Posts

သုံးနိုင်ငံခေတ်(၁၀၅)

Image
အခန်း(၁၀၅) ဝူရှန်သခင်သည် ပိုးထည်အိတ်ထဲတွင် အစီအစဉ်ကိုထားခဲ့ခြင်း။ ဝေဧကရာဇ်သည် နှင်းရေခွက်ကိုင်ဆောင်သော ကြေးနီရုပ်တုကို ရွှေ့စေခြင်း။ ကင်းထောက်တို့ပြန်လာသောအခါဝယ် ထိုလမ်းပိတ်ထားသောအဖွဲ့မှာ "ဝေရန်"(Wei Yan) ဦးဆောင်သည့်ရှူတပ်ဖြစ်ကြောင်းသိရသည်။ "ဝေရန်"(Wei Yan) သည် သစ်သားလမ်းကိုမီးရှို့ကာ လမ်းပိတ်ထားခြင်းဖြစ်သည်။ "ရန်ယီ"(Yang Yi) မှ "ဝန်ကြီးချုပ်မကွယ်လွန်ခင်တုန်းကတော့ ဒီလူက သစ္စာဖောက်လိမ့်မယ်လို့ပြောခဲ့တယ်။ သူ့ကိုဒီမှာလာတွေ့ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။ အခု လမ်းပိတ်ထားတယ်ဆိုတော့ဘယ်လိုလုပ်မလဲ" "ဖေးယီ"(Fei Yi) : "သူက ကျုပ်တို့တွေသစ္စာဖောက်သွားတယ်လို့ ဧကရာဇ်ထံလိမ်ဆည်ပြီး သတင်းပို့လိုက်တဲ့ပုံပဲ။ ဒါကြောင့် ကျုပ်တို့တွေရှေ့ဆက်မသွားနိုင်အောင် လမ်းတွေကိုဖျက်စီးလိုက်တာဖြစ်မယ်။ ကျုပ်တို့တွေ ဧကရာဇ်ထံ အမှန်တရားကိုလျှောက်တင်ပြီးတော့ သူ့ကိုအနိုင်တိုက်ရမယ်" "ကျန်းဝေ"(Jiang Wei) : "ဒီပိတ်ထားတဲ့လမ်းကိုပတ်ပြီးသွားနိုင်မယ့် နောက်ထပ်လမ်းတစ်လမ်းကို ကျွန်တော်သိပါတယ်။ အဲ့လမ်းက မတ်စောက်ပြီးအန္တရာယ်များပေမယ့် လိုရာခရီးကိုရောက်...

သုံးနိုင်ငံခေတ်(၁၀၄)

Image
အခန်း(၁၀၄) ကြွေသွားခဲ့သောကြယ်တစ်ပွင့် - ဝန်ကြီးချုပ်သည် ကောင်းကင်သို့တက်ခြင်း။ သစ်သားရုပ်တစ်ရုပ် - စစ်သေနာပတိ ကြောက်လန့်သွားခဲ့ခြင်း။   "ကျူးကဲလျန့်"(Zhuge Liang) ၏ဟန့်တားမှုကြောင့် "ဝေရန်"(Wei Yan) သည် ဓားဖြင့် အခုတ်မခံခဲ့ရပေ။ "ဒါ ကျုပ်ရဲ့ကြမ္မာပဲ။ သူ့အပြစ်မဟုတ်ဘူး" "ကျန်းဝေ"(Jiang Wei) က ဓားကိုပြန်ရုတ်သိမ်းလိုက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် နွမ်းနယ်စွာဖြင့် ညောင်စောင်းပေါ်တွင်ထိုင်ခဲ့သည်။ "စီးမာယီ(Sima Yi) က ကျုပ်သေပြီလို့တွက်ပြီး သေချာအောင် တပ်တချို့လွှတ်ပြီးစုံစမ်းစေမှာပဲ။ သွားပြီးတော့ သူတို့တွေကိုမောင်းထုတ်လိုက်ပါ" "ဝေရန်"(Wei Yan) သည် ထွက်သွားပြီး လူအနည်းငယ်နှင့်အတူ ဝေတပ်တို့ကိုတိုက်ထုတ်လေရာ ဝေတပ်တို့လည်း ထွက်ပြေးသွားခဲ့သည်။ ရန်သူတို့နောက်ကို ခုနစ်မိုင်ကျော်လိုက်ပြီးနောက် ပြန်လာခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) အား သတိဖြင့်စောင့်ကြည့်ရန်မှာကြားကာ သူ့စခန်းသို့ပြန်သွားစေခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် ပြန်ဝင်လာပြီး လူနာ၏ကုတင်ပေါ်သို့သွားကာ အ...

သုံးနိုင်ငံခေတ်(၁၀၃)

Image
အခန်း(၁၀၃) ဘူးသီးတောင်ကြားတွင် "စီးမာယီ"(Sima Yi) ပိတ်မိသွားခြင်း။ ဝူကျန်းတောင်ကုန်းပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ကြယ်တာရာတို့ကိုတိုင်တည်ခြင်း။ စစ်ရှုံးသွားခဲ့သော "စီးမာယီ"(Sima Yi) သည် လှံတစ်ချောင်း၊ မြင်းတစ်ကောင်နှင့်အတူ ထွက်ပြေးခဲ့ရသည်။ အဝေးတွင် ထူထပ်သောတောအုပ်ကိုမြင်သောအခါ အနားယူရန် သွားခဲ့သည်။ "ကျန်းယီ"(Zhang Yi) သည် အနောက်ပိုင်းတပ်မကြီးကို ရပ်နားခဲ့ပြီး "လျောင်ဟွာ"(Liao Hua) သည် တောအုပ်ဘက်သို့ထွက်ပြေးသွားသောရန်သူထံသို့ ဆက်လိုက်ခဲ့သည်။ "စီးမာယီ"(Sima Yi) သည် ရန်သူတို့နောက်မှလိုက်လာသောအခါ သူ၏အသက်ဘေးကိုစိုးရိမ်သဖြင့် သစ်ပင်တစ်ပင်မှတစ်ပင်သို့ ပြေးခဲ့ရလေသည်။ တစ်ကြိမ်တွင် "လျောင်ဟွာ"(Liao Hua) သည် ရန်သူအား လှမ်းခုတ်နိုင်သည့်အကွာအဝေးခန့်ရောက်လာခဲ့ရာ ဓားဖြင့်လှမ်းခုတ်လိုက်သော်လည်း လွဲသွားပြီး သစ်ပင်ကိုသာခုတ်မိသွားသည်။ "လျောင်ဟွာ"(Liao Hua) သည် သူ၏ဓားကိုပြန်နှုတ်နေစဉ်တွင် "စီးမာယီ"(Sima Yi) သည် ထွက်ပြေးသွားခဲ့သည်။ "လျောင်ဟွာ"(Liao Hua) သည် ကွင်းပြင်ဘက်ကိုရောက်လာသောအခါ မည်...