Durarara!



Anime Name: Durarara!
Genre: Action, Mystery, Supernatural
Length: Television series, 24 episodes, 24 minutes each

ဒီ anime ကတော့ Tokyo ရဲ့ မြို့လယ်ခေါင် ဖြစ်တဲ့  Ikebukuro မှာ ဖြစ်ပျက်တာလေးတွေကို ပြထားတဲ့ anime ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ တခြား anime တွေလို protagonist ကို အဓိက ပြတာ မဟုတ်ပဲ character တစ်ယောက် အလိုက်၊ အဖြစ်အပျက်တစ်ခု စီ အလိုက် ပြထားတဲ့ anime ဖြစ်ပါတယ်။ Anime ရဲ့ အစမှာတော့ မြို့ပြဘဝရဲ့ စိတ်လှုပ်ရှားမှုကို လိုချင်တဲ့ Ryugamine Mikado က သူ့ ငယ်သူငယ်ချင်း ရဲ့ ဖိတ်ခေါ်မှုနဲ့ Tokyo ကို ပြောင်းလာတာ ကို ပြထားပါတယ်။
ဆက်ပြောရင် spoiler ဖြစ်သွားမှာ စိုးလို့ မပြောတော့ပါဘူး
:P

Characters

Ryugamine Mikado

သူကတော့ ဒီ anime ရဲ့ main male protagonist ဖြစ်ပါတယ်။ Episode 1 မှာ တောကတက်လာတဲ့ ကောင်ပေါ့
:P

Masaomi Kida

Mikado ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး Mikado ကို Tokyo လာဖို့ ဖိတ်ခေါ်ခဲ့သူလဲ ဖြစ်ပါတယ်။

Anri Sonohara

သူကတော့ Kida, Mikado တို့နဲ့ တစ်ကျောင်းထဲ ဖြစ်ပြီး class representative လဲ ဖြစ်ပါတယ်။

Celty Sturluson

သူကတော့ Black Rider/ Headless Rider ဆိုပြီး ကောလဟာလတွေ ဖြစ်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး Ireland ကနေ ရောက်နေတာ ဖြစ်ပါတယ်။

Izaya Orihara

သူကတော့ သတင်း ပွဲစား (သတင်း ရောင်းစားတဲ့လူ) ဖြစ်ပါတယ်။  Ikebukuro မှာ ဖြစ်ပျက်နေတာ တော်တော်များများဟာ သူ့ ပယောဂ မကင်းဘူးလို့ ဆိုပါတယ်။

Shizuo Heiwajima

သူကတော့ Ikebukuro မှာ အစွမ်းထက်ဆုံးဆိုပြီး နာမည်ကြီးသူ ဖြစ်ပြီး Izaya နဲ့ ရန်သူတွေလဲ ဖြစ်ပါတယ်။

Rates

Story (7/10)
Story အရ ပြောရင်တော့ တော်တော်လေး စွဲဆောင်မှု ရှိပါတယ်။ Ryohgo Narita ရဲ့ Light Novel ကို အခြေခံ ထားတယ်လို့ ဆိုပါတယ်။ စစချင်းမှာတော့ ရှုပ်နေပေမဲ့ ဇာတ်ရည်လည်သွားပြီး နောက်မှာတော့ မကြည့်ပဲ မနေနိုင်အောင်ကို စွဲပါတယ်။

Animation (7/10)
မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။ Building တွေ main characters တွေရဲ့ animation က တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ တခြား character တွေကိုတော့ Blank/White ပဲ ထားတာ style လားလို့တော့ မပြောတတ် ပေမဲ့ animation ကို သိပ်တော့ မကြိုက်မိဘူး။

Sound (9/10)
ကောင်းပါတယ်။ Sound ကတော့။

Characters (8/10)
characters တွေက ကောင်းပါတယ်။ တော်တော်လဲ unique ဖြစ်ပါတယ်။

Overall (7/10)
ဘာပဲပြောပြော ဒီ anime က ကြည့်သင့်တဲ့ anime တစ်ခု ဖြစ်ပါတယ်။

Ref: http://www.themanime.org/viewreview.php?id=1415


Comments

Popular posts from this blog

Lookism