သုံးနိုင်ငံခေတ်(၃၉)
အခန်း(၃၉) ကျင်ကျိုးဝယ် "လျူပြောင်း"(Liu Biao) ၏သားမှ အကြံဉာဏ်သုံးကြိမ်လာတောင်းခြင်း။ စစ်ဗျူဟာရှင်၏ပထမဆုံးတိုက်ပွဲ - ပေါ်ဝမ်ကုန်းမြေမြင့်တိုက်ပွဲ "စွန်းချွမ်"(Sun Quan) ရှခိုကိုတိုက်သောအခါ "ဟွမ်ကျူ"(Huang Zu) သည် မခုခံနိုင်မှန်းသိသဖြင့် ကျန်းရှာကိုစွန့်ပြီး ကျင်ကျိုးသို့ပြေးရန်ပြင်သည်။ ၎င်းကိုကြိုသိသော "ကန်းနင်"(Gan Ning) မှ ကျန်းရှာ၏အရှေ့ဂိတ်ဘက်တွင်စောင့်ကာ ခြုံခိုတိုက်လေသည်။ ထိုအခါ "ဟွမ်ကျူ"(Huang Zu) မှ "ငါ မင်းကိုကောင်းကောင်းဆက်ဆံခဲ့တာ ဘာလို့ငါ့ကိုအခက်အခဲဖြစ်အောင်လုပ်ရတာလဲ" ဟု ပြောလေသည်။ "ကန်းနင်"(Gan Ning) မှ ဒေါသဖြင့် "ကျုပ်က ကောင်းကောင်းအမှုထမ်းခဲ့တာ၊ ခင်ဗျားက ကျုပ်ကိုပင်လယ်ဓားပြလိုဆက်ဆံခဲ့တယ်။ ဒါကို ဘာပြောမလဲ" ဟု အော်ပြောလေသည်။ "ဟွမ်ကျူ"(Huang Zu) သည် မြင်းကိုပြန်လှည့်ပြီးထွက်ပြေးရန်ပြင်သည်။ "ကန်းနင်"(Gan Ning) သည် အနောက်ဘက်မှလိုက်လေသည်။ ထို့အပြင် စစ်သူကြီး "ချန်ဖူ"(Cheng Pu) ၏စစ်တပ်သည်လည်းရောက်လာသည်။ ထို့နောက် "ကန်းနင်"(Gan Ning) သည် မြားဖြင့်လှမ်းပစ်ရာ ...