Eiichiro Oda

One Piece ရဲ့ mangaka အဖြစ် လူသိများတဲ့ Eiichiro Oda ဟာ January 1, 1975 မှာ ဂျပန်နိုင်ငံ Kumamoto မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဇနီး နာမည်ကတော့ Chiaki Inaba ဖြစ်ပါတယ်။

ငယ်ဘဝ


Oda ဟာ ငယ်စဉ်ကတည်းက ပင်လယ်ဓားပြ Vikings တွေကို ကြိုက်နှစ်သက်ခဲ့ပြီး manga ရေးဆွဲမယ့် Mangaka တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒလဲ ရှိခဲ့ပါတယ်။ သူဟာ Yudetamago ရဲ့ အကျော်ကြားဆုံး နပန်း manga ဖြစ်တဲ့ Kinnikuman အတွက် Pandaman ဆိုတဲ့ ဇာတ်ကောင်ကို ရေးဆွဲပြီး ပေးပို့ခဲ့ဖူးပါတယ်။ အဲ့ Pandaman ဇာတ်ကောင်ကို သူ့ရဲ့ One Piece manga ထဲမှာ တစ်ခါတစ်ရံ ထည့်သုံးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Easter Egg ပုံတွေ၊ ပန်ဒါပုံတွေကို သူ့ manga ထဲမှာ ထည့်သုံးတယ်လို့ လူသိများပါတယ်။

ဒါ့အပြင် Oda ဟာ Dr. Slump နဲ့ Dragon Ball တို့ကို ဖန်တီးခဲ့တဲ့ mangaka ဖြစ်တဲ့  Akira Toriyama ကို လေးစားခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Oda ဟာ ငယ်ငယ်က ဘောလုံးကန်တာကို ဝါသနာပါပြီး ကျောင်းမှာ သူ့သူငယ်ချင်းတွေက သူ့ကို Odacchi ဆိုပြီး နာမည်ပြောင် ပေးထားကြပါတယ်။ One Piece ရဲ့ သုံးခုမြောက် movie ဖြစ်တဲ့ "Chopper's Kingdom on the Island of Strange Animals" နဲ့ဆက်စပ်တဲ့  "Dream Football King!" အပိုင်းထဲမှာ Odacchi ဆိုတဲ့ ဇာတ်ကောင်ပါပါတယ်။ အဲ့ ဇာတ်ကောင်ရဲ့ Seiyuu ကတော့ Eiichiro Oda ကိုယ်တိုင် အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Mangaka ဘဝ


Oda ဟာ တစ်ချို့ mangaka တွေလို တစ်ခါတည်း mangaka ဖြစ်သွားတာ မဟုတ်ပဲ 1992 ကနေ 1997 အထိ နာမည်ရ Mangaka တွေရဲ့ လက်ထောက် (Assistant) အဖြစ် အလုပ် လုပ်ခဲ့ပါတယ်။

လက်ထောက် ဘဝ (Assistant Years : 1992-1997)


