သုံးနိုင်ငံခေတ်(၈၃)
အခန်း(၈၃) ရှောင်းထင်တွင်တိုက်ခိုက်ပြီးနောက် ပထမဧကရာဇ်သည် ရန်သူတစ်ဦးကိုဖမ်းမိခြင်း။ လျှိုမြောင်သုံးခုကိုကာကွယ်ကာ စာသင်သားသည် အမြင့်ဆုံးကွပ်ကဲမှုကိုယူခဲ့ခြင်း။ ကျန်းဝူနှစ်ဒုတိယနှစ် (အေဒီ ၂၂၁) နွေဦးကာလ ပထမဆုံးလ-- ပထမဧကရာဇ်စစ်ချီရာတွင် ဝါရင့်စစ်သူကြီး "ဟွမ်ကျုံး"(Huang Zhong) လည်း ပါဝင်ခဲ့သည်။ သူ၏သခင်မှ အိုမင်းပြီးမစွမ်းဆောင်နိုင်တော့သောအမှုထမ်းများအကြောင်းပြောသည်ကိုကြားပြီးနောက် သူသည်ဓားကိုကိုင်ပြီး သူ၏ယုံကြည်ရသောလက်အောက်ငယ်သားအချို့နှင့်အတူ ယီလင်စခန်းသို့သွားခဲ့သည်။ ထိုနေရာတွင်တာဝန်ကျသော စစ်သူကြီး "ဝူပန်"(Wu Ban) မှကြိုဆိုပြီး "ဝါရင့်စစ်သူကြီးက ဘာလို့ဒီကိုရောက်လာတာလဲ?" "ကျုပ် ဧကရာဇ်ချန်ဆားမြို့ကထွက်ခွာစဉ်ကတည်းက သူ့နောက်ကိုလိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အခုကျုပ်အသက်က ၇၀ ကျော်ပေမယ့် အသားဆယ်ပေါင်လောက်ကိုစားနိုင်သောက်နိုင်ပြီး လေးလံလှတဲ့လေးကိုဆွဲနိုင်သေးတယ်။ ဒါ့အပြင် မမောမပန်းပဲ မိုင်ငါးရာခရီးကိုသွားနိုင်တယ်၊ ကျုပ်က အင်အားမယုတ်လျော့သေးဘူး။ ဒါပေမယ့် ကျုပ်သခင်က အသက်ကြီးပြီးမလုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်တွေအကြောင်းပြောတော့ ကျုပ်က ဝူနဲ့တိုက်ဖို...