Posts

Yuri on Ice MM Sub

Image
Total Episode: 12 Gener: Comedy, Sport Premiered: Fall 2016 Rating: PG-13 Ep 1 Ep 2 Ep 3 Ep 4 Ep 5 Ep 6   Ep 7 Ep 8

သုံးနိုင်ငံခေတ်(၅၃)

Image
အခန်း(၅၃) "ကွမ်းယွီ"(Guan Yu) မှ "ဟွမ်ကျုံး"(Huang Zhong) ကို လွှတ်ပေးလိုက်ခြင်း။ "စွန်းချွမ်"(Sun Quan) နှင့် "ကျန်းလျောင်"(Zhang Liao) တို့ တိုက်ခိုက်ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) ထံမှတောင်းဆိုသည့်အရာမှာ စစ်ပွဲအောင်နိုင်ရန်လုပ်ဆောင်မည်ဟုကတိကဝတ်ပြုခိုင်းစေခြင်းပင်ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျောက်ယွင်(Zhao Yun) က စစ်ထွက်မတိုက်ခင်မှာ သူစစ်ပွဲမှာနိုင်စေ့မယ်လို့ကတိပြုတဲ့စာရေးခဲ့တယ်။ ခင်ဗျားလည်း ဝူလင်ကိုတိုက်ရင် သူ့လိုပဲ ကတိပြုတဲ့စာရေးရမယ်။ ပြီးရင်တော့ စစ်တိုက်လို့ရပါပြီ" ဟုပြောလေသည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) သည်လည်း ဝမ်းသာစွာဖြင့် ကတိပြုစာရေးပြီးစစ်သားသုံးထောင်နှင့် ဝူလင်သို့ချီတက်လေသည်။ ဝူလင်မြို့စား "ကျင်းရွှမ်"(Jin Xuan) သည် ရန်သူတို့ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် စစ်သား၊ အမှုထမ်းတို့ကိုစုဝေးကာ မြို့အပြင်သို့ထွက်ပြီး ရန်သူတို့ကိုခုခံရန်ပြင်သည်။ အတွင်းရေးမှူး "ကုံးကျီ"(Gong Zhi) က မင်းဆွေမင်းမျိုးနှင့်မဆန့်ကျင်သင့်ကြောင်း...

My Daoist Life(2)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၂) နိုးထလာခြင်း ချန်တောင်ကုန်းမြို့က ဘေးပတ်လည်မှာမြို့နယ်လေးတွေဝိုင်းနေတဲ့ မြို့ကြီးတစ်ခုပါ။ ဒါကြောင့် ဈေးတွေဖွင့်ဖို့မလိုအပ်ဘူး။ အဘိုးက ယွမ်တစ်ရာကျော်အကုန်ခံပြီး ကျွန်တော့်အတွက် အင်္ကျီအသစ်တွေဝယ်ပေးခဲ့တယ်။ ကျွန်တော့်အဖေနဲ့အမေပို့ပေးလိုက်တဲ့ နှစ်ကူးအတွက်သုံးဖို့ပိုက်ဆံထဲက တစ်ဝက်ကျော်လောက်ကုန်သွားခဲ့တယ်။ အဘိုးက သူကိုယ်တိုင် အလုပ်လုပ်ပြီး စုထားခဲ့တဲ့ငွေနဲ့ အသားတွေ၊ ငါးတွေဝယ်ခဲ့တယ်။ ခဏလေးစဉ်းစားပြီးနောက်မှာတော့ သူ မီးရှူးမီးပန်းတွေလည်း သွားဝယ်လိုက်တယ်။ အဘိုးက မီးပန်းတွေကို ကျွန်တော့်လက်ထဲထည့်လိုက်ပြီး ဝမ်းနည်းစွာနဲ့ "လူလေး၊ တခြားလူတွေက မင်းကိုလူတစ်ယောက်အနေနဲ့မဆက်ဆံရင်တောင်မှ မင်းဟာမင်းတိုးတက်အောင်လုပ်ဆောင်ရမယ်။ ကျန်းမာအောင်နေ" ဆိုပြီးပြောတယ်။ နှစ်သစ်ကူးအချိန်မှာဆိုရင် လမ်းတွေမှာ အမြဲတမ်းလူတွေနဲ့ပြည့်နေတယ်။ ဘာလို့လည်းဆိုတော့ လူတွေက နှစ်သစ်ကူးအတွက်ပြင်ဆင်ဖို့ဈေးဝယ်ထွက်ကြလို့ပါပဲ။ လမ်းတကာမှာ လူတွေချည်းပြည့်နေတော့ ကိုယ့်ရှေ့ကလမ်းကိုတောင် ကောင်းကောင်းမမြင်နိုင်ဘူး။ လူအုပ်တွေနဲ့ပြည့်ကြပ်ညှပ်နေပြီး ရှုပ်ထွေးဆူညံနေတဲ့လမ...

သုံးနိုင်ငံခေတ်(၅၂)

Image
အခန်း(၅၂) "ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆု"(Lu Su) ဆွေးနွေးညှိနှိုင်းခြင်း။ "ကျောက်ယွင်"(Zhao Yun) က ကွေ့ရန်ကိုသိမ်းယူခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏လုပ်ဆောင်မှုကြောင့် "ကျိုးယွီ"(Zhou Yu) မှာစိတ်ဆိုးပြီး ဒဏ်ရာဟောင်းပွင့်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီတွင်ပင် ပြန်သက်သာလာသောအခါ အမှုထမ်းတို့က လာရောက်ကြပြီး "ကျိုးယွီ"(Zhou Yu) ကိုဖြောင်းဖျကြသည်။ သို့သော်လည်း "ကျိုးယွီ"(Zhou Yu) က "အဲ့ကျူးကဲလျန့်(Zhuge Liang) သေမှသာလျှင် ကျုပ်ဒေါသကိုဖြေဆည်နိုင်မယ်။ ချန်ဖူ(Cheng Pu) သာ ကျုပ်ကိုကူပြီးနန်ကျွင်းကိုတိုက်မယ်ဆိုရင် ကျုပ် ဒီနယ်မြေကိုတောင်ပိုင်းနယ်အတွက်သိမ်းပိုက်နိုင်မယ်" ဟုပြောသည်။ ထိုအချိန်တွင် "လူဆု"(Lu Su) ဝင်လာရာ "ကျိုးယွီ"(Zhou Yu) မှ "ကျုပ် လျူဘေ့(Liu Bei) ၊ ကျူးကဲလျန့်(Zhuge Liang) တို့နဲ့စစ်တိုက်ပြီး ဘယ်သူသာလည်းဆိုတာ ဆုံးဖြတ်ရမယ်။ နောက်ပြီး မြို့တွေကိုလည်း ပြန်သိမ်းရမယ်။ ခင်ဗျား ကျုပ်ကိုကူညီပါ" ဟုပြောသည်။ သို့သော် "လူဆု"(Lu Su) က "ဒါ လုပ်လို့မဖြစ်...