1992 မှာ Manga Assistant အနေနဲ့ Mangaka လောကကြီးထဲကို စဝင်ခဲ့တဲ့ အချိန်မှာ Oda ဟာ 17 နှစ်သာ ရှိပါသေးတယ်။ သူဟာ နာမည်ကြီး manga မဂ္ဂဇင်းဖြစ်တဲ့ Shonen Jump မှာ တဲ့ mangaka သုံးယောက် အတွက် Assistant လုပ်ခဲ့ပါတယ်။ အဲ့နှစ်မှာပဲ သူဟာ သူ့ရဲ့ ပထမဆုံး manga ဖြစ်တဲ့  Wanted! ဆိုတဲ့ manga ကိုဆွဲခဲ့ပြီး အဲ့ manga ဟာ Tezuka Award မှာ ဒုတိယဆု ရခဲ့ပါတယ်။ ပထမမှာတော့ သူဟာ Masaya Tokuhiro နဲ့ အတူ Jungle King Ta-Chan ဆိုတဲ့ manga လုပ်ခဲ့ပါတယ်။ 1994 မှာ သူဟာ Mangaka Shinobu Kaitani နဲ့ ခဏတာ အလုပ်လုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Tokuhiro နဲ့ အတူတူ Jungle King Ta-Chan ကို ရေးဆွဲခဲ့ပါတယ်။ 1995 Jungle King Ta-Chan manga အဆုံးသတ်သွားတဲ့ အချိန်မှာတော့ Oda ဟာ Tokuhiro နဲ့ အတူ  Mizu No Tomodachi Kappaman ဆိုတဲ့ manga အသစ်ကို စပြီး ရေးဆွဲခဲ့ပါတယ်။ အဲ့ manga ဟာလဲ 1996 မှာ အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့နှစ်မှာပဲ Oda ဟာ  Nobuhiro Watsuki နဲ့ အတူ Rurouni Kenshin ကို ဆွဲခဲ့ပါတယ်။ အဲ့အချိန်လောက်မှာပဲ Oda ဟာ Shaman King manga ရဲ့ creator ဖြစ်တဲ့ Hiroyuki Takei နဲ့ သိကျွမ်းခဲ့ပါတယ်။

1993 နဲ့ 1994 ကြားမှာ Oda ဟာ God's Gift for the Future (1993) ၊  Ikki Yako (1994)  နဲ့ Monsters (1994) စတဲ့ manga အတိုလေးတွေ ရေးဆွဲခဲ့ပါသေးတယ်။ Monsters (1994) manga နောက်ပိုင်းမှာ One Piece manga ရဲ့ အခြေခံ ဖြစ်လာခဲ့ပါတယ်။

1996 နောက်ပိုင်းမှာတော့ Oda ဟာ Romance Dawn ဆိုတဲ့ One-shot manga ကို version 1 နဲ့ version 2 ဆိုပြီး ဆွဲခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ One Piece ရဲ့ ပထမဆုံး Chapter ဖြစ်လာခဲ့ပါတယ်။

1997 မှာတော့ Nobuhiro ရဲ့ Assistant ဘဝကနေ ထွက်ပြီး One Piece manga ရေးဆွဲဖို့အတွက်လုပ်ခဲ့ပါတယ်။ သူဟာ One Piece manga အကြမ်းကို Shounen Jump မဂ္ဂဇင်းကို မပို့ခင်မှာ Chapter 8 ခုအထိ အကြမ်းပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ သူဟာ အများကြီး ပြောင်းခဲ့ပါတယ်။ Romance Dawn ထဲက Boogie ကို Buggy ဆိုပြီး ပြောင်းပါတယ်။ ဒါ့အပြင် Romance Dawn မှာ Zoro က Buggy ရဲ့ လက်အောက် ဖြစ်တာကိုလဲ One Piece ထဲမှာပြန်ပြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Nobuhiro Watsuki ဟာ One Piece ရဲ့  Straw Hat Pirates ရဲ့ jolly roger တံဆိပ်ကို Rurouni Kenshin ထဲက chapter တစ်ခုထဲမှာ ထည့်ထားတာကိုတွေ့ရမှာပါ။
Bomb from Rurouni Kenshin

One Piece (1997 မှ လက်ရှိ)


1997 August မှာ သူ့ရဲ့ အကျော်ကြားဆုံး manga ဖြစ်လာမယ့် One Piece စတင်ခဲ့ပါတယ်။ ငယ်ငယ်တည်းက ပင်လယ်ဓားပြတွေကို ကြိုက်ခဲ့တဲ့ Oda ဟာ One Piece ကို ပင်လယ်ဓားပြ manga အဖြစ် ရေးဆွဲခဲ့ပါတယ်။
1998 မှာတော့ Oda ဟာ One Piece ရဲ့ ပထမဆုံး OVA အတွက် ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ 1999 မှာတော့  Toei Animation က One Piece ကို animation အနေနဲ့ စတင် ထုတ်လွှင့်ခဲ့ပါတယ်။

