သုံးနိုင်ငံခေတ်(၈၄)
အခန်း(၈၄) "လုရွှင့်"(Lu Xun) သည် တပ်စခန်းတို့ကို မီးရှို့ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရှစ်ပေါက်ဝင်္ကပါကိုဖန်တီးခြင်း။ "လုရွှင့်"(Lu Xun) သည် ရန်သူတို့၏လှုပ်ရှားမှုကိုကြားသောအခါ အမြင့်တစ်ခုမှနေပြီးသွားကြည့်ရာ အသုံးဝင်ပုံမရသော ရှူတပ်သားတစ်သောင်းကိုမြင်ရလေသည်။ ထိုတပ်၏အလံတွင် ရှေ့ပြေးတပ်ခေါင်းဆောင် "ဟူပန်"(Hu Ban) ဆိုသောအမည်ကိုရေးထားသည်။ "ကျိုးထိုက်"(Zhou Tai) မှ "သူတို့တွေက ကလေးသာသာပဲရှိတယ်၊ ကျွန်တော်နဲ့ စစ်သူကြီးဟန်တန်(Han Dang) ကိုတိုက်ခွင့်ပေးပါ။ သူတို့ကိုအနိုင်ယူဖို့အာမခံပါတယ်" စစ်သေနာပတိက မည်သို့မျှပြောခြင်းမရှိပဲ ဆက်လက်ကြည့်ရှုနေခဲ့သည်။ ပြီးနောက်တွင်မှ "အဲ့နားမှာ တိုက်ခိုက်လိုစိတ်အငွေ့အသက်တွေရှိနေတယ်။ အရှေ့မှာရှိနေတဲ့တပ်သားတွေက လာဟပ်ဖို့စောင့်နေတဲ့ငါးစာပဲ။ ဒါကြောင့် ထွက်ပြီးမတိုက်ပါနဲ့" ထိုစကားကိုကြားသောအခါ သေနာပတိသည် အရည်အချင်းမရှိဟူ၍သာ မှတ်ယူကြသည်။ နောက်ရက်တွင် "ဟူပန်"(Hu Ban) ၏တပ်သားတို့သည် အနီးသို့ကပ်လာပြီး တိုက်ခိုက်ရန်စိန်ခေါ်သည်။ သူတို့သည် လက်နက်တို့ကိုဆော့ကစားနေခဲ့ပြီး သံချပ်က...