Shirohige


White Beard (အမည်ရင်း Edward Newgate) ဟာ White Beard Pirates တွေရဲ့ captain ဖြစ်ပြီး Gold D Roger သေပြီး နောက်ပိုင်းမှာ လောကမှာ အစွမ်းအထက်ဆုံး (世界最強の男 Sekai Saikyō no Otoko) လို့ သိကြတဲ့ pirate တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ New World မှာ လွှမ်းမိုးတဲ့ Four Emperors (Yonko) ထဲက တစ်ယောက်လဲ ဖြစ်ပါတယ်။

White Beard ရဲ့ skill တွေက တော့ Gura Gura no Mi Devil Fruit ကို စားထားတဲ့ Devil Fruit User တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ဖျက်ဆီးနိုင်မှုက Island Level လို့တောင် ဆိုပါတယ်။သူ့ skill နဲ့ စူနာမီ တွေ ဘာတွေတောင် ဖန်တီး နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် White Beard က Conqueror's Haki ဆိုတဲ့ လူအနည်းငယ်သာ သုံးနိုင်တဲ့ Haki ကိုသုံးတဲ့ Haki User လဲ ဖြစ်ပါတယ်။

စရိုက် အနေနဲ့ ပြောရရင်တော့ ပျော်ပျော်နေတတ်ပြီး ဘာမှ ဂရုမစိုက်တဲ့ စရိုက်ရှိတယ်လို့ထင်ရပေမဲ့ အချို့သော လုပ်ဆောင်မှုတွေ ကြည့်ရင် အမြော်အမြင် ကြီးတယ်ဆိုတာ သိသာပါတယ်။ (ဥပမာ Fishman Island ကို သူ့နယ်မြေဆိုပြီး ကြေညာ သလိုမျိုးပေါ့)
နောက်ပြီး White Beard က pirate ဖြစ်သော်ငြားလဲ အဖိုးတန် ရတနာ တွေ မမက်မောပဲ စွန့်စားမှုနဲ့ မိသာစုဆိုတာကိုပဲ မက်မောပြီး သူ့ crew တွေကိုလဲ သားလို သဘောထားသူ ဖြစ်ပါတယ်။ သူ့ crew ရဲ့ Second Division Commander ဖြစ်တဲ့ Ace အတွက်နဲ့ Admiral သုံးယောက်၊ Shichibukai(Seven Warlords) တွေ အပြင် လက်ရွေးစင်တပ်သား 100,000 ရှိတဲ့ Marineford ကို ဝင်တိုက်တယ် ဆိုတာ နည်းနည်းနောနော သတ္တိ မဟုတ်ဘူး။

ထိုကဲ့သို့ ကြမ်းတမ်းလှသော legendary pirate ကြီး White Beard သည် ဓားဒဏ်ရာ 267 ခု၊ သေနတ် ဒဏ်ရာ 152 ခု၊ အမြှောက်ဒဏ်ရာ 46 ခု နှင့် ဒဏ်ရာ စုစုပေါင်း 465 ခု ဖြင့် Battle of Marineford မှာ သေဆုံးခဲ့ပါတယ်။(ဒန်ဒန့်ဒန်) :P ကြောက်ပြီး ပြေးလို့ရတဲ့ နောက်ကျော ဒဏ်ရာ လုံးဝ မရှိပါဘူး။

White Beard ရဲ့ စကားတွေထဲက ကျနော် အကြိုက်ဆုံး စကား တစ်ခုက တော့
I am only one man with one heart...Call me a demon, call me a monster...but I can't be the strongest forever...!!!
"ငါဟာ နှလုံးသား တစ်ခုနဲ့ လူ တစ်ယောက်သာ ဖြစ်တယ်....ငါ့ကို မကောင်းဆိုးဝါးလို့ပဲ ခေါ်ခေါ်.....ကြောက်စရာကောင်းတဲ့သူလို့ပဲ ပြောပြော.....ငါဟာ အမြဲတမ်း အစွမ်းအထက်ဆုံး ဖြစ်မနေပါဘူး"

Personal View အနေနဲ့ ပြောရရင်တော့ One Piece မှာ White Beard ကို တော်တော် ကြိုက်ပါတယ်။ သူ့ skill တွေရော၊ personality ရော၊ status တွေပါ တော်တော် ကြိုက်ပါတယ်။ Gold D Roger လို Pirate King မဟုတ်ခဲ့ပေမဲ့လဲ One Piece မှာ ကျနော် အကြိုက်ဆုံး character ကို ပြောပါလို့ ဆိုရင် White Beard (Shirohige) လို့ ပြောမိမှာ ပါပဲ။
:D

Credit to : http://onepiece.wikia.com/wiki/Edward_Newgate

Comments

Popular posts from this blog

Lookism