2002 Shonen Jump ပွဲတော်မှာ Nami အနေနဲ့ cosplay လုပ်ခဲ့တဲ့ Chiaki Inaba နဲ့ စတွေ့ပြီး ချစ်ကြိုက်ခဲ့ပြီးနောက် 2004 ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ 2006 မှာတော့ သမီးတစ်ဦးထွန်းကားခဲ့ပါတယ်။ 2006 April မှာတော့ Oda ဟာ ရုတ်တရတ် ဖျားပြီး manga ကို တစ်ပတ်နားခဲ့ပါတယ်။ နောက်တစ်ပတ် နေကောင်းပြီးနောက်မှာ manga ကို ပြန်ဆက်ခဲ့ပြီး fan တွေအတွက် Grand Line Times ဆိုတာကို ဆွဲခဲ့ပါတယ်။

2007 မှာတော့ သူဟာ Akira Toriyama နဲ့ အတူ DragonBall - One Piece crossover ဖြစ်တဲ့ Cross Epoch ကို ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ One Piece ရဲ့ ဆယ်ခုမြောက် movie ဖြစ်တဲ့ Strong World ကို One Piece ဆယ်နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့ပါတယ်။
2011 ဂျပန် ငလျင်အပြီးမှာ Oda ဟာ တခြား mangaka တွေနည်းတူ ငလျင်ဒဏ်ခံခဲ့ရတဲ့ လူတွေအတွက် အားပေးတဲ့ ပုံ ရေးဆွဲခဲ့ပါတယ်။

အနာဂတ်


အင်တာဗျူးတစ်ခုမှာ Oda ဟာ One Piece ပြီးသွားတဲ့ နောက်မှာ Robot manga တစ်ခု ရေးဆွဲမယ်လို့ ဖြေခဲ့ပါတယ်။ One Piece ပြီးသွားတဲ့ နောက်မှာ သူဟာ Toriyama လိုပဲ manga ဇာတ်လမ်းတိုလေးတွေ ဆွဲသွားမယ်လို့ ဆိုပါတယ်။

အလုပ်လုပ်ပုံ


အခြား mangaka တွေလိုပဲ Oda ဟာ ပုံကြမ်းတွေရေးဆွဲရာမှာ ခဲတံ၊ ပြင်ဆင်ဖို့အတွက် gum eraser ကို သုံးတယ်လို့ ဆိုပါတယ်။ နောက်ပြီး စာမျက်နာတွေကို အရောင်ဆိုးတော့မယ်ဆိုရင် G-Pen ၊ Maru Pen အစရှိတာတွေ သုံးတယ်လို့ ဆိုပါတယ်။ အရောင်ချယ်ဖို့ အတွက်တော့ Copic markers တွေ သုံးတယ်လို့ ဆိုပါတယ်။
Oda ဟာ manga ဆွဲရာမှာ ဒီဂျစ်တယ် နည်းတွေကို မသုံးပါဘူး၊ အတတ်နိုင်ဆုံး လက်နဲ့ပဲ ဆွဲတယ်လို့ ဆိုပါတယ်။
SBS session တစ်ခုအရ Oda ဟာ အမြဲလိုလို Shounen Jump ရဲ့ နောက်ဆုံး chapter ထက် chapter ငါးခုလောက်စောပြီး ရေးဆွဲထားတတ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး Oda ဟာ manga မှာ အညိုရောင်တွေ ထည့်တာထက် အဖြူ အမည်းပဲ ကြိုက်တယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းတည်ဆောက်ပုံ


Oda ဟာ သူ့ ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေကို သူတို့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ အတားအဆီးကို ကျော်ဖြတ်သွားတာတွေကို တစ်ခုနဲ့တစ်ခု ချိတ်ပြီး ဇာတ်လမ်းဖွဲ့ထားပါတယ်။ ဒါ့အပြင် သူဟာ သူ့ ဇာတ်လမ်းတွေထဲမှာ ဟာသတွေလဲ ရောတတ်ပါသေးတယ်။
နောက်ပြီး ဇာတ်လမ်းထဲက သူ့ဇာတ်ကောင်တစ်ချို့ရဲ့ ရယ်သံဟာ ထူးဆန်းတဲ့ ရယ်သံ ဖြစ်တာကို တွေ့ရပါမယ်။ ဥပမာ - Caesar Clown ပေါ့

