Shinsengumi

1853 ခုနှစ်၊ ဂျပန်နိုင်ငံ တံခါးပိတ်ဝါဒ ဖျက်သိမ်းပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံတဲ့ အချိန်မှာ နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေးလာခဲ့တယ်။ ဂျပန်ဘုရင်ကို ထောက်ခံတဲ့ သူတွေဟာ Tokyo တစ်ဝိုက်မှာ ရာဇဝတ်မှုတွေ ကျူးလွန်လာတယ်။ ဒါကြောင့် Tokugawa အစိုးရဟာ 1863 မှာ ronin (အလုပ်လက်မဲ့ samurai) 234 ယောက်နဲ့ Roshigumi((浪士組) လို့ အမည်ရတဲ့ အဖွဲ့ကို ဖွဲ့ခဲ့တယ်။နောက်ပိုင်းမှာ Roshigumi အဖွဲ့ဟာ Edo ကို ပြန်သွားခဲ့ပြီး ကျန်ခဲ့တဲ့ တစ်ဆယ့်သုံး ယောက်နဲ့ နောက်ဝင်လာတဲ့ လူ ငါးယောက်ပေါင်းပြီး" အသစ် ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့" လို့ အဓိပ္ပာယ်ရတဲ့ "Shinsengumi" ကို ဖွဲ့ခဲ့တယ်။

ရှစ်ယောက်အဖွဲ့ ကိုဦးဆောင်တဲ့ Kondo Isami၊ နောက်ငါးယောက်အဖွဲ့ ကိုဦးဆောင်တဲ့ Serizawa Kamo၊ ကျန် ငါးယောက် အဖွဲ့ကို အမည်ခံသာ ခေါင်းဆောင်တဲ့ Niimi Nishiki တို့ သုံးယောက်ဟာ Shinsengumi ရဲ့ အဓိက  ခေါင်းဆောင် သုံးယောက် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ Niimi က အပြစ်ရှိတယ်ဆိုပြီး အပြစ်ဒဏ် အနေနဲ့ Seppuku(ကိုယ့်ကိုယ်ကို သတ်သေခြင်း) လုပ်ခဲ့ရပြီး Serizawa ကလဲ Hijikata Toshizo၊ Okita Soji နဲ့ Kondo ကို သစ္စာရှိတဲ့ အခြားနှစ်ယောက်တို့က ပေါင်းပြီး သတ်တာ ခံလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ Shinsengumi မှာ Kondo နဲ့ Hijikata ဟာ အာဏာ အပြည့်အဝ ရရှိလာတယ်။

Shogun ကို ထောက်ခံတဲ့ လူတွေနဲ့ ဘုရင်ကို ထောက်ခံတဲ့ လူတွေ နှစ်စုကွဲပြီး 1868 January မှာ Boshin စစ်ပွဲ(1868-1869) ဖြစ်လာခဲ့တယ်။ အဲ့ စစ်ပွဲ အတွင်းမှာ Todo၊ Hijikata အပြင် Shinsengumi အဖွဲ့ဝင် တစ်ရာ နီးပါး သေဆုံးခဲ့ပါတယ်။ Okita ဟာလဲ စစ်ပွဲ အတွင်းမှာပဲ Tuberculosis နဲ့ သေဆုံးခဲ့ပုံ ရပါတယ်။ နောက်ဆုံး ကျန်တဲ့ Shinsengumi ခေါင်းဆောင် ဖြစ်တဲ့ Soma Kazue ဟာ May 1869 မှာ လက်နက်ချခဲ့ပြီး Niijima ကျွန်းကို နယ်နှင်ဒဏ် ပေးခံခဲ့ရတယ်။

Shinsengumi ရဲ့  စည်းကမ်းတွေက တော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Do not betray the bushido creed (士道ニ背キ間敷事 ) (Samurai ရဲ့ လမ်းစဉ်ကို မချိုးဖောက်ပါနှင့်။)
Do not desert the troop (局ヲ脱スルヲ不許) (သစ္စာ မဖောက်ရ။)
Do not willfully obtain funds (勝手ニ金策致不可) (ရန်ပုံငွေ မယူရ။)
Do not willfully get involved in disputes (勝手ニ訴訟取扱不可) (အငြင်းအခုံ ကိစ္စ များတွင် မပါဝင်ရ။)
Do not engage in personal fights (私ノ闘争ヲ不許) (ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ရန် မဖြစ်ရ)
Personnel in breach of the fore-mentioned conditions will be ordered to undergo seppuku (右条々相背候者切腹申付ベク候也)
(အထက်ပါ အချက်များကို ချိုးဖောက်သူသည် seppuku လုပ်ရမည် ဖြစ်သည်။)

Shinsengumi ပါဝင်သော Anime အချို့

Rurouni Kenshin - ဒီ anime ကတော့ Meiji ခေတ် အစောပိုင်းကာလတွေကို ပြထားတဲ့ anime ပဲ ဖြစ်ပါတယ်။ အချို့သော episode တွေမှာ Shinsengumi အကြောင်း ပါ' ပါတယ်။


Gintama - သူကတော့ Shinsengumi ပါရုံသာ ပါတာပါပဲ။ comedy ဖြစ်တဲ့အပြင် parody ပါဖြစ်တဲ့ အတွက် သမိုင်းကြောင်းအတိုင်းတော့ မဟုတ်ပါဘူး (ဥပမာ- Shinsengumi ရဲ့ စည်းကမ်းတွေ မတူတာတို့၊ နာမည်တွေ နည်းနည်း လွှဲထားတာတို့ပေါ့)


Ref: http://wiki.samurai-archives.com/index.php?title=Shinsengumi

Comments

Popular posts from this blog

Lookism