Madan no Ou to Vanadis

Madan no Ou to Vanadis (King of the Magic Arrow and the Vanadis)


ဒီ anime ကိုတော့  Tsukasa Kawaguchi ဟာ 2011 April မှာ Light Novel အနေနဲ့ စတင်ရေးသားခဲ့တာ ဖြစ်ပြီး volume ကိုးခုအထိ ထွက်ထားပါတယ်။ 2011 October လမှာတော့ Nobuhiko Yanai ဟာ manga အနေနဲ့ စတင်ရေးဆွဲခဲ့ပြီး 2014 မှသာ anime အနေနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း 13 ပိုင်းသာ ရှိပြီး Genre ကတော့ Fantasy, Adventure, Ecchi, Harem genre ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဥရောပတိုက် အလယ်ခေတ်ရဲ့ စစ်ပွဲကာလကို အခြေခံထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ဇာတ်လိုက် ဖြစ်တဲ့ Tigre ဟာ ဘုရင်ရဲ့ အမိန့်ကြောင့် တိုက်ပွဲတစ်ခုမှာ စစ်ထွက်တိုက်ခဲ့ရပြီး စစ်ရှုံးသွားပြီးနောက် ရန်သူရဲ့ သုံ့ပန်းအဖြစ်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ရန်သူရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Eleonora Viltaria ဟာ Tigre ရဲ့ မြှားပစ်စွမ်းရည်ကို သဘောကျသွားခဲ့ပြီး Tigre ကို သူတို့တိုင်းပြည်မှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Tigre ဟာ ငြင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Tigre ဟာ အကြောင်းအမျိုးမျိုးကြောင့် Eleonora Viltaria ရဲ့ စစ်တပ်ကို ငှားရမ်းခဲ့ပြီး Tigre ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေ စခဲ့ပါတယ်။ ...............

ဒီ anime နဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ Ecchi နဲ့ Harem ဆိုတဲ့ genre ပါပဲ။ ဒါဟာ Ecchi genre ဟုတ်ပါတယ်..... ဒါပေမယ့် တခြား ecchi anime တွေလို ဆိုးဆိုးရွားရွားကြီး ecchi တွေ ပါနေတာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် harem genre ဖြစ်နေပေမယ့်လဲ ပုံမှန် harem တွေလို မင်းသားကို (ဘာမဆိုင် ညာ မဆိုင်) မိန်းကလေးတစ်အုပ်က ဝိုင်းကြိုက်ပြီး ဟေးလားဝါးလားနဲ့ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီဟာက harem ပေမယ့်လဲ သူ့ရဲ့ ဇာတ်လမ်း အနှစ်သာရကို အဓိကထားပြီး ပုံဖော်သွားတာကို တွေ့ရမှာပါ။ အဲ့တော့ Fan Service တွေ မြင်ချင်တဲ့လူများကို သိပ်ပြီး မမျှော်လင့်ပါနဲ့လို့ ပြောပါရစေ။ :P

နောက်ပြီး ဒီ anime မှာ တိုက်ပွဲတွေမှာ သွေးသံတစ်ရဲရဲနဲ့ တိုက်တာ ခိုက်တာတွေထက် တိုက်ပွဲတိုင်းရဲ့ အခြေအနေ၊ နည်းဗျူဟာ စတာတွေကို သုံးသပ်ပြီး ပြထားတဲ့ အတွက် စိတ်ဝင်စားဖို့ကောင်းပြီး နားလည်လွယ်တာ တွေ့ရပါမယ်။

ဒီ anime ဟာ ဇာတ်လမ်းက ကောင်းတဲ့ အပြင် character design တွေရော background scene တွေပါ ကောင်းပါတယ်။ အဲ့အတွက် season 2 လာလိမ့်အုံးမယ်လို့ မျှော်လင့်ရပါတယ်။

(Review ကတော့ ဒီမှာ ပြီးပါပြီ။ အောက်မှာ ဆက်ပြီး ဇာတ်လမ်းအစဟာ ရှုပ်ထွေးပြီး ရေးသင့်တယ် ထင်တဲ့ အတွက် အဲ့ အကြောင်းတွေ အသေးစိတ် ပြောပါမယ်။)

 **** WARNING - Spoiler Alert ****
........................
.....................
.....................
.....................
.....................

