ဂျပန်ရာဇဝင် - Asuka ခေတ်၊ Nara ခေတ် နှင့် Heian ခေတ်
Asuka ခေတ် (AD 538 - AD 710) AD 538 မှာ ကိုရီးယားကတစ်ဆင့် ဗုဒ္ဓဘာသာ ဝင်ရောက်လာခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြတယ်။ ဒါ့အပြင် ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒတွေပါ ပြန့်နှံ့လာခဲ့တယ်။ နောက်ပြီး တရုတ်စာပေလဲ ပြန့်ပွားလာခဲ့ပါတယ်။ သက္ကရာဇ် 593 မှာ Sujun ဘုရင် လုပ်ကြံခံရပြီး သူ့ရဲ့ တူမဖြစ်တဲ့ Suiko ဟာ ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ 594 မှာ မင်းသား Shotoku ဟာ အုပ်ချုပ်မှုယန္တရားမှာ အာဏာအတန်အသင့်ရလာခဲ့ပါတယ်။ Shotoku ဟာ တရုတ်ယဉ်ကျေးမှူကို နှစ်သက်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် 604 မှာ တရုတ်ပြည် အုပ်ချုပ်မှုကို အတုယူပြီး Taika ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။ Taika ပြုပြင်ပြောင်းလဲရေး Taika ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်တဲ့ အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ - နယ်စားများ ထားရှိ၍ အုပ်ချုပ်စေသော်လည်း ဘုရင့်၏ ဆန္ဒအတိုင်းသာ အုပ်ချုပ်ရမည်။ - တိုင်း၊ ခရိုင် ၊ မြို့ ခွဲ၍ ဗျူရိုကရေစီ စနစ်အတိုင်း အုပ်ချုပ်သည်။ - စစ်ဘက်နှင့် မြို့ပြဆိုင်ရာကို ခွဲခြားထားသည်။ - အရာရှိစာမေးပွဲများ ဖြေဆိုစေပြီး မင်းမှုထမ်းများ ခန့်အပ်သည်။ - လယ်ယာများကို နိုင်ငံပိုင်လုပ်ပြီး လယ်သမားများကို ဝေငှသည်။ N...