သုံးနိုင်ငံခေတ် (၇၂)
အခန်း (၇၂) "ကျူးကဲလျန့်"(Zhuge Liang) ၏ဉာဏ်ဖြင့် ဟန်ကျုံးကိုသိမ်းခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ရှဲ့တောင်ကြားသို့ တပ်ဆုတ်ခြင်း။ ကန့်ကွက်မှုများကြားမှ "ရွှီဟွမ်"(Xu Huang) သည် မြစ်ကိုဖြတ်ကာ စခန်းချလေသည်။ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ကျောက်ယွင်"(Zhao Yun) တို့အား ရန်သူတို့နှင့်ရင်ဆိုင်ရန် ခွင့်ပြုပေးလိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) မှ "ရွှီဟွမ်(Xu Huang) က ဒီလိုလာတယ်ဆိုတော့ တော်တော်အတင့်ရဲတာပဲ။ ကျုပ်တို့တွေ သူ့ရဲမက်တွေပင်ပန်းတဲ့အထိစောင့်ပြီး ညနေကျမှ နှစ်ဖက်ကနေတိုက်ကြရအောင်" "ကျောက်ယွင်"(Zhao Yun) က သဘောတူလိုက်ပြီး တစ်ယောက်တစ်နေရာစီတွင် နေရာယူထားသည်။ "ရွှီဟွမ်"(Xu Huang) ရောက်လာကာ ရန်သူတို့ကိုစိန်ခေါ်သော်လည်း ရန်သူတို့မှာ ထွက်မလာပေ။ ထို့ကြောင့် "ရွှီဟွမ်"(Xu Huang) သည် သူ၏တပ်သားတို့အား ရန်သူ့စခန်းကို မြားနှင့်လှမ်းပစ်ရန်အမိန့်ပေးသည်။ "ဟွမ်ကျုံး"(Huang Zhong) မှ "ဒါ သူတပ်ဆုတ်ချင်လို့လုပ်တာဖြစ်မယ်။ အခုအချိန်က သူ့ကိုတိုက်ရမဲ့အချိန်ပဲ" ထိုအချိန်တွင် ...