သုံးနိုင်ငံခေတ်(၁၀၁)
အခန်း (၁၀၁) လုံရှန်းမှထွက်ကာ "ကျူးကဲလျန့်"(Zhuge Liang) သည် နတ်ဘုရားကဲ့သို့ ဝတ်ဆင်ခဲ့ခြင်း။ ကျန့်မန်ခံတပ်သို့အလျင်အမြန်သွားသော "ကျန်းဟဲ"(Zhang He) သည် ထောင်ဖမ်းခံရခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏တပ်တို့ကိုဦးဆောင်ပြီး ဟန်ကျုံးသို့ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကာ "စီးမာယီ"(Sima Yi) သည်လည်း ချန်အန်းသို့ပြန်လှည့်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အောင်မြင်မှုအတွက် ဆုလာဘ်များခွဲဝေပြီးနောက် မြို့တော်ချန်တူးသို့သွားကာ ဧကရာဇ်ရှေ့တော်မှောက်သို့သွားသည်။ "ကျွန်တော်မျိုးက ချန်အန်းကိုတိုက်မယ့်အချိန်မှာ အရှင်မင်းကြီးက ဘာအရေးကြီးကိစ္စများရှိလို့ ခေါ်ရတာလဲ" ဝန်ကြီးချုပ်မှမေးခဲ့သည်။ ဒုတိယဧကရာဇ်သည် အချိန်ကြာမြင့်စွာ မည်သို့မျှမပြောပဲ "ကျုပ်က ဝန်ကြီးချုပ်ရဲ့မျက်နှာကို မမြင်တာကြာလို့တွေ့ချင်လို့ပါ။ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး" "ကျွန်တော်မျိုးအထင်ကတော့ ဒီလိုပြန်ခေါ်တာဟာ အရှင်မင်းကြီးကိုယ်တိုင်ဆုံးဖြတ်တာမဟုတ်ပဲ မကောင်းတဲ့လူတစ်စုက ကျွန်တော်မျိုးမဟုတ်တာကြံနေပြီဆိုပြီး ချောက်တွန်းလို့ဖြစ်မယ်ထင်ပါတယ်။ ဒုတိယဧက...