Posts

သုံးနိုင်ငံခေတ်(၇၅)

Image
အခန်း(၇၅) "ကွမ်းယွီ"(Guan Yu) ၏အရိုးကို ခွဲစိတ်ကုသခြင်း။ "လွီမန်"(Lu Meng) သည် အဝတ်ဖြူဖြင့်မြစ်ကိုဖြတ်ခြင်း။ "ကွမ်းယွီ"(Guan Yu) သည် မြင်းပေါ်မှကျသွားသောအခါ "ချောင်ရန်"(Cao Ren) သည် တပ်ဖွဲ့တို့ကိုဦးဆောင်ပြီး "ကွမ်းယွီ"(Guan Yu) ကိုဖမ်းရန်ပြုသည်။ သို့သော်လည်း "ကွမ်းဖင်"(Guan Ping) မှာ သူ၏ဖခင်ကိုသယ်ဆောင်ပြီးတပ်ဆုတ်သွားလေသည်။ မြားကိုထုတ်လိုက်သော်လည်း မြားခေါင်းတွင်အဆိပ်ပါသည့်အပြင် ဒဏ်ရာမှာ အရိုးထဲထိရောက်နေပြီး ညာလက်တစ်ခုလုံးညိုမည်းကာ လှုပ်ရှား၍မရပေ။ ထိုအခါ "ကွမ်းဖင်"(Guan Ping) သည် အခြားသောခေါင်းဆောင်တို့နှင့်တိုင်ပင်လေသည်။ "လက်ရှိမှာ စစ်ဆက်တိုက်ဖို့က မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကျင်ကျိုးကိုဆုတ်ပြီး အဖေရဲ့ဒဏ်ရာကိုကုရမယ်" ထိုသို့ဆုံးဖြတ်ပြီးနောက် "ကွမ်းယွီ"(Guan Yu) ကို သွားတွေ့သည်။ "ဘာကြောင့် ရောက်လာကြတာလဲ" "စစ်သူကြီးက ဒဏ်ရာရနေတဲ့အတွက် တပ်ပြန်ဆုတ်ပြီး နောက်ပြန်ကောင်းသွားတဲ့အထိစောင့်သင့်ပါတယ်" "ကွမ်းယွီ"(Guan Yu) သည် ဒေါသတကြီးဖြင့်တုန့်ပြန်သည်။ ...

သုံးနိုင်ငံခေတ် (၇၄)

Image
အခန်း(၇၄) "ဖန်တဲ"(Pang De) သည် သူ၏အခေါင်းကိုသယ်သွားခြင်း။ "ကွမ်းယွီ"(Guan Yu) သည် တပ်ခုနစ်တပ်ကို ရေနစ်စေခြင်း။ ထိုရဲရင့်စွာပြောဆိုသောသူမှာ "ဖန်တဲ"(Pang De) ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုကဲ့သို့သောသူရှိသည်ကိုမြင်သောအခါ ဝမ်းသာလေ၏။ "ဒီကွမ်းယွီ(Guan Yu) က တအားနာမည်ကြီးပြီး တစ်နိုင်ငံလုံးမှာ သူ့ကိုယှဉ်နိုင်တဲ့လူမရှိဘူး။ အခု ခင်ဗျားသွားမယ်ဆိုတော့ သူ့ကိုအနိုင်ယူနိုင်မှာပါ" ထို့နောက် "ယွီကျင့်"(Yu Jin) ကို 'တောင်ပိုင်းကို ပြုပြင်သောစစ်သူကြီး' ဟူသောဘွဲ့ပေးပြီး "ဖန်တဲ"(Pang De) ကို 'အနောက်ပိုင်းကို ပြုပြင်သောစစ်သူကြီး' ဟူသောဘွဲ့ကိုပေးသည်။ ပြီးနောက် "ဖန်တဲ"(Pang De) ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်တာဝန်ယူစေပြီး စစ်သူကြီးနှစ်ဦးတို့သည် တပ်ခုနစ်တပ်ကို ဦးဆောင်လေသည်။ ထိုတပ်ခုနစ်တပ်သည် ကြံ့ခိုင်သော မြောက်ပိုင်းသားတို့ဖြင့်ဖွဲ့စည်းထားပြီး ၎င်းတပ်တို့ကို "တုန်းဟန်"(Dong Heng) နှင့် "တုန်းချောင်"(Dong Chao) တို့က ဦးဆောင်သည်။ သူတို့၏အထက်လူကြီးမှာ "ဖန်တဲ"(Pang ...

သုံးနိုင်ငံခေတ် (၇၃)

Image
အခန်း (၇၃) "လျူဘေ့"(Liu Bei) သည် ဟန်ကျုံးမင်းသားဖြစ်လာခြင်း။ "ကွမ်းယွီ"(Guan Yu) သည် ရှန်းရန်ကိုတိုက်ခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ရှဲ့တောင်ကြားသို့တပ်ဆုတ်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးကိုသိမ်းရန်ပြုသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) အလျင်အမြန်တပ်ဆုတ်သွားရန်အလို့ငှာ "မာချောင်း"(Ma Chao) ကိုလွှတ်ပြီး နှောင့်ယှက်စေသည်။ ထို့အပြင် "ချောင်ချောင်း"(Cao Cao) က ဒဏ်ရာရနေသောကြောင့် အလျင်အမြန်ချီတက်လေသည်။ ဝေတပ်မှာ ရန်သူတို့ဘေးနှစ်ဖက်မှတိုက်ခိုက်မှုကိုခံရသည့်အပြင် "မာချောင်း"(Ma Chao) ၏တပ်ကလည်းတိုက်သောကြောင့် တိုက်ခိုက်ရန် သတ္တိမရှိတော့ပဲ နေ့ရောညပါ မနားမနေဖြင့်ဆက်လက်ချီတက်လေ၏။ ကျင်းကျောက်သို့ရောက်သောအခါမှ အနားရလေသည်။ ဟန်ကျုံးကိုအောင်နိုင်ပြီးနောက် "လျူဘေ့"(Liu Bei) သည် "လျူဖုန်း"(Liu Feng) ၊ "မုန့်တာ"(Meng Da) နှင့် "ဝမ်ဖင်"(Wang Ping) တို့ကိုလွှတ်ပြီး ရှန်ယုံကိုသိမ်းစေသည်။ ထိုမြို့၏စစ်သူကြီး "ရှန်တန်"(Shen Dan) နှင့်အပေါင်းအပါတို...