Art အဆင့်ဆင့် ပြောင်းလဲလာပုံ


One Piece ရဲ့ ဇာတ်လမ်းအစမှာ Oda ရဲ့ Art Style ကို ဝေဖန်ခံရပါတယ်၊ အဲ့တုန်းက မျက်လုံးကြီး တဲ့ character ပုံစံတွေကို ပိုကြိုက်ကြပါတယ်။ နောက်ပိုင်းမှာတော့ တဖြေးဖြေး မျက်စိယဉ်သွားတယ်လို့ပဲ ဆိုရပါမယ်။
ဒါ့အပြင် One Piece ရဲ့ သက်တမ်းတစ်လျှောက်မှာ Art Style ဟာလဲ သိသိသာသာ တိုးတက်လာပါတယ်။ စစချင်းမှာ ရိုးရှင်းတဲ့ ပုံစံတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကြည့်လို့ ကောင်းတာကို တွေ့ရမှာပါ။ နောက်ခံတွေကိုလဲ ပို ရှုပ်ထွေးတဲ့ နောက်ခံတွေ သုံးလာတာ တွေ့ရပါလိမ့်မယ်။

Chiaki Inaba


သူကတော့ အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Oda ရဲ့ ဇနီးဖြစ်ပြီး model လဲ ဖြစ်ခဲ့ပါတယ်။ အောက်ကပုံကတော့ သူမ Nami အနေနဲ့ cosplay လုပ်ထားတဲ့ ပုံပါ။

Trivia


- Oda ရဲ့ avator ကတော့ လူခန္ဓာမှာ ငါးခေါင်းနဲ့ ပုံဖြစ်ပါတယ်

- Oda ဟာ Nobuhiro Watsuki ဆီမှာ အလုပ်လုပ်ခဲ့တုန်းက သူနဲ့ လုပ်ဖော်ကိုင်ဘက်ဟာ Hiroyuki Takei ဖြစ်ပြီး Takei ကို အများကြီး လေးစားခဲ့ပါတယ်။
- Blackbeard (Edward Teach) ဆိုတဲ့ ပင်လယ်ဓားပြဟာ အပြင်မှာ တစ်ကယ်ရှိခဲ့ပြီး Oda ရဲ့ အကြိုက်ဆုံး ပင်လယ်ဓားပြလို့ ဆိုပါတယ်။
- Oda ဟာ တစ်နှစ်ကို One Piece ကနေ 2 billion yen (about 25 million US dollars) လောက် ရတယ်လို့ ဆိုပါတယ်။
- Oda ကို fan တွေက Odacchi ဒါမှမဟုတ် Oda sensei လို့ ခေါ်ကြပါတယ်။
- Oda ဟာ Naruto ရဲ့ mangaka ဖြစ်တဲ့  Masashi Kishimoto ကို သူ့ သူငယ်ချင်းအနေနဲ့ရော ပြိုင်ဘက် အနေနဲ့ရော သတ်မှတ်ထားပါတယ်။ One Piece Chapter 776 မှာ Naruto နဲ့ ဆိုင်တာတွေထည့်ထားတာကို သတိပြုမိကြမှာပါ။ ဒါ့အပြင် Naruto ရဲ့ နောက်ဆုံး Chapter မှာလဲ Kishimoto ဟာ One Piece တံဆိပ်ထည့်ဆွဲထားတာ တွေ့နိုင်ပါတယ်။ နောက်ပြီး Oda ဟာ Naruto ပြီးဆုံးသွားတဲ့ အထိမ်းအမှတ် နှုတ်ဆက်တဲ့ Author's Comment ထဲမှာ "Kishimoto နဲ့ အတူ Shounen Jump မှာ 15 နှစ်တာ အတူရှိခဲ့တာကို ဝမ်းသာကြောင်း" ပြောခဲ့ပါတယ်။

Comments

Popular posts from this blog

Lookism