Posts

Donate

Image
LazyASS need your help. Your beloved LazyASS is a community driven fan sub group. If you love our work and wish to keep ahead, help us by donation for hiring translators. We accept Wave Money , internet banking and mobile banking. Please scan this QR code to donate from Wave Money . For KBZPay users. For banking. (*You must have to send receipt to our page message box after transfer. It's optional.) KBZ  : 08230108200504101 MAB : 0260131026004428012 AYA  : 0073201010040163 For oversea donators. Donate

သုံးနိုင်ငံခေတ်(၇၈)

Image
အခန်း (၇၈) ခေါင်းကိုက်ဝေသနာကိုကုသရင်း နာမည်ကြီးသမားတော် အသက်ဆုံးခဲ့ခြင်း။ ပါးနပ်သောသူရဲကောင်းသည် နောက်ဆုံးစကားပြောပြီးနောက် လောကကြီးကိုကျောခိုင်းခဲ့ခြင်း။ ဟန်ကျုံးမင်းသား သတိပြန်ရလာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "သခင်ကြီးရဲ့ ဝမ်းနည်းမှုတွေကို ထိန်းချုပ်ထားပြီ။ သေခြင်း၊ရှင်ခြင်းဆိုတာ ကံကြမ္မာက အဆုံးအဖြတ်ပေးတာပဲ။ ကွမ်းယွီ(Guan Yu) က သူ့ရဲ့အလျင်စလိုနိုင်မှုနဲ့မာနကြီးမှုတို့ကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပြီး နောင်မှလက်စားချေဖို့လုပ်ပါ " "ကျုပ်တို့တွေ မက်မွန်ပန်းခြံမှာ သွေးသောက်ဖွဲ့ခဲ့တုန်းက သေအတူ၊ရှင်မကွာ ဆိုပြီး ကတိကဝတ်ပြုခဲ့ကြတယ်။ ကျုပ်ညီမရှိတော့တဲ့အချိန်မှာ ဘာစည်းစိမ်ချမ်းသာတွေ သွားခံစားနေဦးမလဲ" ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) ၏သား "ကွမ်းရှင်း"(Guan Xing) ရောက်လာပြီး ငိုလေသည်။ ထိုအခြင်းအရာကိုမြင်သောအခါ "လျူဘေ့(Liu Bei) လည်း ထပ်စိတ်မကောင်းဖြစ်ကာ လဲကျသွားသည်။ "လျူဘေ့"(Liu Bei) သည် သုံးရက်တိုင်တိုင်အစာမစားပေ။ အကြီးအကျယ်ငိုလေသောကြောင့် အဝတ်တို့မှာ မျက်ရည်တို့ဖြင့်ရွှ...

သုံးနိုင်ငံခေတ်(၇၇)

Image
အခန်း(၇၇) "ချောင်ချောင်း"(Cao Cao) သည် လော့ရန်တွင် ဝင်ပူးခံရခြင်း။ "ကွမ်းယွီ"(Guan Yu) သည် ကျောက်စိမ်းစမ်းချောင်းတောင်တွင် ထွက်ပေါ်ခြင်း။ "ကွမ်းယွီ(Guan Yu) က တပ်သားနည်းနည်းပဲကျန်တဲ့အတွက် လမ်းမကြီးဘက်ကနေချီတက်မှာမဟုတ်ဘူး။ မိုက်ချန်မြောက်ဘက်က အန္တရာယ်များတယ်။ သူက အဲ့ကထွက်ပြေးဖို့ကြိုးစားလိမ့်မယ်။ ဒါကြောင့် မြို့ကနေ ခုနစ်မိုင်အကွာမှာ ကင်းပုန်းစောင့်နေပါ၊ ဒါပေမယ့် သူ့ကိုမရပ်တန့်စေပဲ ဆက်သွားခိုင်းပြီး သူ့တပ်နောက်ပိုင်းကိုတိုက်နေပါ။ ဒါဆို သူ လင်ကျွီကိုသွားရလိမ့်မယ်။ အဲ့နေရာမှာ နောက်ထပ်တပ်တွေချထားရင် ရန်သူကိုဖမ်းနိုင်ပြီ။ လက်ရှိမှာတော့ မြို့ကို လေးဘက်စလုံးက အပြင်းအထန်တိုက်ပြီး မြောက်ဘက်ဂိတ်ကိုတော့ သူထွက်ပြေးနိုင်အောင် လုပ်ပေးထားပါ" ထိုအစီအစဉ်ကို မရွက်ဆောင်မီတွင် "စွန်းချွမ်"(Sun Quan) က "လုဖန်"(Lu Fan) အား တွက်ချက်စေသည်။ "ရန်သူက အနောက်မြောက်ပိုင်းကိုပြေးပါလိမ့်မယ်၊ ဒါပေမယ့် နောက်ရက် ညသန်းခေါင်မတိုင်ခင်မှာ သူ့ကိုဖမ်းမိလိမ့်မယ်" ထို့ကြောင့် "ကျူရန်"(Zhu Ren) ကို ပထမကင်းပုန်းအတွက် တာဝန်ပေးပြီး ဒုတိယကင်းပုန်းအတွက်ကိ...

သုံးနိုင်ငံခေတ်(၇၆)

Image
အခန်း(၇၆) "ရွှီဟွမ်"(Xu Huang) သည် မျန်မြစ်တွင်တိုက်ခိုက်ခြင်း။ "ကွမ်းယွီ"(Guan Yu) သည် မိုက်ချန်သို့တပ်ဆုတ်ခြင်း။ ကျင်ကျိုးမြို့ကျသွားပြီးနောက် "မီဖန်"(Mi Fang) သည် ဘာလုပ်ရမည်ကိုဝေခွဲရခက်နေလေသည်။ ထိုအချိန်တွင်ပင် သူ၏လုပ်ဖော်ကိုင်ဘက်ဟောင်း "ဖူရှီရန်"(Fu Shiren) ရောက်လာရာ ဝင်ခွင့်ပေးလိုက်သည်။ "ဖူရှီရန်"(Fu Shiren) သည် သူလာရခြင်းအကြောင်းအရင်းကို တည့်တိုးပင် ပြောလိုက်သည်။ "ကျွန်တော်က သစ္စာရှိပါတယ်၊ ဒါပေမယ့် အခက်အခဲ၊အကြပ်အတည်းတွေကြောင့် မတတ်သာလို့လက်နက်ချခဲ့ရတယ်။ ဒါကြောင့် ခင်ဗျားလည်းဒီလိုလုပ်သင့်တယ်" "ခင်ဗျားရော၊ ကျုပ်ရောက ဟန်ကျုံးမင်းသားကျွေးတဲ့ထမင်းကို စားလာခဲ့တာမဟုတ်လား။ ခင်ဗျားဒီလိုလုပ်တာကို နားမလည်နိုင်ဘူး" "ကွမ်းယွီ(Guan Yu) က ကျုပ်တို့နှစ်ယောက်လုံးကိုမုန်းတယ်။ သူစစ်အောင်နိုင်ပြီးပြန်လာရင်တောင် ကျုပ်တို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး၊ ဒါကိုသေချာတွေးစေချင်တယ်" "ကျုပ်နဲ့ ကျုပ်အစ်ကိုဟာ မင်းသားနောက်လိုက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒီလိုမျိုးလုပ်ဖို့ မသင့်တော်ဘူး" "မီဖန်"(Mi ...