ဇာတ်လမ်းအကျဉ်း


Tigrevurmud Vorn (Tigre) ဟာ အလယ်ခေတ် ဥရောပတိုက် ရဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Brune နိုင်ငံရဲ့ နယ်စွန်နယ်ဖျားမှာ ရှိတဲ့  Alsace ဆိုတဲ့ မြို့ကို အပိုင်စားရတဲ့ မြို့စားတစ်ယောက်ဖြစ်ပါတယ်။သူဟာ မျှားပစ် ကျွမ်းကျင်ပေမယ့်လဲ မျှားထက် ဓား၊ လှံစတဲ့ လက်နက်ကျွမ်းကျင်တဲ့သူတွေကို ပို အလေးထားတဲ့ Brune မှာ သူဟာ မကြာခဏ အနှိမ်ခံခဲ့ရပါတယ်။ Brune ဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Zhcted နဲ့ စစ်ဖြစ်တဲ့ အတွက် Tigre ဟာ စစ်ပွဲမှာ ပါဝင်ခဲ့ရပါတယ်။ မမျှော်လင့်ပဲ စစ်ပွဲမှာ Brune ဘက်က စစ်ရှုံးသွားပြီး Tigre က Zhcted ရဲ့ သုံ့ပန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Zhcted ဘက်က ခေါင်းဆောင်ဖြစ်တဲ့ Eleonora Viltaria ဟာ Tigre ကို သူ့ဆီမှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ (ဒါကို အထက်မှာ ပြောခဲ့ပြီးပါပြီ)

စစ်ပွဲရဲ့ မမျှော်လင့်တဲ့ တခြားရလဒ်ကတော့ Brune ဘက်က စစ်တပ်ကို ခေါင်းဆောင်တဲ့ Brune အိမ်ရှေ့မင်းသား သေဆုံးသွားခဲ့တာပါပဲ။ အိမ်ရှေ့မင်းသား ရဲ့ သေဆုံးမှုဟာ Brune ဘုရင်ကို တုန်လှုပ်စေခဲ့ပြီး Brune ဘုရင်ဟာ တိုင်းရေးပြည်ရေးကို ဂရုမစိုက်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဘုရင်ရဲ့ အမတ်နှစ်ဦးဖြစ်တဲ့ Thenardier နဲ့Ganelon တို့ဟာ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်ပြီး အာဏာလုဖို့ ကြိုးပမ်းရာကနေ Brune ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။ Thenardier ဟာ Zhcted နဲ့ Brune ရဲ့ နယ်စပ်နားမှာရှိတဲ့ Alsace မြို့ကို တိုက်ဖို့ သူ့သားကို စေလွှတ်ခဲ့ပါတယ်။

Tigre ဟာ သူ့ရဲ့ မြို့ဖြစ်တဲ့ Alsace ကို Thenardier က လာတိုက်မယ် ဆိုတဲ့ သတင်းကြားတဲ့ အတွက် သူဟာ Eleonora ရဲ့ စစ်တပ်ကို ငှားရမ်းခဲ့ပြီး Thenardier ကို ရင်ဆိုင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Tigre Brune မှာ Thenardier နဲ့Ganelon ကို ယှဉ်နိုင်မယ့် တတိယ အင်အား ဖြစ်လာခဲ့ပါတယ်။........
(ကျန်တာတော့ ဆက်ကြည့်ကြပါကုန် xD)

Comments

Unknown said…
Madan no Ou to Vanadis (King of the Magic Arrow and the Vanadis) download me

Popular posts from this blog

Lookism