Posts

သုံးနိုင်ငံခေတ်(၉၄)

Image
အခန်း(၉၄) နှင်းမုန်တိုင်းကြားဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ချန်းမျိုးနွယ်စုတို့ကိုအနိုင်ယူခဲ့ခြင်း။ "စီးမာယီ"(Sima Yi) သည် "မုန့်တာ"(Meng Da) ကို လျင်မြန်စွာဖမ်းဆီးခြင်း။ ရှူတပ်ကြီးကိုနှိမ်နှင်းရန်အတွက် "ကောဟွိုင်"(Guo Huai) ပြောသည့်အကြံမှာ အောက်မှာအတိုင်းဖြစ်သည်။ "ချန်းမျိုးနွယ်စုတွေက ဝေပြည်တည်ထောင်သူလက်ထက်ကတည်းက ပုံမှန်လက်ဆောင်ပဏ္ဏာတွေပေးလာခဲ့တာ။ ဖီဧကရာဇ်ကလည်း သူတို့အပေါ် ကောင်းမွန်စွာဆက်ဆံခဲ့တယ်။ ဒီတော့ သူတို့ဆီသံတမန်လွှတ်ပြီး ကောင်းကောင်းပြောဆိုပြီးတော့ ရှူတပ်တွေကိုတိုက်ခိုင်းရမယ်။ တချိန်တည်းမှာပဲ ကျုပ်တို့က တခြားတဖက်ကနေတိုက်မယ်ဆိုရင် အောင်မြင်မှုအကြီးအကျယ်မရပဲ ဘယ်ရှိပါ့မလဲ" ထို့ကြောင့် ချန်းမျိုးနွယ်စုထံသို့သံတမန်စေလွှတ်ခဲ့သည်။ အနောက်ချန်းမျိုးနွယ်စုဘုရင်နာမည်မှာ "ချဲ့လီကျိ"(Cheli Ji) ဖြစ်ပြီး "ချောင်ချောင်း"(Cao Cao) လက်ထက်မှစပြီး လက်ဆောင်ပဏ္ဏာများပေးခဲ့သူဖြစ်သည်။ သူ့လက်အောက်တွင် ဝန်ကြီးနှစ်ဦးရှိပြီး တစ်ဦးမှာ ပြည်တွင်းရေးဖြစ်ကာ ကျန်တစ်ဦးမှာ စစ်မက်ရေးရာကိုတာဝန်ယူသူဖြစ်သည်။ သူတို့မှာ ဝန်ကြီးချုပ် ...

သုံးနိုင်ငံခေတ်(၉၃)

Image
အခန်း (၉၃) "ကျန်းဝေ"(Jiang Wei) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏ကြိမ်းမောင်းအပြစ်တင်မှုကြောင့် "ဝမ်လန်"(Wang Lang) သေဆုံးရခြင်း။ "ကျန်းဝေ"(Jiang Wei) မှ မည်သို့ခုခံရမည်ကိုပြောလေသည်။ "ကျူးကဲလျန့်(Zhuge Liang) က မြို့အနောက်ဘက်မှာ ကင်းပုန်းချထားလိမ့်မယ်၊ ပြီးရင် ကျွန်တော်တို့တပ်တွေအဲ့ကိုသွားအောင် လုပ်ပြီးတော့ မြို့ကိုကာကွယ်မှုတွေမရှိတဲ့အချိန်မှာ သိမ်းလိမ့်မယ်။ အခု ကျွန်တော့ကို တပ်သားသုံးထောင်ပေးပါ၊ ကျွန်တော် ဗျူဟာမြောက်တဲ့နေရာမှာ ကင်းပုန်းချထားပါမယ်။ မြို့စားက တပ်ဖွဲ့တွေချီတက်ပြီးသွားပါ၊ ဒါပေမယ့် ဆယ်မိုင်ထက်ပိုပြီး မသွားပါနဲ့။ ဒါ့အပြင် အချက်ပြတာကို သတိထားပါ၊ တစ်ကြိမ်အချက်ပြရင် တိုက်ခိုက်ပြီးတော့ နှစ်ကြိမ်အချက်ပြရင်တော့ နှစ်ဖက်လုံးတိုက်ပါမယ်။ ကျူးကဲလျန့်(Zhuge Liang) ကိုယ်တိုင်ရောက်လာရင်တော့ သူ့ကိုပါဖမ်းဆီးကြမယ်" မြို့စားသည် ထိုအကြံကိုလုပ်ခံကာ "ကျန်းဝေ"(Jiang Wei) အား လိုအပ်သောတပ်သားများပေးအပ်ခဲ့ပြီး "ကျန်းဝေ"(Jiang Wei) သည် ချက်ချင်းချီတက်လေသည်။ "မာကျွန်း...

သုံးနိုင်ငံခေတ်(၉၂)

Image
အခန်း (၉၂) "ကျောက်ယွင်"(Zhao Yun) သည် စစ်သူကြီးငါးဦးကိုသတ်ခဲ့ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့သုံးမြို့ကိုသိမ်းခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏ တပ်သည် မြောက်ဘက်သို့စစ်ချီခဲ့ရာ "မာချောင်း"(Ma Chao) ၏အုတ်ဂူရှိသည့်မြန်ရန်သို့ရောက်လာသည်။ သေဆုံးသွားသော ကျားစစ်သူကြီးကိုအမှတ်ရသည့်အနေဖြင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ပူဇော်ပသကာ ထိုပူဇော်ပွဲတွင် "မာချောင်း"(Ma Chao) ၏ညီဝမ်းကွဲဖြစ်သော "မာတိုက်"(Ma Dai) ကိုဦးဆောင်စေသည်။ ထိုသို့ပြုလုပ်ပြီးသော် စစ်သေနာပတိသည် သူ၏အစီအစဉ်များကိုတိုင်ပင်နေစဉ် သူလျှိုတို့ထံမှသတင်းရောက်လာသည်။ "ဝေဧကရာဇ် ချောင်ရေ့(Cao Rui) ဟာ အနောက်ဘက်နယ်ကတပ်တွေကို ရှဟိုမောက်(Xiahou Mao) လက်ထဲအပ်လိုက်တယ်" ထိုအခါ "ဝေရန်"(Wei Yan) မှရှေ့ထွက်ပြီး အကြံပြုသည်။ "ရှဟိုမောက်(Xiahou Mao) က ချမ်းသာကြွယ်ဝတဲ့မိသားစုကလာတာဆိုတော့ ပျော့ညံ့ပြီးနုံအတယ်။ ကျွန်တော့ကို တပ်သားငါးထောင်ပေးပါ။ ကျွန်တော် ပေါက်ကျုံးကနေ အရှေ့ဘက် ချင်လင်တောင်၊ ပြီးတော့ ကျီဝူလျှိုမြောင်ကိုသွားပြီး မြောက်ဘက်က...