Narimiya as Takeshi Noda.

Gokusen 1 မှာတော့ Yamaguchi Kumiko ဟာ Shirokin ကျောင်းကို ဆရာမအသစ်အနေနဲ့ ရောက်လာတာကနေ စထားပါတယ်။ Shirokin ဟာ ကျောင်းသားလူမိုက်တွေ ရှိတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျောင်းဖြစ်ပြီး အဲ့ကျောင်းသားတွေထဲမှာမှ 3-D အခန်းက ကျောင်းသားတွေဟာ အဆိုးဆုံးဖြစ်ပါတယ်။3-D ခန်းက ကျောင်းသားတွေကို ဆရာတွေကတောင် ကြောက်ပြီး မသင်ရဲတဲ့အခန်းဖြစ်ပါတယ်။ Yamaguchi Kumiko ကတော့ အဲ့အခန်းရဲ့ အတန်းပိုင်အနေနဲ့ စခဲ့ပြီး သူ့ရဲ့ ဆရာမသက်တမ်းမှာ ပထမဆုံးသော အတန်းလဲ ဖြစ်ပါတယ်။

3.2. Gokusen Season 2

Season 2 - Left to Right: Kazuya Kamenashi as Ryu Odagiri, Keisuke Koide as Kosuke Hyuga, Mokomichi Hayami as "Tsucchi" / Hikaru Tsuchiya, Teppei Koike as Keita Takeda (bottom row), Jin Akanishi as Hayato Yabuki, and Yukie Nakama as Yankumi herself.

Season 2 မှာတော့ Shirokin ကျောင်းပိတ်ပြီးနောက်မှာ Yankumi ဟာ အလုပ်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ ကလေးငယ်တွေကို သင်တဲ့ကျောင်းမှာ ဆရာမလုပ်ခဲ့ပြီး သူနဲ့မကိုက်တဲ့အလုပ်ဖြစ်တဲ့ အတွက် အဆင်မပြေခဲ့ပါဘူး။ အဲ့အချိန်မှာ အရင် Shirokin ရဲ့ ဒုကျောင်းအုပ်ဖြစ်ခဲ့တဲ့ Sawatari Goro ဟာ Kurogin ဆိုတဲ့ ကျောင်းမှာပဲ ဒုကျောင်းအုပ်ဖြစ်နေပြီး သူဟာ အဲ့ကျောင်းအတွက် ဆရာ တစ်ဦးအရေးပေါ်လိုနေခဲ့ပါတယ်။ သူလိုတဲ့ ဆရာကတော့ သာမန်ဆရာ မဟုတ်ပဲ Yankumi လို ကျောင်းသားဆိုးတွေကို ထိန်းနိုင်မယ့်ဆရာဖြစ်ပါတယ်။ အဲဒါနဲ့ Yankumi ဟာ Kurogin ကျောင်းမှာ အလုပ်ရခဲ့ပြီး ကျောင်းသားဆိုးတွေကို ဘယ်လို သွန်သင်မယ်၊ ဘယ်လို ရင်ဆိုင်ရမယ် တွေ့ရမှာ ဖြစ်ပါတယ်။

3.3. Gokusen Season 3

Top - Left to Right: Haruma Miura as Ren Kazama, Yuya Takaki as Yamato Ogata, Hideo Ishiguro as Kengo Honjo ~~ Bottom: (not sure which one is which) Akito Kiriyama as Satoru Kuraki, Junta Nakama, as Rikiya Ichimura, and Shohei Miura as Shunsuke Kamiya

Season 3 မှာတော့ Yankumi ဟာ Kurogin ကျောင်းက ထွက်ပြီးနောက်ပိုင်း ထုံးစံအတိုင်း Sawatari Goro ရဲ့ ကောင်းမှုနဲ့ Sawatari လုပ်နေတဲ့ Akado ကျောင်းမှာ ဆရာမအနေနဲ့ အလုပ်ခေါ်ခံရပြီး အဲ့ကျောင်းက 3-D အခန်းကိုပဲ ထိန်းရပြန်ပါတယ်။ အဲ့မှာလဲ Yankumi ဟာ ဘယ်လို အခက်အခဲမျိုးတွေ စိန်ခေါ်မှုတွေ ကြုံတွေ့ပြီး ဘယ်လို ဖြေရှင်းမယ်ဆိုတာ တွေ့ရမှာပါ။

4. Gokusen The Movie


Movie ကတော့ Gokusen S 3 ရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ Yankumi မှာ S 3 မှာ သူသင်တဲ့ ကျောင်းဖြစ်တဲ့ Akado ကျောင်းမှာ ဆက် သင်နေတုန်းဖြစ်ပြီး ကျောင်းသားအသစ်တွေနဲ့အတူ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနေရတုန်းပါပဲ။ အဲ့မှာ Season 3 တုန်းက Yankumi ရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ Ren ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သင်္ကာမကင်းဖြစ်ခံရပြီးနောက်မှာ ရုတ်တရတ် ပျောက်သွားပါတယ်။ အဲ့ဒါကြောင့် Yankumi ဟာ ကျောင်းသားဟောင်းတွေကို ဆက်သွယ်ပြီး သူတို့နဲ့ အတူ Ren ကို လိုက်ရှာပါတယ်.....
(အဲ့နောက်မှာတော့......... ဘာဖြစ်သွားလဲဆိုတာ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါကုန်) xD
ဒီထဲမှာ ရှေ့က Season 3 ခုလုံးမှာ ပါခဲ့တဲ့ သူ့ရဲ့ ကျောင်းသားတစ်ချို့ပြန်ဝင် သရုပ်ဆောင်ထားတာ တွေ့ရပါလိမ့်မယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ Gokusen ဟာ အင်မတန်ကြည့်ကောင်းပါတယ်။ anime မကြည့်ဘူးဆိုရင်တောင်မှ Live Action ကို စမ်းကြည့် ကြည့်ပါလို့ တိုက်တွန်းပါတယ်။

Comments

Popular posts from this blog

Lookism