Taisho ခေတ် (၁၉၁၂-၂၆)


 Meiji ဧကရာဇ် နတ်ရွာစံပြီးနောက် Taisho ဧကရာဇ် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ Taisho ဧကရာဇ်ဟာ ကျန်းမာရေး ချို့တဲ့တာကြောင့် အခြားလူတွေနဲ့ အတွေ့ခံ ခဲတယ်လို့ ဆိုပါတယ်။ လူထုကြားမှာ အကြိမ်ရေ အနည်းငယ်လောက်သာ ထွက်ဖူးပြီး အဲ့ထဲက တစ်ခေါက်ကတော့ ၁၉၁၃ - မန့်ခွန်းပြောခဲ့တဲ့ အချိန်လို့ ဆိုပါတယ်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)


ဂျပန်ဟာ ၁၉၁၄ ဩဂုတ်လ ၂၃ ရက်မှာ ဂျာမနီကို စစ်ကြေညာပြီးနောက် မဟာမိတ်ဘက်ကနေ စစ်အတွင်းပါဝင်လာခဲ့ပါတယ်။ ဂျပန်-ဗြိတိသျှ မဟာမိတ်တပ်ဟာ တရုတ်ပြည်နဲ့ ပစိဖိတ်ဒေသအတွင်းမှာရှိတဲ့ ဂျာမန်ပိုင်နယ်မြေတွေကို သိမ်းယူခဲ့ပါတယ်။ ဂျပန်ရေတပ်ကို မြေထဲပင်လယ် (Miditerranean Sea) အထိ စေလွှတ်ပြီး ဂျာမန်နဲ့ စစ်တိုက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာ ဂျပန်ဩဇာကြီးလာအောင် အချက် နှစ်ဆယ့်တစ်ချက်ပါဝင်တဲ့ စာချုပ်ချုပ်ဆိုဖို့ တရုတ်ကို တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့အချက်တွေကို လျှော့ချပြီး ၁၉၁၅ မေလမှာ ဂျပန်နဲ့ တရုတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် ၁၉၁၉ မှာ ကျင်းပတဲ့ ပါရီငြိမ်းချမ်းရေးညီလာခံ (Paris Peace Conference) မှာ ဂျပန်က နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ လူမျိုးရေး ညီတူညီမျှ ဆက်ဆံမှု (Clause on Racial Equality) ကို တောင်းဆိုခဲ့ပေမယ့် အဖွဲ့ဝင်အနောက်နိုင်ငံအချို့က ကန့်ကွက်ခဲ့တဲ့အတွက် ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် စစ်အတွင်းမှာ သိမ်းခဲ့ ဂျာမန်ပိုင်နယ်မြေရဲ့တစ်ဝက်လောက်ကိုသာ ဂျပန်က ရရှိခဲ့တဲ့အတွက် အနောက်နိုင်ငံအပေါ် မကျေနပ်မှုတိုးပွားလာခဲ့ပါတယ်။ ၁၉၂၃ မှာတော့ ဗြိတိန်နဲ့ ဂျပန် မဟာမိတ် ပြီးဆုံးခဲ့ပါတယ်။



ဆိုက်ဘေးရီးယား(Siberia) အရေးတွင် ဂျပန်ဝင်စွက်ဖက်ခြင်း

ရုရှားမှာ ဇာဘုရင်တွေရဲ့ အုပ်ချုပ်မှုကုန်ဆုံးသွားပြီးနောက် အသစ်တက်လာတဲ့ ဘိုရှီဗစ်(Bolshevik) အစိုးရဟာ ၁၉၁၇ မှာ ဂျာမနီနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရုရှားပြည်တွင်းစစ်ကြီး ဖြစ်လာပါတယ်။ ၁၉၁၈ ဇူလိုင်မှာ အမေရိကန်က ဆိုက်ဘေးရီးယားမှာ ရှိတဲ့ အမေရိကန်တပ်ကို စစ်ကူဖို့ အတွက် ဂျပန်က စစ်သား ခုနှစ်ထောင် ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုမှုကို ဂျပန်က လက်ခံခဲ့ပြီး မဟာမိတ်တပ်ရဲ့ အုပ်ချုပ်မှု အောက်မဟုတ်ပဲ သီးခြားတပ်အနေနဲ့ စစ်တပ်အင်အား တစ်သောင်းနှစ်ထောင်ရှိတဲ့ စစ်တပ်ကို စေလွှတ်ခဲ့ပါတယ်။ ၁၉၂၀ ဟာ မဟာမိတ်တပ်တွေဟာ ဆိုက်ဘေးရီးယားက ဆုတ်ခွာသွားပေမယ့် ဂျပန်ကတော့ ကျန်နေခဲ့ပါတယ်။ ဂျပန်တပ်ကျန်ရစ်နေတဲ့ အဓိကအကြောင်းအရင်းကတော့ ဆိုက်ဘေးရီးယားနဲ့ ကပ်လျက်ရှိနေတဲ့ မန်ချူးရီးယားနဲ့ ကိုရီးယားမှာ ကွန်မြူနစ်ဝါဒတွေ စိမ့်ဝင်လာမှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။
အမေရိကန်က ဂျပန်တွေ ဆိုက်ဘေးရီးယားမှာ တပ်စွဲထားတာဟာ ဂျပန်တွေ ရုရှားအရှေ့ပိုင်းကို သိမ်းယူချင်လို့ဖြစ်တယ်လို့ ယူဆတဲ့အတွက် ဂျပန်စစ်တပ်ကို ဆုတ်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်က ဖိအားတွေအပြင် ဂျပန်ပြည်တွင်းမှာလည်း စစ်စရိတ်ကြီးမြင့်မှုအပေါ် ဆန့်ကျင်သူတွေ ရှိလာတဲ့အတွက် ၁၉၂၂ အောက်တိုဘာမှာ ဆိုက်ဘေးရီးယားမှာ ရှိတဲ့ ဂျပန်တပ်တွေ တပ်ဆုတ်ခဲ့ပါတယ်။ ဒီစစ်အတွင်းမှာ ဂျပန်စစ်တပ်က သေဆုံးသူ အယောက် ငါးထောင်လောက် ရှိခဲ့ပြီး စစ်အသုံးစရိတ် ယန်းပေါင်း ကိုးရာမီလျံလောက် ကုန်ကျခဲ့ပါတယ်။

Taisho ခေတ်အတွင်းမှာ ဂျပန်နိုင်ငံကို ဒီမိုကရေစီ အသွင်ပြောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၂၆ မှာတော့ Taisho ဧကရာဇ် နတ်ရွာစံသွားခဲ့ပါတယ်။


Ref: Wikipedia

Comments

Popular posts from this blog

Lookism